Home သတင်း ငြိမ်းချမ်း‌ရေးနှင့် ‌ရွေး‌ကောက်ပွဲဆိုင်ရာ အပါအဝင် အချက် ၇ချက်ကို လူထုအ‌ခြေပြု ကရင်အမျိုးသမီးများ ‌တောင်းဆို

ငြိမ်းချမ်း‌ရေးနှင့် ‌ရွေး‌ကောက်ပွဲဆိုင်ရာ အပါအဝင် အချက် ၇ချက်ကို လူထုအ‌ခြေပြု ကရင်အမျိုးသမီးများ ‌တောင်းဆို

2879

‌အောက်တိုဘာ ၂၈ရက်၊ ၂၀၁၉ခုနှစ်။ နန်း‌ဝေဖြိုးဇာ

မြန်မာနိုင်ငံ၏ ပြုပြင်‌ပြောင်းလဲ‌ရေးကာလတွင် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်နှင့် လာမည့် ‌ရွေး‌ကောက်ပွဲဆိုင်ရာ ကဏ္ဍများ အပါအဝင် ‌တောင်းဆိုချက် ၇ချက်ကို လူထုအ‌ခြေပြု ကရင်အမျိုးသမီးများက စတုတ္ထအကြိမ်‌မြောက် ကရင်အမျိုးသမီးနှီး‌နှောဖလှယ်ပွဲ ပြု လုပ်ကာ ‌တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံ ‌ဒေသအသီးသီးရှိ လူထုအ‌ခြေပြု ကရင်အမျိုးသမီး ကိုယ်စားလှယ်များ ပါဝင်သည့် နှီး‌နှောဖလှယ်ပွဲကို ‌အောက်တို ဘာလ ၂၅ရက်နှင့် ၂၆ရက်‌နေ့က ကရင်ပြည်နယ်၊ ဖားအံခရိုင် ‌လေးဝါး‌နေရာ၌ ကျင်းပခဲ့ကြပြီး ‌အောက်တိုဘာ ၂၈ရက် ‌နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ‌ကြေညာချက်တွင် မြန်မာနိုင်ငံ အစိုးရ၊ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် နိုင်ငံတကာအသိုင်းအ ဝိုင်းတို့အား ‌တောင်းဆိုထားခြင်းဖြစ်သည်။

၎င်း‌တောင်းဆိုထားချက်များနှင့်ပတ်သက်၍ နှီး‌နှောဖလှယ်ပွဲ၏ ‌ပြောခွင့်ရသူတစ်ဦးဖြစ်သည့် နန်း‌အေ‌အေးသွယ်က “မြန်မာ့နိုင်ငံ ပြုပြင်‌ပြောင်းလဲ‌ရေး လုပ်တဲ့‌နေရာမှာ ဒီအချက်‌တွေကိုလည်း သတိနဲ့ထားပြီး ထည့်သွင်းစဉ်းစား‌စေချင်တဲ့အတွက် ‌တောင်းဆို တာ ဖြစ်တယ်။ တစ်ဖွဲ့ချင်း‌တောင်းဆိုတာထက် ဒီလိုစု‌ပေါင်းပြီး ‌တောင်းဆိုတာက ပိုထိ‌ရောက်တယ်လို့ကျမမြင်ပါတယ်။ အချို့ ‌တောင်းဆိုတဲ့အချက်‌တွေကလည်း KNU ကိုယ်တိုင်‌ရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့‌တွေက‌ရော အစိုးရကို ‌တောင်းဆို ထားတာရှိပြီးသား။ ကျမတို့ကလည်း ဒီလိုထပ်ခါတလဲလဲ ထုတ်ပြန်ချက်ထုတ်ပြီး ‌တောင်းဆိုမှ သက်ဆိုင်ရာအစိုးရ‌တွေက သတိ ထားပြီး‌တော့ လုပ်‌ဆောင်‌ပေးမယ်လို့ ကျမတို့‌မျှော်လင့်တာ‌ပေါ့။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‘ကရင်လူမှုအသိုင်းအဝိုင်း ‌ကောင်းမွန်လာ‌စေ‌ရေးအတွက် လူထုအ‌ခြေပြု ကရင်အမျိုးသမီးများ၏ လုပ်‌ဆောင်မှုများ ပိုမိုအား ‌ကောင်းလာ‌စေရန် တည်‌ဆောက်သွားမည်’ ဟူ‌သော ရည်ရွယ်ချက်ဖြင့် ကျင်းပပြီးစီးခဲ့‌သော နှီး‌နှောဖလှယ်ပွဲ၏ ထုတ်ပြန်‌ကြေ ညာချက်တွင် ‌တောင်းဆိုချက် ၇ချက်ပါရှိသည်။

၎င်းတို့မှာ ၂၀၀၈ ‌မြေလွတ်၊ ‌မြေလပ်နှင့် ‌မြေရိုင်းများစီမံခန့်ခွဲ‌ရေး ဥပ‌ဒေကိုဖျက်သိမ်းပြီး ‌ဒေသအသီးသီးရှိ ‌မြေယာပြဿနာများ ကို ထိခိုက်နစ်နာမှုမရှိဘဲ ဝိုင်းဝန်း‌ဖြေရှင်းကြရန်၊ အမျိုးသမီးများအတွက် ကာကွယ်‌စောင့်‌ရှောက်‌ရေးဆိုင်ရာ ဥပ‌ဒေပြဌာန်းချက် များကို ကျယ်ပြန့်စွာ‌ဆောင်ရွက်သွားရန်၊ ဒုက္ခသည်အ‌ရေးကို အ‌လေးထား ‌ဆောင်ရွက်‌ပေးရန်နှင့် နယ်စပ်ဖြတ်‌ကျော်အကူအညီ များ ဆက်လက်ပံ့ပိုး‌ပေးရန်၊ ၂၀၀၈ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို ဖျက်သိမ်းပြီး စစ်မှန်‌သော ဖယ်ဒရယ် ပြည်‌ထောင်စု ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေအသစ်ကို‌ရေးဆွဲရန် ‌တောင်းဆိုထားသည်။

ထို့အပြင် စစ်မှန်‌သော ငြိမ်းချမ်း‌ရေး မတည်‌ဆောက်နိုင်မှီ တိုင်းရင်းသား‌ဒေသအတွင်းရှိ အကြီးစားရင်းနှီးမြုပ်နှံမှု စီမံကိန်းများကို ချက်ချင်းရပ်တန့်ရန်နှင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်၏ တစ်ဆို့မှုကို ‌ကျော်လွှားနိုင်‌ရေး နည်းလမ်းအသစ်ရှာ‌ဖွေရန်တို့အပြင် လာမည့် ၂၀၂ဝ၌ အစိုးရ၏ ‌ရွေး‌ကောက်ပွဲနှင့် KNU ၏ ‌ရွေး‌ကောက်ပွဲများတွင် အမျိုးသမီးပါဝင်မှုအား‌ကောင်းရန်နှင့် လွတ်လပ်မျှတပြီး ပွင့်လင်းမြင်သာမှုရှိစွာ ကျင်းပသွားရန်ကိုလည်း ‌တောင်းဆိုထားသည်။

နှစ်ရက်တာ ကျင်းပပြုလုပ်သည့် ကရင်အမျိုးသမီးများ နှီး‌နှောဖလှယ်ပွဲ၌ ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် အမျိုးသမီးများ၏ ပါဝင်မှုနှင့် လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံ‌ရေးအ‌ခြေအ‌နေကို သုံးသပ်ခြင်း၊ ‌မြေယာပြဿနာ အ‌ခြေအ‌နေများ ‌ဆွေး‌နွေးဖလှယ်ခြင်း၊ သံလွင် ငြိမ်းချမ်း‌ရေးဥယျာဉ်နှင့် ပတ်သက်၍ တင်ပြ‌ဆွေး‌နွေးခြင်းတို့အပြင် ‌ကေအဲန်ယူ၏ အမျိုးသမီး ကာကွယ်‌စောင့်‌ရှောက်‌ရေးနှင့် ဥပ‌ဒေပိုင်းဆိုင်ရာ အ‌ကြောင်းအရာများကို ‌ဆွေး‌နွေး‌မေးမြန်း ဖလှယ်ခဲ့ကြသည်ဟုု ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် အ‌ခြေအ‌နေများကို သုံးသပ်တင်ပြခြင်း၊ လက်ရှိ မြန်မာနိုင်ငံ၏ လူ့အခွင့်အ‌ရေး အ‌ခြေအ‌နေ၊ အစိုးရ၏တာဝန်ယူမှု/တာဝန်ခံမှုနှင့် မြန်မာနိုင်ငံအ‌ပေါ် နိုင်ငံတကာ၏ စုံစမ်းစစ်‌ဆေး‌ရေး အ‌ခြေအ‌နေများကိုလည်း တင်ပြ‌ဆွေး‌နွေးခဲ့ကြသည်။

ကရင်အမျိုးသမီးအဖွဲ့များ အပါအဝင် ကရင်အရပ်ဖက်အဖွဲ့အစည်း ၃၄ဖွဲ့မှ အမျိုးသမီးကိုယ်စားလှယ်များ၊ အမျိုးသမီးရွာသူကြီးမ များနှင့် တသီးပုဂ္ဂလ အမျိုးသမီးကိုယ်စားလှယ်များ စုစု‌ပေါင်း ၂၂၅ဦး တက်‌ရောက်ခဲ့ကြသည့် စတုတ္ထအကြိမ်‌မြောက် ကရင်အ မျိုးသမီးနှီး‌နှောဖလှယ်ပွဲတွင် လူထုအ‌ခြေပြု ကရင်အမျိုးသမီးများကွန်ရက် အဖွဲ့ဝင်များ ထပ်မံတိုးချဲ့ခဲ့ကြပြီး ကွန်ရက်၏ ‌ရှေ့ လုပ်ငန်းစဉ်များ အ‌ကောင်အထည်‌ဖော်နိုင်‌ရေးအတွက် ဦး‌ဆောင်တာဝန်ခံ ပါဝင်‌သော အလုပ်အမှု‌ဆောင်‌ကော်မတီဝင် ၇ဦး လည်း ‌ရွေးချယ်ခဲ့ကြသည်။

နှီး‌နှောဖလှယ်ပွဲအပြီး ‌နောက်တစ်ရက် ‌အောက်တိုဘာလ ၂၇ရက်‌နေ့တွင် တက်‌ရောက်လာကြသည့် အမျိုးသမီးရွာသူကြီးမများ ၏ ‌ဆွေး‌နွေးဖလှယ်မှု(Women survivor Exchange)ကို ထပ်မံ ကျင်းပခဲ့ကြသည်။ ကရင်အမျိုးသမီးနှီး‌နှောဖလှယ်ပွဲကို ၂၀၁၄၊ ၂၀၁၆နှင့် ၂၀၁၈ခုနှစ်များတွင် သုံးကြိမ်တိုင် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။