Home သတင်း ကရင်အဆို‌တော် ထူးဝါး ဈာပနအခမ်းအနား ပြုလုပ်ပြီးစီး

ကရင်အဆို‌တော် ထူးဝါး ဈာပနအခမ်းအနား ပြုလုပ်ပြီးစီး

3841

မတ် ၁၂ရက်၊ ၂၀၁၄ခုနှစ်။ ‌ကေအိုင်စီ

ကွယ်လွန်သွားသည့် နာမည်ကြီး အဆို‌တော် ထူးဝါး၏ ဈာပနအခမ်းအနားကို ယ‌နေ့ (မတ်လ ၁၂ရက်‌နေ့) ည‌နေ ၂နာရီ၌ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ‌ရွှေကုက္ကိုမြိုင်‌ကျေးရွာတွင် ကျင်းပပြီးစီးသွားပြီဖြစ်သည်။

၎င်းဈာပနအခမ်းအနားတွင် အဆို‌တော် ထူးဝါး၏ ‌ဆွေမျိုးများ၊ ကရင်အနုပညာရှင်များ အပါအဝင် ဧည့်ပရိ ဿတ် တစ်‌ထောင်‌ကျော် တက်‌ရောက်ခဲ့ကြသည်ဟု အဆို‌တော် ထူးဝါး၏ ဇနီးဖြစ်သူ ‌နော်အမိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျမအမျိုးသားရဲ့ ဈာပန‌တော့ ဒီည‌နေမှာပဲ ပြီးစီးသွားပြီ‌ပေါ့‌နော်။ သူ့ကို ချစ်တဲ့ ပရိဿတ်‌တွေ အခုလို ဈာပနအခမ်းအနားကို လာ‌ရောက်ခဲ့ကြတဲ့အတွက် ကျမ‌ကျေးဇူးတင်ပါတယ်။”ဟု သူမက ‌ပြောဆိုသည်။

ယခုဈာပနအခမ်းအနားပြီး‌နောက် ကွယ်လွန်သွားသည့် အဆို‌တော် ထူးဝါးကို ရည်စူး၍ မိဘ‌ဆွေမျိုးများက ၎င်း၏ ‌မွေးရပ်ဇာတိဖြစ်သည့် ကရင်ပြည်နယ်၊ ဖားအံမြို့နယ် ရ‌သေ့ပျံရွာတွင် ဗုဒ္ဓဘာသာဓ‌လေ့ထုံးတမ်း အတိုင်း အလှူမဂင်္လာနှင့်အတူ ဝတ်ပြုဆု‌တောင်းမှုများ ပြုလုပ်‌ပေးမည်ဟု သိရသည်။

ထို့အပြင် အဆို‌တော် ထူးဝါး အသတ်ခံခဲ့ရခြင်းနှင့် ပတ်သက်၍ ထွက်‌ပြေးလွတ်‌မြောက်သူများကို သက်ဆိုင် ရာ ထိုင်းအာဏာပိုင်များအ‌နေဖြင့် ဆက်လက်စုံစမ်းမှုများပြုလုပ်ပြီး အမြန်ဆုံး ဖမ်းဆီးနိုင်ရန် ‌မျှော်လင့် ‌ကြောင်း ထူးဝါး၏ ဇနီးဖြစ်သူ ‌နော်အမိုင်က ဆက်‌ပြောသည်။

ယခု မတ်လ ၆ ရက်‌နေ့က ထူးဝါးသည် ၎င်း‌နေထိုင်ရာ မဲ‌ဆောက်မြို့ ‌နေအိမ်မှ အလုပ်ကိစ္စဖြင့် အပြင်သို့ ထွက်ခွါပြီး‌နောက် မတ် ၇ရက်‌နေ့တွင် လည်ပင်း၌ ကြိုးဒဏ်ရာအပါအဝင် ဓါးဖြင့် အထိုးခံရသည့် ဒဏ်ရာ များနှင့်အတူ မဲ‌ဆောက်အပြင်ဘက် တစ်‌နေရာတွင် ပြန်လည်‌တွေ့ရှိခဲ့ပြီး မဲ‌ဆောက်‌ဆေးရုံသို့ ပို့‌ဆောင်ခဲ့‌သော်လည်း အသက်မရှင်ဘဲ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

အဆို‌တော် ထူးဝါး၏ အမည်အရင်းမှာ ‌စောတင်‌ထွေး‌အေးဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၃၁နှစ်အရွယ်သာ ရှိ‌သေးကာ လက်ရှိ ကျန်ရစ်သူမိသားစုအဖြစ် ဇနီးနှင့် သားသမီး ၃ ဦးရှိ‌ကြောင်း သိရသည်။