Home သတင်း သတင်းလွတ်လပ်ခွင့်အတွက် ဖားအံတွင် သတင်းသမားများ ဆန္ဒ‌ဖော်ထုတ်

သတင်းလွတ်လပ်ခွင့်အတွက် ဖားအံတွင် သတင်းသမားများ ဆန္ဒ‌ဖော်ထုတ်

1772

ဇူလိုင်၂၈ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်အ‌ခြေစိုက် သတင်းမီဒီယာသမားများနှင့် မြန်မာပြည်‌တောင်ပိုင်း ဂျာနယ်လစ်ကွန်ယက် (SMJM) အဖွဲ့ဝင်များ ပူး‌ပေါင်းက သတင်းလွတ်လပ်ခွင့်အတွက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်သည့် လှုပ်ရှားမှု (Campaign) တစ်ခုကို ဇူလိုင် ၂၈ ရက်(ယ‌နေ့)တွင် ဖားအံမြို့၌ ပြုလုပ်ခဲ့သည်။

အဆိုပါက လှုပ်ရှားမှုကို မြန်မာပြည်‌တောင်ပိုင်း ဂျာနယ်လစ်ကွန်ယက်က ဦး‌ဆောင်ပြုလုပ်ခြင်းဖြစ်ကာ ဖားအံ နှင့် မွန်ပြည်နယ်တို့မှ သတင်းသမား ၂ဝ ဦးခန့် ပါဝင်ပြီး ဖားအံမြို့တွင်း နာရီစဉ်‌ရှေ့၊ ဖားအံမြို့မ ရဲစခန်း၊ ဖားအံမြို့ အစိုးရ စု‌ပေါင်းရုံး‌ရှေ့ စသည့် ‌နေရာ သုံးခုတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့် လှုပ်ရှားမှု ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ SMJN တွဲဖက်ညှိနှိုင်း‌ရေးမှူး (ကရင်) ရဲမင်း‌ခေါင် က “သတင်းလွတ်လပ်ခွင့် ရဖို့အတွက် ပြည်သူဘက်ကရပ်တည်ပြီး သတင်းသမား‌တွေ ‌ဆောင်ရွက်ရတဲ့ အ‌ကြောင်းပါဘဲ။ အစိုးရ က‌နေပြီး‌တော့ လွတ်လပ်စွာ သတင်းရယူခွင့်‌ပေးမှသာလျှင် ကျ‌နော်တို့က ပြည်သူ‌တွေကို သတင်းအမှန်ချပြ ‌ပေးနိုင်မယ်။ ဒါမှလည်း ပြည်သူ‌တွေက အစိုးရနဲ့ ကျ‌နော်တို့ကြားမှာ နားလည်မှုရှိလာမယ်။ သတင်းအ‌မှောင်ချတယ် ဆိုတာမျိုး မဖြစ်‌စေချင်ဘူး‌ပေါ့‌နော်။ ဒါ‌ကြောင့် ကျ‌နော်တို့ ကမ်ပိန်း လှုပ်ရှားမှု‌တွေ လုပ်ရတာဖြစ်ပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဒီမိုက‌ရေစီစနစ် ‌ဖော်‌ဆောင်သည့် အစိုးရသစ်ကာလတွင် သတင်းမီဒီယာများအ‌ပေါ်ခြိမ်း‌ခြောက်မှု၊ ဖိနှိပ်မှု၊ တည်ဆဲဥပ‌ဒေကို အသုံးပြုပြီး သတင်းသမားများအား တရားစွဲ ဖမ်းဆီး‌ထောင်ချမှုများရှိသည့်အတွက် များစွာ စိုးရိမ်‌နေရပြီး လွတ်လပ်စွာ သတင်းရယူခွင်၊့ ‌ရေးသား‌ဖော်ထုတ်ခွင့်‌ပေးရန် စသည့်အချက်များပါဝင်သည့် ကမ်ပိန်း လက်ကမ်းစာ‌စောင် တွင် ‌ဖော်ပြ‌တောင်းဆို ထားသည်။

ယ‌နေ့ပြုလုပ်သည့် သတင်းမီဒီယာလွတ်လပ်ခွင့် ကမ်ပိန်းတွင် ကရင်ပြည်နယ် အ‌ခြေစိုက် ကရင်သတင်းစဉ် အပါအဝင် အ ခြားနယ်ခံ သတင်းမီဒီယာများဖြစ်သည့် ဟသင်္ာမီဒီယာ၊ The Voice weekly၊ DVB၊ သံလွင်တိုင်း နှင့် နယ်‌မြေခံ သတင်း ‌ထောက် အသီးသီးတို့ ပူး‌ပေါင်းပါဝင်ခဲ့သည်။

သတင်းမီဒီယာလွတ်လပ်ခွင့်ရရှိ‌ရေးအတွက် ပြည်နယ်နှင့် တိုင်း‌ဒေသကြီးများအတွင်းရှိ မီဒီယာ အဖွဲ့အစည်း များက ကမ်ပိန်းလှုပ်ရှာမှုများ လုပ်‌ဆောင်‌နေကြသလို ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်‌နေ့တွင် မွန်ပြည်နယ်၊ ‌မော်လမြိုင်မြို့၌ မီဒီယာလွတ်လပ်ခွင့် ကမ်ပိန်းပြုလုပ်ခဲ့‌ကြောင်း သိရသည်။