Home သတင်း ကရင်ပြည်နယ်ရှိ မြို့ ၄ မြို့ကို အနုပညာရှင်များ သန်း‌ခေါင်စာရင်းအ‌ကြောင်း လိုက်လံပညာ‌ပေး

ကရင်ပြည်နယ်ရှိ မြို့ ၄ မြို့ကို အနုပညာရှင်များ သန်း‌ခေါင်စာရင်းအ‌ကြောင်း လိုက်လံပညာ‌ပေး

2002

သန်း‌ခေါင်စာရင်း အနုပညာရှင် ပညာ‌ပေးအဖွဲ့၏ ကရင်ပြည်နယ်ခရီးစဉ်

မတ်လ ၁ဝ ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

တိုင်းရင်းသားပြည်သူလူထုများအ‌နေဖြင့် သန်း‌ခေါင်စာရင်းအ‌ကြောင်းအရာများကို သိရှိနားလည်ရန် ‌အောက် မြန်မာပြည် သန်း‌ခေါင်စာရင်း အနုပညာရှင်ပညာ‌ပေးအဖွဲ့က ကရင်ပြည်နယ်ရှိ မြို့၄ မြို့ဖြစ်သည့် မြဝတီ၊ ‌ကော့ကရိတ်၊ ကျုံဒိုး၊ ဖားအံမြို့တို့သို့ လိုက်လံပညာ‌ပေး‌နေသည်ဟု မတ်လ ၇ မှ ၈ ရက်‌နေ့အထိ ရုပ်ရှင် သရုပ်‌ဆောင် ဟာသလူရွှင်‌တော် အရိုင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“နယ်စွန်နယ်ဖျားမှာ‌ရောက်‌နေတဲ့ ပြည်သူပြည်သား‌တွေ‌ကော၊ ဒီမှာ‌နေထိုင်တဲ့ ပြည်သူ‌တွေ‌ကော တချို့‌တွေက ဒီအ‌ကြောင်းအရာ‌တွေကို တိတိကျကျ သိချင်တယ်။ သိလည်း သိထားသင့်တယ်။ ကျ‌နော်အ‌နေနဲ့လည်း သိ‌စေ ချင်ပါတယ်။ ဒါတကယ့်ကို အ‌ရေးကြီးတဲ့ အ‌ကြောင်းအရာ‌လေး ဖြစ်တဲ့အတွက် ဦးရိုင်းတို့ကိုယ်တိုင် ဆင်နွှဲ‌ပေး တယ်။ အသိပညာရ‌အောင် လှှုံ့‌ဆော်‌ပေးတာဖြစ်တယ်”ဟု အရိုင်းက ‌ပြောဆိုသည်။

ထိုသို့ လိုက်လံရှင်းပြမှုများ ပြုလုပ်ရာတွင် ဦး‌ဆောင်သူ အရိုင်းနှင့် ‌ဒေါ်‌ရွှေစင်ထိုက်တို့က သန်း‌ခေါင်စာရင်း အ‌ကြောင်းကို ရှင်းပြ‌ပေးခြင်း၊ ဟာသလူရွှင်‌တော် သီး‌လေးသီးအဖွဲ့မှ သန်း‌ခေါင်စာရင်းဆိုင်ရာ လူဦး‌ရေနှင့် အိမ်အ‌ကြောင်းရာ ကစားနည်းများကို ပြုလုပ်‌ပေးခြင်း၊ အဆို‌တော် အိမ့်ချစ်မှ သီချင်းဖြင့် သီဆို‌ဖျော်‌ဖြေ‌ပေးခြင်း များကို ‌ဒေသခံလူထုများအား တင်ဆက်‌ပေးခဲ့ကြခြင်းဖြစ်သည်။

၎င်း‌ဖျော်‌ဖြေ‌ရေး ပညာ‌ပေးရာတွင် တက်‌ရောက်သည့် ဖားအံမြို့မှ ပရိဿတ်တစ်ဦးဖြစ်သူ နန်း‌ကေခိုင်ဦးက “ကျမတို့က ‌ဈေးပဲ ‌ရောင်းတယ်ဆို‌တော့ သန်း‌ခေါင်စာရင်း‌ကောက်မှာကို‌တော့ ကြားတယ်။ အခုလို အနုပညာ ရှင်‌တွေက လာ‌ရောက်‌ပြော‌ပေးတာကို‌တော့ နည်းနည်း စိတ်ဝင်စားလာတယ်။ နည်းနည်းပါးပါး‌တော့ သိလာတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌အောက်မြန်မာပြည် သန်း‌ခေါင်စာရင်း အနုပညာရှင် ပညာ‌ပေးအဖွဲ့သည် မြန်မာနိုင်ငံရှိ ၆၉ မြို့နယ်သို့ သွား၍ မတ်လ ၂၅ ရက်‌နေ့တွင် ရပ်နားမည်ဖြစ်ပြီး အထက်မြန်မာပြည် သန်း‌ခေါင်စာရင်း အနုပညာရှင် ပညာ‌ပေးအဖွဲ့ အ‌နေဖြင့်လည်း ၅၁ မြို့နယ်သို့ သွား‌ရောက်အပြီး မတ်လ ၂၂ ရက်‌နေ့တွင် ပညာ‌ပေးအစီအစဉ် အဆုံးသတ် မည်ဖြစ်‌ကြောင်း သိရသည်။

ယခုမတ်လ ၁ ရက်‌နေ့၌ ‌နေပြည်‌တော်တွင် သမ္မတ ဦးသိန်စိန် ကိုယ်တိုင် သန်း‌ခေါင်စာရင်း‌ကောက်ယူ‌ရေး ဖွင့်ပွဲအခမ်းအနားပြုလုပ်ပြီး‌နောက်တစ်ရက် မတ်လ ၂ ရက်‌နေ့တွင် သန်း‌ခေါင်စာရင်း အနုပညာရှင် ပညာ‌ပေး အဖွဲ့က မြန်မာပြည်အထက်ပိုင်းနှင့် ‌အောက်ပိုင်းဟူ၍ အဖွဲ့ခွဲကာ သန်း‌ခေါင်စာရင်းပညာ‌ပေး အကြိုလှှုံ့‌ဆော်‌ရေး အတွက် ခရီးစဉ်စတင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ ‌အောက်မြန်မာပြည် သန်း‌ခေါင်စာရင်း အနုပညာရှင် ပညာ‌ပေးအဖွဲ့အ‌နေဖြင့် ကရင်ပြည်နယ်တွင် နှစ်ရက်တာအချိန်ဖြင့် ပညာ‌ပေးလှုံ‌ဆော်မှုများ ပြုလုပ်ပြီး‌နောက်တွင် မွန်ပြည်နယ်သို့ ဆက်လက် သွား‌ရောက် လျှက်ရှိ‌ကြောင်း သိရသည်။