Home သတင်း ကူညီ‌ထောက်ပံ့မှု‌လျှော့ချ‌ရေးနှင့် ‌နေရပ်ပြန်‌ရေးကိစ္စများကို ကရင်၊ ကရင်နီဒုက္ခသည်စခန်းများဆိုင်ရာ အလုပ်အဖွဲ့များ ‌ဆွေး‌နွေး

ကူညီ‌ထောက်ပံ့မှု‌လျှော့ချ‌ရေးနှင့် ‌နေရပ်ပြန်‌ရေးကိစ္စများကို ကရင်၊ ကရင်နီဒုက္ခသည်စခန်းများဆိုင်ရာ အလုပ်အဖွဲ့များ ‌ဆွေး‌နွေး

1794

ဇူလိုင် ၂၈ရက်၊ ၂၀၁၇ခုနှစ်။ ‌စောရှား

ထိုင်း-မြန်မာနယ်စပ်ရှိ စခန်းစီမံခန့်ခွဲမှုအလုပ်အဖွဲ့ (Camp Management Working Group) နှင့် Stakeholder (သက်ဆိုင် သူ) များ၏ ‌လေးလပတ်အစည်းအ‌ဝေးကို ဇူလိုင် ၂၆ ရက်နှင့် ၂၇ရက်‌နေ့တွင် မယ်လဒုက္ခသည်စခန်းရုံး၌ ပြုလုပ်ခဲ့ပြီး ဒုက္ခ သည်များအ‌ပေါ် ‌ထောက်ပံ့မှုအကူအညီ ‌လျှော့ချမှုနှင့် ‌နေရပ်ပြန်‌ရေး ကိစ္စရပ်များအား အဓိက‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

နယ်စပ်ရှိ ဒုက္ခသည်များအတွက် နိုင်ငံတကာအဖွဲ့များ၏ ကူညီ‌ထောက်ပံ့မှုများ ‌လျှော့ချလိုက်ခြင်း‌ကြောင့် ဒုက္ခသည်များ ရပ်တည်‌ရေးအတွက် အခက်အခဲများစွာ ကြုံ‌တွေ့‌နေရသည်ဟု ကရင်ဒုက္ခသည်များ‌ကော်မတီ- KRC ဥက္ကဌ ‌စော‌ရောဘတ် ‌ထွေးက ယခုလို‌ပြောသည်။

၎င်းက “လက်ရှိအချိန်မှာ စခန်းက ‌ကျောင်းဆရာတစ်‌ယောက်ဟာ တစ်လမှ ဘတ် ၅၀ဝပဲ ရ‌တော့တယ်။ ‌နောက်ပြီး တစ်အိမ်ကို အိမ်‌ဆောက်ဖို့ ဖက်တစ်ရာပဲ ‌ပေးတယ်ဆို‌တော့ဟာ ဘာလုပ်လို့ရမှာလဲ။ ဒါ‌ကြောင့် တကယ်လိုအပ်တဲ့အိမ်‌လောက်ပဲ ‌ပေးဖို့ ပြန် ဆုံးဖြတ်ရတာ‌တွေ လုပ်ရတာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ဒုက္ခသည်များ ‌နေရပ်ပြန်‌ရေးကိစ္စတွင် အားလုံးမှ မိမိတို့၏ ‌နေရပ်ကို ပြန်ချင်‌သော်လည်း ပြန်သည့်အချိန်တွင် ရိက္ခာ အကူအညီများ မရှိသဖြင့် စားဝတ်‌နေ‌ရေးများတွင် အခက်အခဲများစွာရှိသည့်အပြင် လုံခြုံမှု မရှိမည်ကိုလည်း စိုးရိမ်‌သော‌ကြောင့် ပြန်ရန်မဖြစ်နိုင်‌သေးသည့် အ‌ခြေအ‌နေအား ဤအစည်းအ‌ဝေးတွင် အဓိကထား‌ဆွေး‌နွေးခဲ့ကြသည်ဟု ‌စော‌ရောဘတ်‌ထွေးက ဆက်‌ပြောသည်။

အဆိုုပါ နှစ်ရက်တာ အစည်းအ‌ဝေးသို့ ထိုင်း-မြန်မာနယ်စပ် တစ်‌လျှောက်ရှိ ဒုက္ခသည်စခန်း (၉)ခုမှ ‌ကော်မတီတာဝန်ရှိသူများ၊ အစိုးရမဟုတ်‌သော အဖွဲ့အစည်းများ-NGOs ၊ လူထုအ‌ခြေပြုအဖွဲ့အစည်းများ-CBOs ၊ အလှူရှင်များ၊ စုစု‌ပေါင်း ၆ဝဦး‌ကျော် တက် ‌ရောက်ခဲ့ပြီး စခန်းတစ်ခုချင်း၏ စီမံခန့်ခွဲမှုအ‌ခြေအ‌နေ၊ ကူညီ‌ထောက်ပံ့လာမှု အ‌ခြေအ‌နေ၊ ‌နေရပ်ပြန်‌ရေးကိစ္စနှင့် ယခင် ‌နေရပ် ပြန်သွားခဲ့သူများ၏ ‌နောက်ဆက်တွဲအ‌ခြေအ‌နေများကို ‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

အစည်းအ‌ဝေး တက်‌ရောက်လာသူ ထမ်းမ်ဟင်ဒုက္ခသည်စခန်း‌ကော်မတီဥက္ကဌ ‌စောဂျက်ခမူးက “အခုလို ကူညီမှု‌တွေ ‌လျှော့ချ လိုက်တာဟာ စခန်းရဲ့လည်ပတ်မှုကို တအား ခက်ခဲလာ‌စေတယ်။ ကြားကာလလို့ ‌ပြော‌နေတဲ့ မြန်မာနိုင်ငံ အ‌ခြေအ‌နေကလည်း ပြန်ဖို့ မသင့်‌တော်‌သေးတဲ့ အချိန်၊ ကျ‌နော်တို့ဟာ စစ်‌ကြောင့် ဒုက္ခသည်ဖြစ်လာရတာ၊ အရာရာကို ဆုံးရှုံးရတာ။ ဒါ‌ကြောင့် စစ် ‌ရေးအ‌ခြေအ‌နေ မငြိမ်သက်‌သေးတဲ့ ကာလပတ်လုံးမှာ ပြန်ဖို့ မဖြစ်နိုင်‌သေးပါဘူး”ဟု ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ထမ်းမ်ဟင်၊ ဘန့်ဒုံယန်း၊ ကရင်နီ အမှတ် (၁)၊ အမှတ် (၂) စသည့်ဒုက္ခသည်စခန်း ၉ခုတွင် လက်ရှိ ဒုက္ခသည်ဦး‌ရေ ၁၂ဝ,ဝဝဝ‌ကျော် ခိုလှုံလျက်ရှိသည်ဟု ဒုက္ခသည်များကို ကူညီ‌ထောက်ပံ့မှု‌ပေး‌နေသည့် The Border Consortium –TBC ၏ စာရင်းအရ သိရသည်။

စခန်းစီမံခန့်ခွဲမှု အလုပ်အဖွဲ့(Camp Management Working Group) နှင့် Stakeholder များ၏ အစည်းအ‌ဝေးကို ယခင်က သုံးလတစ်ကြိမ် ပြုလုပ်ခဲ့‌သော်လည်း ရံပုံ‌ငွေ အခက်အခဲ‌ကြောင့် ‌လေးလတစ်ကြိမ် ‌ပြောင်းလဲ ပြုလုပ်လာရခြင်းဖြစ်‌ကြောင်း စခန်းတာဝန်ရှိသူများက ‌ပြောသည်။