Home Authors Posts by KIC News

KIC News

22311 POSTS 0 COMMENTS

ကရင်လူငယ်များအတွက် Agentic Software Developer သင်တန်း ပညာသင်ဆု (၂) နေရာ လျှောက်ထားနိုင်

အောက်တိုဘာ (၁၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်လူငယ်များ၏ နည်းပညာစွမ်းရည် မြှင့်တင်ပေးရန်နှင့် ကရင်လူထုအကျိုးပြု ဒစ်ဂျစ်တယ် Application များ ဖန်တီးထုတ်လုပ်နိုင်သည့် မျိုးဆက်သစ်နည်းပညာရှင်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ Agentic Software Developer သင်တန်းကို သင်တန်းကြေး ၁၀၀ ရာခိုင်နှုန်း အခမဲ့ဖြစ်သည့်...

ဖားအံခရိုင်၊ နဘူးမြို့နယ်အတွင်း KNA အဖွဲ့က ကြိုတင်အသိမပေးဘဲ မြေလာတိုင်း၍ ဒေသခံများစိုးရိမ်

အောက်တိုဘာ (၁၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၇) ဖားအံခရိုင်နယ်မြေ၊ နဘူးမြို့နယ်ထဲရှိ မြေယာများကို ပြီးခဲ့သည့်အောက်တိုဘာ ပထမအပတ်အတွင်း ကရင်နယ်ခြားစောင့်တပ်-BGF အသွင်ပြောင်း KNA အဖွဲ့က ကြိုတင်အသိပေးမှုမရှိဘဲ လာရောက်တိုင်းတာခဲ့သည့်အပေါ် ဒေသခံများက စိုးရိမ်နေကြကြောင်း ရပ်ရွာအုပ်ချုပ်မှုတာဝန်ရှိသူထံမှ သိရသည်။ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး...

စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှု နှစ်ထောင်ကျော်အတွင်း အရပ်သားပစ်မှတ်ထားခံရမှု (၇၀) ရာခိုင်နှုန်းနီးပါး ပါဝင်

အောက်တိုဘာ (၁၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ စစ်တပ်အာဏာသိမ်းထားသည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီမှ ယခု ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအထိ စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ပေါင်း (၂,၄၄၉) ကြိမ် ကျူးလွန်ခဲ့ရာတွင် အရပ်သားပစ်မှတ်ထားခံရမှု (၇၀) ရာခိုင်နှူန်းနီးပါး ပါဝင်ကြောင်း နိုင်ငံတကာမြန်မာသတင်း-BNI ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်...

ဒူးသထူခရိုင်တွင် စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ကလေးအပါအဝင် ၈ ဦးသေဆုံး၊ ၉ ဦးဒဏ်ရာရ

အောက်တိုဘာ ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ (သထုံ) ခရိုင်အတွင်းရှိ ကျေးရွာများကို အာဏာသိမ်းစစ်တပ် က အောက်တိုဘာလ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း၊ ဒရုန်းနှင့် လက်နက် ကြီးများဖြင့် ဆက်တိုက် တိုက်ခိုက်မှုကြောင့်...

ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် ပန်းရောင်းရန်ခိုင်းစေခံရသည့် မြန်မာကလေးငယ်(၇)ဦးကို အာဏာပိုင်များ ကယ်ဆယ်

အောက်တိုဘာ (၁၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်ရှိ ခရီးသွားစည်ကားရာနေရာများတွင် ပန်းရောင်းရန်ခိုင်းစေခံရသည့် မြန်မာပြည်သား ကလေးငယ် (၇) ဦးကို ထိုင်းအာဏာပိုင်များက ကယ်ဆယ်နိုင်ခဲ့ပြီး သံသယရှိသူ(၄)ဦးကို ဖမ်းဆီးခဲ့ကြောင်း ယမန်နေ့၊ အောက်တိုဘာ(၁၃)ရက်နေ့က ထိုင်းသတင်းများအရ သိရသည်။ ထိုင်းအာဏာပိုင်များသည် မြန်မာကလေးများကို ဘန်ကောက်နှင့်အနီးဝန်းကျင်တွင် ပန်းအပြင်...

ဝင်းရေးမြို့နယ်၊ ပုလိန်ရွာသို့ စစ်ကြောင်းထိုးလာသည့်စစ်အုပ်စု လူငယ်(၁)ဦးကို ပစ်သတ်ပြီး ရွာသားအချို့ကို ဖမ်းဆီး

အောက်တိုဘာ (၁၄) ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင် တပ်မဟာ(၆) ဝင်းရေးမြို့နယ် ပုလိန်ရွာတွင် အောက်တိုဘာလ(၁၂)ရက်နေ့က ဆိုင်ကယ်စီးလာသည့် လူငယ်အမျိုးသား(၁)ဦးကို စစ်ကြောင်းထိုးလာသည့်စစ်အုပ်စုက ပစ်ခတ်သတ်ဖြတ်၍ ရွာသားအချို့ကိုဖမ်းဆီးထားကြောင်း ထိုရွာခံများကပြောသည်။ အင်အား(၂၀၀)ဝန်းကျင်ပါရှိသည့် စစ်အုပ်စုတပ်ဖွဲ့များသည် အဘစ်စခန်းမှတစ်ဆင့် စစ်ကြောင်း နှစ်ကြောင်းခွဲ၍ ထိုးစစ်ဆင်လာရာ ပုလိန်ရွာဘက်၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်နှင့်...

စစ်အုပ်စု ပစ်ခတ်သည့်လက်နက်ကြီးကြောင့် ကျုံဒိုးမြို့နယ်၊ ဂျိုင်းတံတားအနီးရှိ သရက်တောရွာမှ မြေးအဘွား ၂ဦးဒဏ်ရာရ

အောက်တိုဘာ (၁၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ရှိ ဂျိုင်းတံတား(ဂျပန်တံတား)တွင် အခြေစိုက်ထားသည့် စစ်အုပ်စုတပ်က ယမန်နေ့၊ အောက်တိုဘာ(၁၂) ရက်၊ ည ၉ နာရီကျော်အချိန်တွင် လက်နက်ကြီး(၃)ကြိမ် ပစ်ခတ်ခဲ့ရာ သရက်တောရွာ အရှေ့ပိုင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ဒေသခံ မြေးအဘွား (၂)...

ရှမ်းပြည်၊ နောင်ချိုရှိ စစ်အုပ်စုတရားရေးဌာနမှ မတရားအမိန့်များချ၍ ငွေကျပ်ထောင်ချီတောင်းယူနေ

အောက်တိုဘာ (၁၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် စစ်အုပ်စုတရားရေးဌာနသည် အကြမ်းဖက်မှုပုဒ်မတပ် မတရားထောင်ချခံထားရသူများကို လွတ်ငြိမ်းပေးမည့်အယောင်ပြ မတရားအမိန့်များချ၍ ချုပ်နှောင်ထားသလို နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ပစ်မှတ်ထားဖမ်းဆီးကာ ငွေကျပ်သိန်းထောင်ချီတောင်းယူနေကြောင်း နိုင်ငံရေးအကျဉ်းသားများ တရားမျှတမှုကွန်ရက် (JNPP) ထံမှ သိရသည်။ နောင်ချိုမြို့နယ်အတွင်း တရားရေး၊ ရဲနှင့် စစ်အုပ်စု...

Forum 2000 ဖောင်ဒေးရှင်း၏ ရဲရင့်မူနှင့်တာဝန်ယူမှုဆိုင်ရာဆု မြန်မာသပိတ်အင်အားစု GSCB နှင့် တက်ကြွလှုပ်ရှားသူ (၃) ဦး ရရှိ

အောက်တိုဘာ (၁၃) ရက်နေ့၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ချက်သမ္မတနိုင်ငံအခြေစိုက်၊ Forum 2000 ဖောင်ဒေးရှင်း၏ ရဲရင့်မူနှင့် တာဝန်ယူမှုဆိုင်ရာ နိုင်ငံတကာဆု(International Award for Courage and Responsibility)ကို အထွေထွေသပိတ်ပေါင်းစပ် ညှိနှိုင်းရေးအင်အားစု(GSCB) နှင့် လူထုလှုပ်ရှားမှုဦးဆောင်သူ ကိုတေဇာစန်း၊ ကိုနန်းလင်း နှင့်...

ဝင်းရေးမြို့နယ်၊ ပုလိန်ရွာအနီး KNLA ပူးပေါင်းတပ်နှင့် စစ်အုပ်စု တိုက်ပွဲပြင်းထန်

အောက်တိုဘာ (၁၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ တပ်ဖွဲ့အခြေချနေရာများသို့ ယမန်နေ့၊ အောက်တိုဘာ(၁၂)ရက်နေ့က လူအပြောင်းအလဲလုပ်ရန်လာသည့် စစ်အုပ်စုကို KNLA ပူးပေါင်းတပ်က ပုလိန်ရွာအနီး၌ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြောင်း စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။ ခလယ်တံခွန်တိုင်နှင့် သံဖြူဇရပ်ဒေသဘက်သို့ ယမန်နေ့ညနေပိုင်းက စစ်အုပ်စုတပ်ဖွဲ့ဝင်ရောက်လာခြင်းဖြစ်ပြီး တောင်ဒီး၊...
Donate