Home Authors Posts by KIC News

KIC News

22012 POSTS 0 COMMENTS

မြန်မာဘက်ကူးမည့် တရုတ်နိုင်ငံသား(၈) ဦးနှင့် ထိုင်းလမ်းပြ (၂) ဦးကို ထာ့ဆောင်ယန်းမြို့နယ်တွင် ထိုင်းရိန်းဂျားတပ်ဖွဲ့ ဖမ်းမိ

ဩဂုတ် (၂၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းနယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ တရားမဝင်ကူးမည့် တရုတ်နိုင်ငံသား (၈) ဦးနှင့် ထိုင်းနိုင်ငံသား လမ်းပြ (၂) ဦးကို ထာ့ဆောင်ယန်းမြို့နယ်၊ မဲဥစူကျေးရွာအုပ်စုအတွင်း နယ်မြေခံ တောချောဒေါရိန်းဂျားတပ်ဖွဲ့ အမှတ် (၃၅၀၁) က...

တောင်ကိုးရီးယားအစိုးရမှ နယ်စပ်ဒုက္ခသည်စခန်း(၅)ခုအတွက် အမေရိကန်ဒေါ်လာ (၁) သိန်းကျော်တန်ဖိုး ထောက်ပံ့မည်

ဩဂုတ် (၂၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနှင့် တောင်ကိုးရီးယားနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု တည်မြဲစေရန် ထိုင်းနိုင်ငံထဲရှိ ဒုက္ခသည်စခန်း (၅)ခုအတွက် အမေရိကန် (၁၂၀,၀၀၀)တန်ဖိုးရှိ အကူအညီအထောက်အပံ့များ တောင်ကိုးရီးယားအစိုးရက ပေးအပ်မည်ဖြစ်ကြောင်း ဩဂုတ်လ (၂၆)ရက်နေ့က ထိုင်း-မြန်မာနယ်စပ်၊ မယ်လဒုက္ခသည်စခန်းတွင် ပြုလုပ်သည့်အခမ်းအနားမှ သိရသည်။ The...

နီပေါ-တိဘက်နယ်စပ်တွင် ရုတ်တရတ်ရေကြီးမှုကြောင့် လူပေါင်း (၁၆၅) ဦးထက်မနည်း သေဆုံးပြီး (၁,၅၀၀) နီးပါး ပျောက်ဆုံးနေ

ဩဂုတ် (၂၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ဟိမဝန္တာတောင်တန်းဒေသ နီပေါနိုင်ငံနှင့် တရုတ်ပြည်၊ တိဘက်နယ်စပ်တွင် ယမန်နေ့ (ဩဂုတ်လ ၂၆ ရက်) က ရေခဲမြစ်နှင့်ကျောက်တုံးများပြိုကျရာမှ ရုတ်တရတ်ရေကြီးမှုဖြစ်ပွားခဲ့ပြီး ခရီးသွားအများစုပါဝင်သော လူပေါင်း(၁၆၅)ဦးထက်မနည်း သေဆုံးကာ (၁,၅၀၀) နီးပါး ပျောက်ဆုံးနေကြောင်း နိုင်ငံတကာသတင်းများက ဖော်ပြသည်။ နီပေါ–တရုတ်...

စမတ်ကတ်ပြုလုပ်မှုနှင့် သန်းခေါင်စာရင်းအချက်အလက်ပြင်ဆင်မှုတွင် ကော့ကရိတ် လဝက မှ ကျပ်သိန်းဂဏန်းအထိ ငွေတောင်း

ဩဂုတ် (၂၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် စစ်အုပ်စု၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက) ရုံးတွင် ဒေသခံများ စမတ်ကတ် (Smart Card) ပြုလုပ်မှုနှင့် သန်းခေါင်စာရင်းအချက်အလက်ပြင်ဆင်မှုတွင် ရုံးဝန်ထမ်းများက အနည်းဆုံး ကျပ် ၅ သောင်းမှ ၃...

မြဝတီတောင်ပိုင်းတိုက်ပွဲကြောင့် ပလောတပို့ စစ်ရှောင်များ လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ် စိုးရိမ်

ဩဂုတ် (၂၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တောင်ပိုင်း၊ ဖလူး-မင်းလက်ပံဒေသတွင် စစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်တို့အကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေ၍ ပလောတပို့ စစ်ဘေးရှောင်များ လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ် စိုးရိမ်နေကြကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။ အဆိုပါတိုက်ပွဲများကြောင့် ပလောတပို့စခန်းတွင် ကျန်ရှိနေသည့် စစ်ရှောင် ၂,၀၀၀...

ကျောင်းထုတ်ခံရသည့် ဒုက္ခသည်ကလေးများဘက် ရပ်တည်သူ ထာ့ဆောင်ယန်းဆေးရုံအုပ်ကို တာ့ခ်ခရိုင် ကျန်းမာရေးဌာန ထောက်ခံ

ဩဂုတ် (၂၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းအစိုးရ စာသင်ကျောင်း ထုတ်ခံရသည့် မယ်လဒုက္ခသည်စခန်းမှ ကလေး(၁၃)ဦးအတွက် ထောက်ခံမှတ်ချက်ပေးသဖြင့် ဝေဖန်ခံနေရသူ ထာ့ဆောင်ယန်းဆေးရုံအုပ်ကြီးအား လူသားချင်းစာနာထောက်ထားမှုဘက်မှ ရပ်တည်ခြင်းသာဖြစ်ကြောင်း တာ့ခ်ခရိုင် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ်လ၊ ၂၅ရက်နေ့စွဲဖြင့် ထုတ်ပြန်ထောက်ခံသည်။ ဆေးရုံအုပ်ကြီး ဒေါက်တာ ထဝပ်ချိုင်း ယင်ထဝီဆပ်သည် ဩဂုတ်လ...

ညောင်တုန်းကျွန်းတာ ရေတိုက်စား၍ ပဲ့ကျမှုဖြစ်ပွား၊ လူအင်အား ၁,၀၀၀ ကျော်ဖြင့် အရေးပေါ် ပြုပြင်နေရ

ဩဂုတ် (၂၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) ဆည်မြောင်းတာသည် ယမန်နေ့ ဩဂုတ်လ ၂၅ ရက်) နံနက်ပိုင်းက မြစ်ရေတိုက်စားမှုကြောင့် တာမိုင် (၁၀/၆) နှင့် (၁၀/၇ )ကြားတွင် ပဲ့ကျမှု ဖြစ်ပွားခဲ့ရာ...

အာဏာသိမ်း(၅)နှစ်ကျော်ကြာ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ အနိမ့်ဆုံးအဆင့်သစ်သို့ ကျဆင်းလာ

ဩဂုတ် (၂၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေသည် စစ်အုပ်စုအာဏာသိမ်းထားသည့်(၅)နှစ်ကျော်ကြာပြီးနောက် အနိမ့်ဆုံးအဆင့်သစ်သို့ ဆက်လက်ကျဆင်းလျက်ရှိကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးရုံး (OHCHR) က ၂၀၂၅ ခုနှစ် ဇွန်လမှ ၂၀၂၆ ခုနှစ် မေလအထိ ကာလကို လွှမ်းခြုံထားသည့် အစီရင်ခံစာတွင် ဖော်ပြသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးခြင်း၊ နေအိမ်မီးရှို့ဖျက်ဆီးခံရမှုများပြားလာခြင်းနှင့်အတူ...

စစ်အုပ်စုစစ်ကြောင်းနှင့်တိုးသည့် သရက်ချောင်းက အရပ်သားလူငယ်(၁)ဦး ပစ်သတ်ခံရ

ဩဂုတ် (၂၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၄)၊ ဘိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒို(သရက်ချောင်း)မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ယခုဩဂုတ်လအတွင်း စစ်ကြောင်းထိုးနေသည့်စစ်အုပ်စုက ဥတ္တူကျေးရွာရှိ ဒေသခံလူငယ်အမျိုးသား(၁)ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ရွာခံများက ပြောသည်။ ဩဂုတ်လ (၁၀)ရက်နေ့မှစတင်ကာ သရက်ချောင်းမြို့နယ်၊ ရှင်မုတ္ထီးရွာမှတဆင့် ကျောက်လှေကား၊ ကထီးဝ စသည့် ကျေးရွာ(၁၀)ရွာထက်မနည်းသို့...

တုံးဗျောကျေးရွာတွင် တပ်စွဲထားသော အာဏာသိမ်းတပ် KNDO ဝင်ရောက်တိုက်ခိုက်၊ လက်နက်အချို့ သိမ်းဆည်းရမိ

ဩဂုတ် ၂၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ မဇောကျေးရွာအုပ်စု၊ တုံးဗျောကျေးရွာတွင် တပ်စွဲထားသော အာဏာသိမ်းတပ်ကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ကေအဲန်ယူက ထုတ်ပြန်သည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်၊ မွန်းလွဲ...
Donate