Home သတင်း NCCT တွင် မပါသည့် အခြားလက်နက်ကိုင် အဖွဲ့အစည်းများကို လာမည့် ‌ဆွေး‌နွေးပွဲများတွင် ဖိတ်ကြားမည်

NCCT တွင် မပါသည့် အခြားလက်နက်ကိုင် အဖွဲ့အစည်းများကို လာမည့် ‌ဆွေး‌နွေးပွဲများတွင် ဖိတ်ကြားမည်

1498

NCCT နှင့် UPWC တို့ ‌တွေ့ဆုံစဉ်

မတ်လ ၁၁ ရက်၊ ၂၀၁၄ ခုနှစ်။ စဖန်း‌ရှောင်း

အစိုးရ ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးလုပ်ငန်း‌ကော်မတီ(UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တနိုင်ငံလုံးအပစ်အခတ် ရပ်စဲ‌ရေးဆိုင်ရာ ညှိနှိုင်း‌ရေးအဖွဲ့ (NCCT)တို့က ၎င်းတို့ထပ်မံ‌တွေ့ဆုံ မည့် ‌ဆွေး‌နွေးပွဲများတွင် (NCCT)အဖွဲ့ဝင်မဟုတ်သည့် အခြား လက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း ဖိတ်ကြားရန် သ‌ဘောတူညီခဲ့ကြသည်။

မတ်လ ၉ မှ ၁ဝ ရက်‌နေ့အထိ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံငြိမ်းချမ်း‌ရေး ပြန်လည်ထူ‌ထောင်‌ရေး လုပ်ငန်းဗဟိုဌာန (MPC)ရုံး၌ ပြုလုပ်သည့် UPWC နှင့် NCCT တို့အကြား ‌ဆွေး‌နွေးပွဲအပြီး ထုတ်ပြန်သည့် ‌ကြေညာချက်တွင် ထိုသို့ ‌ဖော်ပြထားခြင်းဖြစ်သည်။

NCCT အဖွဲ့‌ခေါင်း‌ဆောင် နိုင်ဟံသာက “ဥပမာ `၀’တို့၊ မိုင်းလားတို့၊ (RCSS)တို့လိုမျိုး။ အဓိကအားဖြင့် NCCT ထဲမှာ မပါတဲ့အဖွဲ့‌တွေ‌ပေါ့။ သူတို့ကို ‌ဆွေး‌နွေးတဲ့အထဲမှာ အရံအင်အားစုအ‌နေနဲ့‌ပေါ့‌လေ။ ပါဝင်ပြီး‌တော့ ‌ဆွေး‌နွေးခွင့်‌ပေးမယ်။ အဲဒါမှ သူတို့လည်း နားလည်သွားမယ်။” ဟု ‌ပြောဆိုသည်။

အပစ်ရပ်စဲ‌ရေးလက်မှတ်‌ရေးထိုးထား‌သော်လည်း (NCCT) အဖွဲ့ဝင်မဟုတ်သည့် အခြားအဖွဲ့များမှာ ညီညွတ် ‌သော `၀’ပြည်‌သွေးစည်းညီညွှတ်‌ရေးတပ်မ‌တော် UWSA၊ ရှမ်းပြည်ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ RCSS/SSA၊ နာဂ အမျိုးသား ဆိုရှယ်လစ်‌ကောင်စီ NSCN-K၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ အမျိူးသားဒီမိုက‌ရေစီ‌သွေးစည်းညီညွတ်‌ရေးတပ်မ‌တော် NDAA (မိုင်းလား) တို့ ဖြစ်‌ကြောင်း သိရသည်။

MPC ရုံးတွင်ပြုလုပ်သည့် UPWC နှင့် NCCT တို့အကြား ‌ဆွေး‌နွေးပွဲသို့ NCCT မှ ကိုယ်စားလှယ်များ၊ လွှတ်‌တော်ကိုယ်စားလှယ်အချို့၊ UPWC မှ ကိုယ်စားလှယ်များ၊ ပြည်‌ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများ၊ ကာကွယ်‌ရေး ဦးစီးချုပ်ရုံးမှ တပ်မ‌တော်သား ကိုယ်စားလှယ် ၄ ဦး၊ ဒု‌ရှေ့‌နေချုပ်တို့ တက်‌ရောက်ကြသည်။

ထို့အပြင် UPWC နှင့် NCCT တို့အကြား ‌တွေ့ဆုံခဲ့သည့် အဆိုပါ ‌ဆွေး‌နွေးပွဲတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ‌ရေး စာချုပ်မှုကြမ်း‌ရေးဆွဲရန် နှစ်ဖက်တာဝန်ရှိသူ ၁၈ ဦး ပါဝင်‌သော လုပ်ငန်းအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းရန် သ‌ဘော တူခဲ့ကြသည်ဟု ‌ဆွေး‌နွေးအပြီး နှစ်ဖက်ထုတ်ပြန်ထားသည့် ‌ကြေညာချက်တွင် ပါရှိသည်။

NCCT ဒုအဖွဲ့‌ခေါင်း‌ဆောင် ပဒို‌စောကွယ်ထူးဝင်းက “ကိုယ်စားလှယ် ဘယ်လို‌ရွေးမလဲဆိုတာက‌တော့ NCCT ကိုယ်စားလှယ်အဖွဲ့ထဲကပဲ ဖြစ်ချင်ဖြစ်မယ်။ NCCT ကိုယ်စားပြုတဲ့ အဖွဲ့‌တွေက‌နေ အခြားကိုယ်စားလှယ် တစ်ဦးဦးကိုလည်း လွှတ်လို့ရတယ်။ ဒီညှိနှိုင်း‌ရေး အဖွဲ့မှာ ပါဝင်‌ဆွေး‌နွေးနိုင်တဲ့ လူတစ်ဦးဦး‌ပေါ့‌နော်။ အခုအကြမ်းအားဖြင့်က‌တော့ တစ်ဖက်ကို ၉ ‌ယောက်စီ လို့‌တော့ သ‌ဘောမျိုးရှိတယ်။” ဟု ‌ပြောသည်။

UPWC နှင့် NCCT တို့သည် လာမည့် ဧပြီလ ‌နောက်ဆုံးအပတ်တွင် ထပ်မံ‌တွေ့ဆုံရန်ရှိ‌နေပြီး ထို‌တွေ့ဆုံပွဲတွင် အ‌ခြေခံမှုများ၊ ဦးတည်ချက်နှင့် ရည်ရွယ်ချက်များ၊ အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာကိစ္စများ၊ အပစ်အခတ်ရပ်စဲ‌ရေး ကို ခိုင်မာ‌စေရန် လုပ်‌ဆောင်ရမည့်နည်းလမ်းများ၊ နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲဆိုင်ရာ အာမခံချက်များ၊ ဆက်လက် အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ အ‌ထွေ‌ထွေ စသည်ဖြင့် အခန်း ၇ ခုကို ‌ဆွေး‌နွေးကြ မည်ဖြစ်‌ကြောင်း သိရသည်။