KIC News
ကရင်ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းများ EITI လုပ်ငန်းဆောင်ရွက်မှုကိစ္စ ဆွေးနွေး
မတ် ၁၄ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့
မြန်မာနိုင်ငံအတွင်း သဘာဝသယံဇာတ အရင်းအမြစ်များ တူးဖော်ထုတ်ယူသုံးစွဲရေးဆိုင်ရာ ပွင့်လင်းမြင် သာမှု ဖော်ဆောင်ရေးအဖွဲ့(EITI)၏ လုပ်ငန်းဆောင်ရွက်မှုကို ဆွေးနွေးရန် ကရင်ပြည်နယ် အရပ်ဖက်လူမှု အဖွဲ့အစည်း(CSOs)များက ဖားအံမြို့၊ ကန်သာဦးခမ်းမ၌ မတ်လ ၁၂ မှ ၁၃ ရက်နေ့အထိ ဆွေးနွေးပွဲ တစ်ရပ်ပြုလုပ်ခဲ့သည်။
၎င်းဆွေးနွေးပွဲတွင်...
အစိုးရစစ်တပ်ပစ်ခတ်၍ အဖွဲ့ဝင်တစ်ဦး ဒဏ်ရာရခဲ့ဟု FBR ပြော
မတ်လ ၁၃ရက်၊ ၂၀၁၄ခုနှစ်။ စောသိန်းမြင့်
မြန်မာအစိုးရစစ်တပ်ပစ်ခတ်၍ ၎င်းတို့တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိကြောင်း မြန်မာနိုင်ငံရှိ တိုင်းရင်းသား ဒေသ များအတွင်း ကြုံတွေ့နေရသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စောင့်ကြည့်နေသည့်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့(FBR)က မတ်လ ၁၂ရက်နေ့၌ သတင်းထုတ်ပြန်ခဲ့သည်။
အပစ်ခံရသူသည် FBR မှ ဗွီဒီယိုရုပ်သံမှတ်တမ်းလိုက်ယူနေသူ အသက် ၂၅နှစ်အရွယ် စောရှဲစေးဖြစ်ပြီး...
ကရင်အဆိုတော် ထူးဝါး ဈာပနအခမ်းအနား ပြုလုပ်ပြီးစီး
မတ် ၁၂ရက်၊ ၂၀၁၄ခုနှစ်။ ကေအိုင်စီ
ကွယ်လွန်သွားသည့် နာမည်ကြီး အဆိုတော် ထူးဝါး၏ ဈာပနအခမ်းအနားကို ယနေ့ (မတ်လ ၁၂ရက်နေ့) ညနေ ၂နာရီ၌ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရွှေကုက္ကိုမြိုင်ကျေးရွာတွင် ကျင်းပပြီးစီးသွားပြီဖြစ်သည်။
၎င်းဈာပနအခမ်းအနားတွင် အဆိုတော် ထူးဝါး၏ ဆွေမျိုးများ၊ ကရင်အနုပညာရှင်များ အပါအဝင် ဧည့်ပရိ ဿတ်...
ပြည်တွင်းငြိမ်းချမ်းရေးသာတူညီမျှမှု အခြေခံပြီး လုပ်ဆောင်ရန် ကရင်ဘာသာရေးခေါင်းဆောင်များတောင်းဆို
မတ်လ ၁၂ ရက်၊ ၂၀၁၄ ခုနှစ်။ နန်းဝေဖြိုးဇာ
လက်ရှိ အစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့များအကြား ဖော်ဆောင်နေသည့် ငြိမ်းချမ်း ရေးဖြစ်စဉ်တွင် ရိုးသားမှု၊ ကတိတည်မှု၊ သာတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး လုပ်ဆောင်ကြရန် ကရင်ဘာသာရေးခေါင်းဆောင်များက ယနေ့ ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။
ကရင်ပြည်နယ်၊ ဖားအံမြို့ သုမေဓာရာမကျောင်းတိုက်၌ မတ်လ...
ကရင်နိုင်ငံရေး ၄ ပါတီ ၂၀၁၅ ရွေးကောက်ပွဲအပြီး ပူးပေါင်းမည်
မတ် ၁၁ ရက်၊ ၂၀၁၄ ခုနှစ်။ စောထွန်းလင်း
လက်ရှိ တရားဝင်ရပ်တည်နေသည့် ကရင်နိုင်ငံရေးပါတီ ၄ ခုက ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် တစ်ပါတီ တည်းအဖြစ် ပူးပေါင်းသွားမည်ဖြစ်ကြောင်း ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ(PSDP) ဒုဥက္ကဌ မန်းအောင်ပြည့်စိုးက ပြောဆိုလိုက်သည်။
ယင်းသို့ ပါတီ ၄ ခု...
NCCT တွင် မပါသည့် အခြားလက်နက်ကိုင် အဖွဲ့အစည်းများကို လာမည့် ဆွေးနွေးပွဲများတွင် ဖိတ်ကြားမည်
မတ်လ ၁၁ ရက်၊ ၂၀၁၄ ခုနှစ်။ စဖန်းရှောင်း
အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့က ၎င်းတို့ထပ်မံတွေ့ဆုံ မည့် ဆွေးနွေးပွဲများတွင် (NCCT)အဖွဲ့ဝင်မဟုတ်သည့် အခြား လက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း ဖိတ်ကြားရန် သဘောတူညီခဲ့ကြသည်။
မတ်လ...
ဖားအံမြို့တွင် သန်းခေါင်စာရင်းအတွက် စာရင်းစစ် သင်တန်းပြုလုပ်ပြီးစီး
မတ်လ ၁၁ရက်၊ ၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ပြည်နယ်ပညာရေးရုံး၊ မြကြေးမုံခန်းမဆောင်၌ ခရိုင်သန်းခေါင်စာရင်းအတွက် ကျောင်းဆရာ၊ ဆရာမများ တက်ရောက်သည့် ၅ ရက်တာ စာရင်းစစ်သင်တန်းတစ်ရပ်ကို ယမန်နေ့ (မတ်လ ၁ဝ ရက်နေ့)တွင် ပြုလုပ်ကျင်းပပြီးစီးကြောင်း သိရသည်။
မတ်လ ၆ မှ ၁ဝ...
ကရင်ပြည်နယ်ရှိ မြို့ ၄ မြို့ကို အနုပညာရှင်များ သန်းခေါင်စာရင်းအကြောင်း လိုက်လံပညာပေး
မတ်လ ၁ဝ ရက်၊ ၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ
တိုင်းရင်းသားပြည်သူလူထုများအနေဖြင့် သန်းခေါင်စာရင်းအကြောင်းအရာများကို သိရှိနားလည်ရန် အောက် မြန်မာပြည် သန်းခေါင်စာရင်း အနုပညာရှင်ပညာပေးအဖွဲ့က ကရင်ပြည်နယ်ရှိ မြို့၄ မြို့ဖြစ်သည့် မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ဖားအံမြို့တို့သို့ လိုက်လံပညာပေးနေသည်ဟု မတ်လ ၇ မှ ၈ ရက်နေ့အထိ...
အာရှဟိုင်းဝေးလမ်းကြောင့် ဆုံးရှုံးမြေယာများ လျော်ကြေးပေး
မတ်လ ၁ဝရက်၊ ၂၀၁၄ခုနှစ်၊ နန်းချောင်ဖော့
ကရင်ပြည်နယ်အတွင်း မြဝတီ၊ သဃင်္န်းညီနောင်၊ ကော့ကရိတ်အထိ အာရှလမ်းမဖောက်လုပ်ရာတွင် စီမံကိန်းကြောင့် ပျက်စီးပါဝင်သွားသည့် ဒေသခံများ၏ လယ်မြေ၊ ဥယျာဉ်ခြံမြေနှင့် သီးပင်စားပင်များ အတွက် အစိုးရနှင့် ကုမ္ပဏီတို့က လျော်ကြေးငွေပေးအပ်လိုက်ပြီးဖြစ်ကြောင်း သိရသည်။
မတ်လ ၇ရက်နေ့က ကော့ကရိတ်မြို့၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံး၊ ဘုရင်နောင်ခန်းမ၌ ၎င်းလျော်ကြေးငွေပေး...
ကရင်နာမည်ကြီး အဆိုတော် ထူးဝါးသေဆုံး
မတ်လ ၈ရက်။ ၂၀၁၄ခုနှစ်။ စောခါးစူးညား
ပြည်တွင်းပြည်ပ ကရင်များအကြား အောင်မြင်ကျော်ကြားနေသည့် ကရင်နာမည်ကြီး အဆိုတော် အသက် ၃၂နှစ်အရွယ် ထူးဝါးသည် မတ်လ ၇ရက်နေ့၌ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်ဒေသအတွင်း တစ်နေရာ တွင် အသတ်ခံခဲ့ရသည်ဟု စုံစမ်းသိရှိရသည်။
အဆိုတော် ထူးဝါးသေဆုံးမှုနှင့် ပတ်သက်၍ အမည်မဖော်လိုသူ ဆွေမျိုးတော်စပ်သူတစ်ဦးက...














