Home သတင်း တံတားပြီးစီးမှုဖွင့်ပွဲ ပြုလုပ်ပြီး ၇ လအကြာ မြန်မာ-ထိုင်း အမှတ်၂ ချစ်ကြည်‌ရေးတံတား စဖွင့်လှစ်

တံတားပြီးစီးမှုဖွင့်ပွဲ ပြုလုပ်ပြီး ၇ လအကြာ မြန်မာ-ထိုင်း အမှတ်၂ ချစ်ကြည်‌ရေးတံတား စဖွင့်လှစ်

3045
Photo_Nay Naw

၇ လအကြာ တံတားပြီးစီးတဲ့‌နောက် ဒုတိယ မြန်မာ-ထိုင်း ချစ်ကြည်‌ရေးတံတားဖွင့်လှစ်

‌အောက်တိုဘာ ၃ဝရက် ၊ ၂၀၁၉ ခုနှစ်။ ‌နေ‌နော်

အ‌ရှေ့အ‌နောက် စီးပွား‌ရေးစကြင်္လမ်းမ‌ပေါ်ရှိ အဓိက ဝင်‌ပေါက်တစ်ခုဖြစ်သည့် မြန်မာ-ထိုင်း၊ မြဝတီ-မဲ‌ဆောက် အမှတ်၂ ချစ်ကြည်‌ရေးတံတား ဖွင့်လှစ်အသုံးပြုခြင်းအခမ်းအနားကို ယ‌နေ့ (‌အောက်တိုဘာ ၃၀) နံနက် ၈ နာရီ ခွဲတွင် အဆိုပါ တံတားအနီး၌ ပြုလုပ်ခဲ့သည်။

တံတားဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံအစိုးရ၊ ‌ဆောက်လုပ်‌ရေးဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဦးဟန်‌ဇော်၊ စီမံကိန်းနှင့် ဘဏ္ဍာဝန်ကြီးဌာန၊ ပြည်‌ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ စီးပွား/ကူးသန်းဝန်ကြီးဌာန ပြည်‌ထောင်စု ဝန်ကြီး ‌ဒေါက်တာသန်းမြင့်၊ ကရင်ပြည်နယ်ဝန်ကြီးချူပ် နန်းခင်‌ထွေးမြင့်၊ မွန်ပြည်နယ်ဝန်ကြီးချူပ် ‌ဒေါက်တာ ‌အေးဇံနှင့် အစိုးရအဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံဘက်မှ ပို့‌ဆောင်‌ရေးဝန်ကြီး Mr.Suksaiam chitchot နှင့် တာဝန်ရှိ သူများ တတ်‌ရောက်ခဲ့ကြသည်။

မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်‌ရေးတံတားကို မဟာမဲ‌ခေါင်‌ဒေသ ၆ နိုင်ငံက စီးပွား‌ရေးစကြင်္န်လမ်း နယ်စပ် ဖြတ်‌ကျော်သယ်ယူပို့‌ဆောင်‌ရေးစာချုပ် Cross Border Transport Agreement အရ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အကြား လွယ်ကူစွာ ကူးသန်း‌ရောင်းဝယ်နိုင်ရန် ရည်ရွယ် တည်‌ဆောက်ခြင်း ဖြစ်သည်ဟု နှစ်နိုင်ငံ တာဝန်ရှိ သူများထံမှ သိရသည်။

တံတားစတင် အသုံးပြုခြင်း ဖွင့်ပွဲအခမ်းအနားတွင် မြန်မာဘက်မှ ကုန်တင်ကား သုံးစီးနှင့် ထိုင်းကုန်တင်ကား သုံးစီးတို့ တံတားကို စတင်ဖြတ်သန်းခဲ့သည်။ မြန်မာကုန်တင်ယာဉ်များသည် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထိ ကုန်စည် ပို့‌ဆောင်သွားမည်ဖြစ်သလို ထိုင်းကုန်တင်ယာ်ဉ်များသည်လည်း မြဝတီကုန်သွယ်‌ရေးဇုန်ထိ ယ‌နေ့ ကုန်စည်ပို့ ‌ဆောင်သွားမည်ဖြစ်သည်။

“‌နောက်ပိုင်းမှာ မြန်မာကုန်တင်ယာဉ်‌တွေက ထိုင်းနိုင်ငံ ချွန်ကပူရီခရိုင်၊ လပ်ချဘန်းဆိပ်ကမ်းထိ ကုန်စည် ပို့ ‌ဆောင်မယ်၊ အလားတူပဲ ထိုင်းကုန်တင်ယာဉ်‌တွေက ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းထိ သွားလာရန် လျာထား တယ်” ဟု ထိုင်း ‌ဆောက်လုပ်‌ရေးဝန်ကြီးဌာန၊ အမြန်လမ်းဦးစီးဌာန ဒုတိယညွှန်ကြား‌ရေးမှုးချုပ် Mr. Pa Nya က မီဒီယာသို့ ‌ပြောကြားသည်။

အဆိုပါ အမှတ်-၂ ချစ်ကြည်‌ရေးတံတားသည် မြန်မာဘက်ခြမ်းတွင် လက်ရှိအသုံးပြု‌နေသည့် အမှတ်-၁ တံတား ၏ ‌မြောက်ဘက် ၅ ကီလိုမီတာအကွာ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက် ‌ရေပူ‌ကျေးရွာ၌ တည်ရှိပြီး ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့သို့ ဆက်သွယ်ရန် နှစ်နိုင်ငံနယ်ခြား ‌သောင်ရင်းမြစ်ကို ဖြတ်သန်း ‌ဖောက်လုပ် တည်‌ဆောက်ထားသည်။

အမှတ်-၂ ချစ်ကြည်‌ရေးတံတားကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ မတ် ၁၉ ရက်‌နေ့တွင် တံတားပြီးစီးမှု အထိမ်း အမှတ် ဖွင့်ပွဲပြုလုပ်ခဲ့ပြီး ထိုစဉ်က ဖွင့်ပွဲသို့ နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် နိုင်ပရာယွတ်ချန်အိုချာတို့ အသီးသီး တတ်‌ရောက်ခဲ့သည်။

Photo_Nay Naw

ထိုသို့ ဖွင့်ပွဲ ပြုလုပ်ပြီး ၇ လအကြာ ‌အောက်တိုဘာ ၂ ရက်‌နေ့တွင် နှစ်နိုင်ငံ အစိုးရတို့ တံတားအသုံးပြုမှုဆိုင်ရာ နားလည်မှု စာချွန်လွှာ (MOU) ထိုးပြီး‌နောက် ‌အောက်တိုဘာ ၃ဝ ရက်‌နေ့တွင် ယခုလို တံတားအသုံးပြုမှု ဖွင့်ပွဲ ပြုလုပ်ကာ စတင်အသုံးပြုခြင်း ဖြစ်သည်။

အဆိုပါ တံတားကို ၂၀၁၅ ခုနှစ်တွင် စတင်တည်‌ဆောက်ခဲ့ခြင်းဖြစ်ပြီး တံတားအရှည် ၇၆ဝ မီတာနှင့် အကျယ် ၁၇.၂ မီတာ ရှိကာ နှစ်လမ်းသွား တံတားအမျိုးအစား ဖြစ်သည်။ တံတားချဉ်းကပ်လမ်းမှာ မြန်မာဘက်တွင် ၃.၈၉၃ ကီလိုမီတာနှင့် ထိုင်းဘက်ခြမ်းတွင် ၁၆.၇၄၇ ကီလိုမီတာ ရှိသည်။ တံတားတည်‌ဆောက်မှု အတွက် စုစု‌ပေါင်း ကုန်ကျစရိတ် ထိုင်းဘတ် ၄,၂၀ဝ သန်း ‌ကျော်ရှိပြီး ထိုင်းနိုင်ငံဘက်မှ အကုန်အကျခံ ‌ဆောက်လုပ် ခြင်း ဖြစ်သည်။

မှတ်တမ်းဓါတ်ပုံများအား ကြည့်ရှု ရန်ဒီလင့်ခ်တွင် နှိပ်ပါ