Home သတင်း မြဝတီဆန္ဒပြမှု ‌သေနတ်‌ဖောက် ဖြိုခွင်းခံရပြီး ၁ဝ ဦးထက်မနည်း အဖမ်းခံရ

မြဝတီဆန္ဒပြမှု ‌သေနတ်‌ဖောက် ဖြိုခွင်းခံရပြီး ၁ဝ ဦးထက်မနည်း အဖမ်းခံရ

2278

‌ဖေ‌ဖော်ဝါရီ ၇ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ယ‌နေ့ ‌နေ့လည် ၁၂နာရီခွဲက စစ်အာဏာရှင် ဆန့်ကျင်‌ရေး စတင်ဆန္ဒပြကြပြီး မွန်းလွဲ ၁နာရီခွဲအချိန်တွင် ‌သေနတ်‌ဖောက် လူစုခွဲခံရသည်ဟု သတင်းယူ‌နေသည့် ‌ကေအိုင်စီသတင်း‌ထောက်က ‌ပြောသည်။

၎င်းက “လူစုခွဲဖို့ ‌ပြောတာကို မခွဲလို့ ‌သေနတ်‌ဖောက်ပြီး ခွဲလိုက်တယ်။ လူက အားလုံး ၂ရာလာက်ရှိတယ်။ ရုန်းရင်းဆန်ခတ်နည်းနည်း ဖြစ်သွားတယ်‌ပေါ့။ အခု ဘယ်သူမှမရှိ‌တော့ဘူး။ ရဲတပ်ဖွဲ့ဝင်‌တွေပဲရှိ‌တော့တယ်။ ‌ကြွေး‌ကြော်သံက‌တော့ အာဏာရှင် ပြုတ်ကျ‌ရေး၊ နိုင်ငံ့‌ခေါင်း‌ဆောင် အမြန်လွှတ်‌ပေး‌ရေး‌ပေါ့။”ဟု ‌ပြောသည်။

ထို့အပြင် ဆန္ဒပြပွဲကို ဦး‌ဆောင်သူ နိုင်ငံ‌ရေးအကျဉ်းသူ‌ဟောင်း ‌ဒေါ်ခင်ထားအပါအဝင် ၁ဝဦးထက်မနည်း ဖမ်းဆီး‌ခေါ်‌ဆောင်ခြင်းခံရသည်ဟုလည်း သိရသည်။

‌နောက်ဆုံးရရှိသည့်သတင်းအရ အဆိုပါ လူစုခွဲခံရသည့် ဆန္ဒပြသူများသည် လက်ရှိတွင် ‌ရွှေမြဝတီဟိုတယ်‌ရှေ့တွင် ထပ်မံလူစုကာ ဆက်လက်ဆန္ဒထုတ်‌ဖော်သွားရန်စီစဉ်လျက်ရှိသည်။