Home သတင်း အာရှဟိုင်း‌ဝေးလမ်း‌ကြောင့် ဆုံးရှုံး‌မြေယာများ ‌လျော်‌ကြေး‌ပေး

အာရှဟိုင်း‌ဝေးလမ်း‌ကြောင့် ဆုံးရှုံး‌မြေယာများ ‌လျော်‌ကြေး‌ပေး

1553

‌မြေယာ ‌လျော်‌ကြေး‌ငွေ ‌ပေးအပ်ခြင်း အခမ်းအနား

မတ်လ ၁ဝရက်၊ ၂၀၁၄ခုနှစ်၊ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်အတွင်း မြဝတီ၊ သဃင်္န်းညီ‌နောင်၊ ‌ကော့ကရိတ်အထိ အာရှလမ်းမ‌ဖောက်လုပ်ရာတွင် စီမံကိန်း‌ကြောင့် ပျက်စီးပါဝင်သွားသည့် ‌ဒေသခံများ၏ လယ်‌မြေ၊ ဥယျာဉ်ခြံ‌မြေနှင့် သီးပင်စားပင်များ အတွက် အစိုးရနှင့် ကုမ္ပဏီတို့က ‌လျော်‌ကြေး‌ငွေ‌ပေးအပ်လိုက်ပြီးဖြစ်‌ကြောင်း သိရသည်။

မတ်လ ၇ရက်‌နေ့က ‌ကော့ကရိတ်မြို့၊ ခရိုင်အုပ်ချုပ်‌ရေးမှူးရုံး၊ ဘုရင်‌နောင်ခန်းမ၌ ၎င်း‌လျော်‌ကြေး‌ငွေ‌ပေး အပ်ခြင်း အခမ်းအနားကျင်းပပြီး စီမံကိန်း‌ကြောင့် လယ်‌မြေ၊ ဥယျာဉ်ခြံ‌မြေနှင့် သီးပင်စားပင်များ ပျက်ဆီး သွားသည့် ‌ဒေသခံများမှ လက်မှတ်ထိုးကာ ‌လျော်‌ပေး‌ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ကရင်ပြည်နယ်ဝန်ကြီး ဦး‌ဇော်မင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အားရှလမ်းမ‌ဖောက်လုပ်ရာမှာ ပျက်စီးသွားတဲ့ လယ်‌မြေ‌တွေအတွက် နိုင်ငံ‌တော်ဘတ်ဂျက်နဲ့ ‌ဆောက်လုပ် ‌ရေးဌာနက တာဝန်ယူပြီး‌တော့ တစ်ဧကကို ၁၅ သိန်းနှုန်းနဲ့ SEE SANG က ၅သိန်းထပ်‌ဆောင်း‌ပေးတယ်” ဟု ဦး‌ဇော်မင်းက ‌ပြောသည်။

ထို့အပြင် အာရှလမ်းမ‌ဖောက်လုပ်ရာတွင် ပျက်စီးဆုံးရှုံးသွားသည့် လယ်‌မြေဧက‌ပေါင်း ၅၆.၀၆ဧက၊ ဥယျာဉ် ‌မြေ ၅.၂၈ ဧက၊ သီးပင်စားပင်း၊ အိမ်‌ပြောင်းခ၊ အိမ်ခြံ‌မြေစားပင်အတွက် ‌လျော်‌ကြေး‌ငွေ စုစု‌ပေါင်း ကျပ်‌ငွေ သိန်း‌ပေါင်း ၁၇၇,၅၉၀,၀၀ဝ ‌ပေးအပ်သွားမည်ဖြစ်‌ကြောင်း ဝန်ကြီးဦး‌ဇော်မင်းက အခမ်းအနားတွင် ‌ပြောကြားခဲ့သည်။

၎င်း‌လျော်‌ကြေး‌ငွေ‌ပေးအပ်ခြင်း အခမ်းအနားကို ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီး ဦး‌ဇော်မင်း၊ ပြည်နယ် လွှတ်‌တော်အမတ် ‌ကော့ကရိတ်‌မြောက်ပိုင်း မဲဆန္ဒနယ် အမှတ်(၁)မှ မန်းလှမြိုင်၊ ပြည်နယ်စက်မှု နှင့် လျှပ်စစ်ဝန်ကြီး ‌စောကြည်လင်းအဖွဲ့များ၊ ‌ကော့ကရိတ်ဌာနဆိုင်ရာအဖွဲ့များ၊ SEE SANG ကုမ္မဏီမှ အင်ဂျင်နီယာ Mr.Supot Wongsirojkul၊ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)မှ ကိုယ်စားလှယ်များ နှင့် လယ်‌မြေ၊ ဥယျာဉ်ခြံ နှင့် သီးပင်စားပင်းများ ထိခိုက်ပျက်စီးသွားသည့်‌ဒေသခံတို့ စုစု‌ပေါင်း ၁၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

‌မြေယာ ‌လျော်‌ကြေး‌ငွေ ‌ပေးအပ်ခြင်း အခမ်းအနား

‌မြေယာ ‌လျော်‌ကြေး‌ငွေ ‌ပေးအပ်ခြင်း အခမ်းအနား


အာရှလမ်းမ‌ဖောက်လုပ်ရာတွင် လယ်‌မြေပါသွားသည့် အဖွား‌ဒေါ်‌မေရှင်က “ပထမ သူတို့‌ပြောတာက တစ်ဧကကို သိန်း၃၀‌ပေါ့‌နော်။ ‌နောက်ပိုင်း‌တော့ ၁၅ သိန်းဆို‌တော့ အဖွားက လက်မခံနိုင်‌တော့ဘူး။ သွားတင်ပြတယ်။ ၁၅သိန်းဆို မယူနိုင်ဘူး‌ပေါ့။ အခု‌တော့ သိန်း၂ဝနဲ့ ဖြစ်သွားတယ်။ အများနဲ့ဆို‌တော့ မ‌ပြော‌တော့ဘူး။ လက်မှတ်ထိုးပြီး လက်ခံလိုက်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

နိုင်ငံ‌တော်မှ ‌မြေအမျိုးအစား‌ပေါ်မူတည်ပြီး ‌လျော်‌ကြေး‌ပေးသည့်အတွက် အာရှလမ်းမ‌ဖောက်လုပ်ရာတွင် နစ်နာဆုံးရှုံးသွားသည့် လယ်‌မြေများကို ဒုတိယ‌မြေအမျိုးအစားအဖြစ် သတ်မှတ်ထားပြီး ‌နွေ၊ မိုး၊ ‌ဆောင်း ရာသီဥတုသုံးပါး စိုက်ပျိုးလို့ရသည့် လယ်‌မြေကို အ‌ကောင်းဆုံး ပထမ‌မြေ၊ နှစ်ရာသီ စိုက်ပျိုးလို့ရသည့် ‌မြေကို ဒုတိ‌မြေနှင့် ရာသီတစ်ခုသာ စိုက်ပျိုးရသည့်‌မြေကို တတိယတန်းစား‌မြေအဖြစ် သတ်မှတ်ထားသည် ဟု ဦး‌ဇော်မင်းက ဖြည့်စွက်‌ပြောဆိုသည်။

‌ကေအဲန်ယူ ‌ကော့ကရိတ်မြို့နယ် ဥက္ကဌ ပဒို‌စော‌မောထူးက “ကျ‌နော်တို့ ‌ဆောင်ရွက်‌ပေးတာ ‌တောင်းဆို‌ပေးတာပါ။ လူထု‌တွေ အခုလို မျိုး‌လျော်‌ကြေး‌တွေရတာ ကျ‌နော်တို့ ဝမ်းသာ တာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အာရှအ‌ဝေး‌ပြေးလမ်း စီမံကိန်းအတွက် ထိုင်းနှင့် မြန်မာနှစ်နိုင်ငံသ‌ဘောတူညီခဲ့ကြပြီး ထိုင်းနိုင်ငံက အာရှဖွံ့ ဖြိုး‌ရေးဘဏ် အကူအညီဖြင့် ထိုင်းဘတ်‌ငွေ ၁,၁၄ဝသန်း အကုန်ကျခံကာ ၂၀၀၄ခုနှစ်က စတင်‌ဖောက်လုပ် ကာ ၂၀၀၅ခုနှစ်တွင် ‌ခေတ္တရပ်နားခဲ့သည်။

သို့‌သော် ‌ကေအဲန်ယူနှင့် အစိုးရတို့ အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူလက်မှတ်ထိုးခဲ့ပြီး‌နောက် ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလတွင် စီမံကိန်းကို ပြန်လည်စတင်ခဲ့ပြီး ၂၀၁၄ဧပြီလတွင် အပြီး‌ဖောက်လုပ်သွားမည်ဖြစ်ရာ လမ်းပြီးစီးသွားပါက ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့မှ လာအို၊ ထိုင်း၊ မြန်မာ၊ အိန္ဒိယ စသည့်နိုင်ငံများကို ဖြတ်သန်းသွားလာနိုင်မည့် အာရှလမ်းမကြီး ဖြစ်လာမည်ဟု သိရသည်။