Home သတင်း ကရင်ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းများ EITI လုပ်ငန်း‌ဆောင်ရွက်မှုကိစ္စ ‌ဆွေး‌နွေး

ကရင်ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းများ EITI လုပ်ငန်း‌ဆောင်ရွက်မှုကိစ္စ ‌ဆွေး‌နွေး

1623

မတ် ၁၄ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

မြန်မာနိုင်ငံအတွင်း သဘာဝသယံဇာတ အရင်းအမြစ်များ တူး‌ဖော်ထုတ်ယူသုံးစွဲ‌ရေးဆိုင်ရာ ပွင့်လင်းမြင် သာမှု ‌ဖော်‌ဆောင်‌ရေးအဖွဲ့(EITI)၏ လုပ်ငန်း‌ဆောင်ရွက်မှုကို ‌ဆွေး‌နွေးရန် ကရင်ပြည်နယ် အရပ်ဖက်လူမှု အဖွဲ့အစည်း(CSOs)များက ဖားအံမြို့၊ ကန်သာဦးခမ်းမ၌ မတ်လ ၁၂ မှ ၁၃ ရက်‌နေ့အထိ ‌ဆွေး‌နွေးပွဲ တစ်ရပ်ပြုလုပ်ခဲ့သည်။

၎င်း‌ဆွေး‌နွေးပွဲတွင် မြန်မာနိုင်ငံရှိ EITI ၏ ရင်းနှီးမြုပ်နှံမှုများနှင့် ပွင့်လင်းမြင်သာမှုနှင့် လိုအပ်ချက်များ၊ CSOs ၏ အခန်းကဏ္ဍများ စသည်တို့ကို တက်‌ရောက်သူ ကိုယ်စားလှယ်များက အ‌မေးအ‌ဖြေများ အပြန် အလှန်ပြုလုပ်ကာ ‌ဆွေး‌နွေးခဲ့ကြသည်ဟု ကိုယ်တိုင် တက်‌ရောက်ခဲ့သူ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုကွန်ယက်(KESAN)၏ ဒုတာဝန်ခံ ‌စောအဲလက်စ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“သဘာဝသယံဇာတ အရင်းအမြစ်လုပ်ငန်း တူး‌ဖော်ထုတ်လုပ်တဲ့ ‌နေရာမှာ ပွင့်လင်းမြင်သာမှုရှိဖို့ အစိုးရက ဘယ်လိုလုပ်ထား တာရှိလဲ။ အရပ်ဖက် လူမှုအဖွဲ့ အစည်းအ‌နေနဲ့‌ကော ဘယ်ကဏ္ဍမှာ ပါဝင်ရမလဲဆိုတာ ကရင်ပြည်နယ်မှာရှိတဲ့ CSOs ‌တွေ သိရှိဖို့ လိုတယ်။ ‌နောက်တစ်ခုက EITI ‌ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်မှာ ကရင်ပြည်နယ်မှာရှိတဲ့ CSOs ရဲ့အခန်းကဏ္ဍဟာ ဘယ် အဆင့်မှာ ပါလို့ရတယ်ဆိုတာ နားလည်ဖို့ ဒီ‌ဆွေး‌နွေးပွဲကို လုပ်ခြင်းဖြစ်တယ်”ဟု ‌စောအဲလက်စ်က ‌ပြောဆိုသည်။

ထို့အပြင် EITI အားနည်းချက် အားသာချက်များကို နှိုင်းယှဉ်ပြီး CSOs အ‌နေဖြင့် သိရှိ‌အောင် သုံးပွင့်ဆိုင် ညွှန့်‌ပေါင်းအဖွဲ့(Multi-Stakeholder Group)၌ CSOs ၏ အခန်းကဏ္ဍကဘက်မှ‌နေ၍ အရပ်ဖက်လူမှုအဖွဲ့ အစည်းကိုယ်စားလှယ် အစစ်အမှန် ထွက်‌ပေါ်လာ‌ရေးအတွက် အဆင့်ဆင့်‌ရွေးချယ်နိုင်ရန် ‌ဆွေး‌နွေးပွဲလုပ် ရခြင်းဖြစ်သည်ဟု ‌စောအဲလက်စ်က ဆက်‌ပြောသည်။

၎င်း‌ဆွေး‌နွေးပွဲတွင် ကရင်ပြည်နယ်သစ်‌တောနှင့် သတ္တုတွင်းဝန်ကြီးဌာန ဦး‌စောဆာ‌လောလ အပါအဝင် KESAN၊ Youth Circle၊ Hku Po Ka paw၊ ကရင်ဖွံ့ဖြိုး‌ရေးကွန်ယက်(KDN)၊ ပွင့်လင်းမြင်သာမှု နှင့် တာဝန်ယူမှု‌ဖော်‌ဆောင်‌ရေး မြန်မာနိုင်ငံ အရပ်ဖက် ညွှန့်‌ပေါင်းအဖွဲ့(MC4T)၊ သွီးလူမှုဖွံ့ဖြိုး‌ရေးအဖွဲ့နှင့် အခြားအရပ်ဖက်လူမှုအဖွဲ့အစည်း‌ပေါင်း ၂၀‌ကျော်မှ ကိုယ်စားလှယ် ၁၀ဝခန့် တက်‌ရောက်ခဲ့ကြသည်။

‌ဆွေး‌နွေးပွဲတွင် ကရင်ပြည်နယ်အရပ်ဖက်လူမှုအဖွဲ့အစည်းကိုယ်စားလှယ်အဖြစ် တက်‌ရောက်ခဲ့သူ ‌စောမီ‌ဗွေဒိုက “ကျ‌နော်က ‌တော့ ဒါကို စိတ်ဝင်စားတယ်။ အစကတည်းက CSOs နဲ့ လုပ်ဖို့ အစီအစဉ်ရှိတယ်။ ဒီ EITI နဲ့ဆို အများကြီးလုပ်လို့ရတယ်။ ကျ‌နော်တို့ တစ်ဖွဲ့တည်းလုပ်လို့မရဘူး။ ဒီပြည်နယ်မှာရှိတဲ့ CSOs အဖွဲ့‌တွေနဲ့ တိုင်ပင်ပြီး‌တော့ လုပ်ငန်းအစီအစဉ်‌တွေချရမယ်။ ပြီးမှ လုပ်ငန်းအ‌ကောင်အထည်‌ဖော် သွားရမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာနိုင်ငံသည် EITI အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်လာ‌ရေးအတွက် EITI စံနှုန်းများနှင့်အညီ ‌ဆောင်ရွက်ရန် အစိုးရ၊ ပုဂ္ဂလိကကုမ္ပဏီများနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်‌သော သုံးပွင့်ဆိုင် ညွှန့်‌ပေါင်းအဖွဲ့(MSG)၌ အခြားတိုင်းနှင့် ပြည်နယ်အဆင့်ဆင့်တွင် အရပ်ဖက်လူမှုအဖွဲ့ အစည်း‌ရွေးချယ် ပြီးစီးသွားပြီး ကရင်ပြည်နယ်တွင် EITI နှင့်ပတ်သက်၍ တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ယခု‌ဆွေး‌နွေးပွဲမှ ပထမဦးဆုံးအကြိမ် မိတ်ဆက်‌ပေးလိုက်ခြင်းဖြစ်သည်။

သဘာဝသယံဇာတ အရင်းအမြစ်များ တူး‌ဖော်ထုတ်ယူသုံးစွဲ‌ရေးဆိုင်ရာ ပွင့်လင်းမြင်သာမှု ‌ဖော်‌ဆောင်‌ရေး အဖွဲ့(Extractive Industries Transparency Initiative -EITI)သည် ‌နော်‌ဝေးနိုင်ငံ ‌အော်စလိုမြို့တွင် အ‌ခြေစိုက်လျှက်ရှိပြီး မြန်မာနိုင်ငံအ‌နေဖြင့် EITI အဖွဲ့ဝင်နိုင်ငံဖြစ်‌ရေးအတွက် ၂၀၁၃ခုနှစ်၊ ‌အောက်တိုဘာ၌ ရန်ကုန်မြို့ Strand Hotel တွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများပါဝင်‌သော ညီလာခံတရပ်ကို ကျင်းပခဲ့သည်။

လက်ရှိ EITI အဖွဲ့အစည်းတွင် ‌နော်‌ဝေ အပါအဝင် အင်ဒိုနီးရှား၊ လစ်ဗျား၊ အာဖဂန်နစ္စတန်၊ အီရတ်၊ ဖိလစ် ပိုင်နှင့် တီ‌မော စသည့် အဖွဲ့ဝင်နိုင်ငံ‌ပေါင်း ၂၃နိုင်ငံရှိပြီး ၎င်းတို့သည် သဘာဝဓာတ်‌ငွေ့၊ ‌ရေနံ၊ သတ္တု၊ သစ်‌တော စသည့် သဘာဝသယံဇာတ အရင်းအမြစ်များ တူး‌ဖော်ထုတ်ယူသုံးစွဲ‌ရေးဆိုင်ရာလုပ်ငန်းများကို စီမံကိန်းချမှတ်လုပ်ကိုင်သည့် အဖွဲ့ဖြစ်‌ကြောင်း သိရသည်။