Home သတင်း ကရင်လူငယ်များ ဦးဆောင်ပြီး (၇၅) နှစ်မြောက် ကရင့်အာဇာနည်နေ့ စုပေါင်းကျင်းပ

ကရင်လူငယ်များ ဦးဆောင်ပြီး (၇၅) နှစ်မြောက် ကရင့်အာဇာနည်နေ့ စုပေါင်းကျင်းပ

487

ဩဂုတ် ၁၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာ နယ်စပ်ရောက် ကရင်လူငယ်များ ဦးဆောင်ပြီး ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ (၇၅) နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ကို မဲဆောက်မြို့ တစ်နေရာ၌ စုပေါင်း ပြုလုပ်ခဲ့ကြသည်။

ကျဆုံးသွားသည့် ကရင်ခေါင်းဆောင်များ၊ လူထုများ နှင့် တော်လှန်ရေးအတွက် ဘဝ နှင့် ခန္ဓာ ပေးဆပ် သွားကြတော့ အခြားသော တိုင်းရင်းသားလူငယ်များကိုပါဂုဏ်ပြုသည့် အနေဖြင့် အခမ်းအနား ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟု ဦးဆောင် စီစဉ်သည့် ကရင်လူငယ်များက ပြောသည်။

အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး-KNU ခေါင်းဆောင်များ၊ နယ်စပ်အခြေစိုက် ကရင် လူငယ်ခေါင်းဆောင်များ၊ မဟာမိတ်တိုင်းရင်းသားလူငယ်ခေါင်းဆောင်များ၊ အဝေးရောက် နိုင်ငံရေး ပါတီ အင်အားစုများ စုစုပေါင်း လူဦးရေ ၂၀၀ နီးပါး ပါဝင်တက်ရောက်ခဲ့သည်။

ဒီကနေ့ အခမ်းအနားမှာ ကရင့်အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ အကြောင်း အပြင် ကရင်အာဇာနည်နေ့ အတွက် ပေးပို့လာသည့် သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြသလို တိုင်တစ်ဝက်စိုက်ထူထားသည့် ကရင်အမျိုးသားအလံတော် နှင့် ကျဆုံးသွားသည့် ကရင့် အာဇာနည် များကို ဂုဏ်ပြုသောအားဖြင့် တစ်မိနစ် ငြိမ်သက် အလေးပြုခဲ့သည်။

ဒါ့အပြင် တက်ရောက်လာသည့် ခေါင်းဆောင်များ နှင့်ကရင်လူငယ်များ၊ အခြားမဟာမိတ် တိုင်းရင်း သား လူငယ်ခေါင်းဆောင်များပါဝင်သည့်ကရင့်အာဇာနည်နေ့အတွက် ဆွေးနွေးပွဲ စကားဝိုင်းကိုပါ ထည့်သွင်းပြုလုပ်ခဲ့သည်။

၁၉၅၀ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အနီးရှိ ထေ့ာကိုကိုးရွာတွင် ကျဆုံး ခဲ့သော ကရင့်အမျိုးသားအာဇာနည်ဖြစ်စောဘဦးကြီးကို ကရင်အာဇာနည်နေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ် အောက်မေ့ဖွယ်အခမ်းအနားကျင်းပလာကာ ယခုချိန်အထိ ၇၅ နှစ်မြောက်ရှိပြီးဖြစ်သည်။