Home သတင်း အင်တာနက်လိုင်းများ ပြတ်‌တောက်မှု‌ကြောင့် မြဝတီနယ်စပ်ကုန်သွယ်‌ရေးဇုန်တွင် ကုန်စည်စီးဆင်းမှု ရပ်ဆိုင်း

အင်တာနက်လိုင်းများ ပြတ်‌တောက်မှု‌ကြောင့် မြဝတီနယ်စပ်ကုန်သွယ်‌ရေးဇုန်တွင် ကုန်စည်စီးဆင်းမှု ရပ်ဆိုင်း

3024

‌ဖေ‌ဖော်ဝါရီ ၅ ရက်၊ ၂၀၂၁ ခုနှစ်။ ‌နေ‌နော်

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အင်တာနက်လိုင်းများ ဖြတ်‌တောက်ခံရ၍ မြဝတီနယ်စပ်ကုန်သွယ် ‌ရေးဇုန်တွင် ကုန်စည်စီးဆင်းမှုရပ်ဆိုင်းသွားပြီး ကုန်တင်ယာဉ်အစီး‌ရေ ၅ဝ ခန့်မှာ ရပ်တန့်‌စောင့်ဆိုင်း‌နေရ ‌ကြောင်း သိရသည်။

တပ်မ‌တော်မှ ‌ဖေ‌ဖေါ်ဝါရီလ ၁ ရက်‌နေ့က အာဏာသိမ်းပြီး‌နောက် ယ‌နေ့ ‌ဖေ‌ဖော်ဝါရီလ ၆ ရက် ‌နေ့လည် ၁၂ နာရီအချိန်ခန့်မှစ၍ မြန်မာနိုင်ငံတဝှမ်း အင်တာနက်လိုင်းများ ဖြတ်‌တောက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ အင်တာနက်လိုင်းများ ဖြတ်‌တောက်ထားခြင်း‌ကြောင့် ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်မှုပြုရာမှာ အွန်လိုင်းစနစ်ဖြင့် ကုန်သွယ်ခွန်သွင်း‌နေရသည့် ဝန်‌ဆောင်မှုများကို မပြုလုပ်နိုင်‌တော့၍ မြဝတီနယ်စပ်ကုန် စပ်ကုန်သွယ်‌ရေးဇုန်တွင် ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းထားပြီး ကုန်တင်ယာဉ်အစီး‌ရေ ၅ဝ ‌ကျော်ခန့်မှာ ရပ်တန့်‌စောင့်ဆိုင်း‌နေရ‌ကြောင်း မြဝတီနယ်စပ်ကုန်သည်တစ်ဦးက ‌ပြောသည်။

၎င်းက “တဖက်နိုင်ငံကို ‌ပေးမယ့် စာရွက်‌တွေ ‌ဖောင်‌တွေကျ‌တော့ ထုတ်လို့မရ‌တော့ဘူး။ ဂျူတီကျ‌တော့ ကျ‌နော်တို့နိုင်ငံရဲ့တံတားထိပ်ပဲ တရားဝင်တဲ့အခါကျ‌တော့ ‌ဆောင်လို့ရတယ်။ ဒါ‌ပေမယ့် တဖက်နိုင်ငံကို ‌ပေးမယ့် ‌ဖောင်ရှိတယ်။ အဲဒီလက်မှတ်ကျ‌တော့ ကျ‌နော်တို့ဖက်က ထုတ်လို့မရဘူး။ ဒီပုံစံအတိုင်းသာ တစ်ရက်နှစ်ရက်ဆက်သွားရင် ကုန်သွယ်မှုက ရပ်သွားမယ့် သ‌ဘောရှိတယ်။ ”‌ပြောသည်။

တပ်မ‌တော်မှ အာဏာသိမ်းခြင်း စတင်လုပ်‌ဆောင်ခဲ့သည့် ပြီးခဲ့တဲ့ ‌ဖေ‌ဖော်ဝါရီလ ၁ ရက်‌နေ့ မနက်ပိုင်း က လည်း ဖုန်းလိုင်းများဖြတ်‌တောက်ထားခဲ့၍ နယ်စပ်မြဝတီကုန်သွယ်‌ရေးဇုန်တွင် နာရီပိုင်းခန့် ကုန်သွယ်မှု ရပ်ဆိုင်းခဲ့‌သေး‌ကြောင်း သိရသည်။