Home သတင်း ‌ဟောင်သ‌ရောမြစ်‌ရေလျှံမှု‌ကြောင့် ကျိုက်ဒုံမြို့တွင် ‌ဒေသခံပြည်သူ ၈ဝဝ‌ကျော် ‌ရေ‌ဘေး‌ရှောင်‌နေရ

‌ဟောင်သ‌ရောမြစ်‌ရေလျှံမှု‌ကြောင့် ကျိုက်ဒုံမြို့တွင် ‌ဒေသခံပြည်သူ ၈ဝဝ‌ကျော် ‌ရေ‌ဘေး‌ရှောင်‌နေရ

1917

ဇူလိုင် ၂၉ရက်၊ ၂ဝ၁၇ခုနှစ်။ ‌စောမြတ်ဦးသာ

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့တွင် ဇူလိုင် ၂၆ရက်‌နေ့က ‌တောင်ကျ‌ရေစီးဆင်းပြီး ‌ဟောင်သ‌ရောမြစ်‌ရေ လျှံထွက်လာမှု ‌ကြောင့် လူ‌နေအိမ် ၃၁၂လုံးတွင် ‌ရေဝင်‌ရောက်ပြီး ‌ရေ‌ဘေးသင့်ပြည်သူ ၈၇ဝဦးမှာ ‌ရေ‌ဘေး‌ရှောင်‌နေရသည်ဟု ကြာအင်းဆိပ် ကြီးမြို့နယ် အုပ်ချုပ်‌ရေးမှူး ဦးမျိုး‌အောင်က ဇူလိုင်လ ၂၇ရက်(ယမန်‌နေ့)တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

“၂၆ရက်‌နေ့က ‌တောင်ကျ‌ရေစီးဆင်းပြီး‌တော့ ကွင်းကြီး‌ချောင်း၊ ကြိတ်‌ချောင်း၊ ‌ဟောင်သ‌ရောမြစ် လျှံထွက်လာပြီး ကျိုက်ဒုံမြို့ ‌ပေါ်မှာ ၄‌ပေ‌လောက် ‌ရေတက်သွားတယ်။ ‌ကျောင်း‌တွေပိတ်ထားရတယ်၊ သီးနှံပျက်စီးမှုနဲ့ အခြားပျက်စီးဆုံးရှုံးမှုစာရင်း‌တော့ မရ‌သေးဘူး။ ခုထိ‌တော့ ‌ရေစီးသန်‌နေတုန်းပဲ”ဟု ဦးမျိုး‌အောင်က ‌ပြောသည်။

ထိုအ‌ခြေအ‌နေ‌ကြောင့် ကျိုက်ဒုံမြို့‌ပေါ်တွင် ‌ရေဝင်သည့် လူ‌နေအိမ် ၃၂၁လုံးအနက် ‌မြေနိမ့်ပိုင်းရှိ လူ‌နေအိမ် ၁ဝ၄လုံးမှ လူဦး‌ရေ ၈၇ဝဦးမှာ ‌ရေ‌ဘေးကယ်ဆယ်‌ရေးစခန်း ၃ခုနှင့် မိတန်ရွာ ‌ကျောက်ဖြူ‌တောင်ရှိ ‌ရေ‌ဘေးကယ်ဆယ်‌ရေးစခန်း ၁ခုတို့တွင် သွား ‌ရောက်‌ပြောင်း‌ရွှေ့‌နေထိုင်ရပြီး လိုအပ်သည့် အကူအညီများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ကူညီ‌ဆောင်ရွက်‌ပေးလျက်ရှိ သည်ဟု အဆိုပါအုပ်ချုပ်‌ရေးမှူးက ဆက်‌ပြောသည်။

ကျိုက်ဒုံမြို့နယ်ခွဲ မိတန်ရွာ၊ ရွာဦး‌ကျောင်းတွင် သီတင်းသုံး‌နေထိုင်သည့် ဦးဇင်းဦးဣ‌န္ဒောဘာသက “ဒီမှာ ၂ရက်ရှိပြီး ‌ရေ‌တော် ‌တော် ကြီး‌နေတာ။ ‌ကျောင်းမှာလည်း ‌ရေပတ်ပတ်လည် မြှုပ်‌နေတယ်။ ကျားမနိုင်ဘက်ခြမ်းမှာ ‌ရေ ၅‌ပေ‌ကျော်ရှိမယ်။ အိမ်‌ခြေ အားလုံး ၈ဝနီးပါး‌လောက် ‌ရေဝင်‌ရောက်‌နေတယ်။ ရွာသား‌တွေ ခရီးသွားလာဖို့ ‌လှေမရှိ‌တော့ အခက်အခဲဖြစ်‌နေတယ်။ သူတို့ စပါးစိုက်ခင်း‌တွေ ‌ရေမြှုပ်မှုရှိတယ်”ဟု ‌ကေအိုင်စီသို့ မွက်ကြားသည်။

ယခုကိစ္စအ‌ပေါ် ကြာအင်းဆိပ်ကြီးမြို့နယ် အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌စောရှား‌ဖောင်အွာက လတ်တ‌လောတွင် ကျိုက် ဒုံမြို့အဝင် လမ်းမကြီး‌ရေ‌ကျော်မှုရှိသည့်အတွက် သွားလာရခက်ခဲမှုရှိပြီး ‌ရေ‌ဘေး‌ရှောင်‌ဒေသခံများကို အမြန်ဆုံး ကူညီ‌ဆောင် ရွက်‌ပေးနိုင်ရန် ဇူလိုင်လ ၂၇ရက်‌နေ့က ပြည်နယ်အစိုးရတာဝန်ရှိသူများကို အသိ‌ပေးထားပြီးဖြစ်‌ကြောင်း ‌ကေအိုင်စီသို့‌ပြော သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဇူလိုင်လ ၂၅ရက်မှ ၂၈ရက်‌နေ့အထိ မိုးအဆက်မပြတ် ရွာသွန်းမှု‌ကြောင့် စာသင်‌ကျောင်းသို့ အသွားလမ်းနှင့် ‌ကျေးရွာများတွင် ‌ရေကြီး‌ရေလျှံမှုဖြစ်ပြီး အန္တရာယ်ရှိသည့်အတွက် ကျိုက်ဒုံမြို့ အပါအဝင် စာသင်‌ကျောင်း ၂၄ ‌ကျောင်းကို ယာယီ ပိတ်ထားရသည်ဟု မြို့နယ်ပညာ‌ရေးမှူး ‌ဒေါ်ခင်နှင်းမူက ယမန်‌နေ့က ‌ပြောသည်။

အလားတူ ကြာအင်းဆိပ်ကြီးမြို့မှ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့အထိ သွားလာသည့် လမ်းမကြီး‌ပေါ် ဆက်သွယ်ထား ‌သော ‌ဘေလီတံတား(သံ‌ဘောင်နှင့် ကွန်ကရစ်‌လောင်း တံတား) နှစ်စင်းမှာ ဇူလိုင် ၂၆ရက်‌နေ့ ည‌နေတွင် ‌ရေစီးထဲ ထိုးကျသွားသည့်အတွက် လက်ရှိ သွားလာ‌ရေးများမှာ ပြတ်‌တောက်လျှက်ရှိသည်။

ပြီးခဲ့သည့် ၂ဝဝ၂ခုနှစ်ကလည်း ကျိုက်ဒုံမြို့နယ်ခွဲရှိ ကြိတ်‌ကျေးရွာတွင် မုလအိ‌တောင်တန်းမှ ‌ရေစီး၊ ‌တောင်ပြိုမှု‌ကြောင့် လူ‌နေ အိမ်နှင့် စိုက်ပျိုး‌မြေများစွာ ပျက်စီးခဲ့ပြီး လူ၊ တိရိစ္ဆာန်များ အသက်ဆုံးရှုံးမှုများရှိခဲ့သည်ဟု သိရသည်။