Home သတင်း ကရင်နိုင်ငံ‌ရေး ၄ ပါတီ ၂၀၁၅ ‌ရွေး‌ကောက်ပွဲအပြီး ပူး‌ပေါင်းမည်

ကရင်နိုင်ငံ‌ရေး ၄ ပါတီ ၂၀၁၅ ‌ရွေး‌ကောက်ပွဲအပြီး ပူး‌ပေါင်းမည်

1599

၂၀၁၃ခုနှစ်၊ စက်တင်ဘာတုန်းက ကရင်နိုင်ငံ‌ရေးပါတီများ ပထမအကြိမ် ‌တွေ့ဆုံစဉ်

မတ် ၁၁ ရက်၊ ၂၀၁၄ ခုနှစ်။ ‌စောထွန်းလင်း

လက်ရှိ တရားဝင်ရပ်တည်‌နေသည့် ကရင်နိုင်ငံ‌ရေးပါတီ ၄ ခုက ၂၀၁၅ ‌ရွေး‌ကောက်ပွဲအပြီးတွင် တစ်ပါတီ တည်းအဖြစ် ပူး‌ပေါင်းသွားမည်ဖြစ်‌ကြောင်း ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ(PSDP) ဒုဥက္ကဌ မန်း‌အောင်ပြည့်စိုးက ‌ပြောဆိုလိုက်သည်။

ယင်းသို့ ပါတီ ၄ ခု ကို တစ်ပါတီတည်းအဖြစ် ပူး‌ပေါင်းတည်‌ထောင်ရန် ဖားအံမြို့၊ ခွဲက‌ဘောင်ဂါးဒင်းစား ဥယျာဉ်တွင် မတ် ၈ ရက်‌နေ့က ကရင်နိုင်ငံ‌ရေးပါတီများဖြစ်သည့် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကရင် ပြည်သူ့ပါတီ(KPP)၊ ကရင်ဒီမိုကရက်တစ်ပါတီ(KDP)နှင့် ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတတ်‌ရေးပါတီ (KSDDP)တို့မှ တစ်ပါတီလျှင် ကိုယ်စားလှယ် ၇ ဦးစီ တတ်‌ရောက်သည့် ဒုတိယအကြိမ် ‌တွေ့ဆုံ‌ဆွေးပွဲတွင် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

“၂၀၁၅ ‌ရွေး‌ကောက်ပွဲ ပြီးသွားတဲ့‌နောက်မှာ ကရင်ပါတီတစ်ခုတည်း အဖြစ်ပူး‌ပေါင်းဖို ့ သ‌ဘောတူထားတယ်။ ဒီ‌နေရာမှာ ပါတီ‌တွေ ဖျက်ရင်လည်းဖျက် မဖျက်ရင်လည်း နာမည်တစ်ခု‌ရွေးပြီး‌တော့ ဆိုကြပါစို့။ ကရင်ပါတီ ဧရာတီတိုင်း၊ ကရင်ပါတီ ရန်ကုန်တိုင်း၊ ကရင်ပါတီ ကရင်ပြည်နယ်အဖြစ် တစ်ပါတီတည်း ရပ်တည်သွားမယ်။ ဆိုလိုတာ တစ်ပါတီတည်းရှိ‌တော့မယ်၊ ‌ဒေသအလိုက်ရပ်တည်သွားမယ်”ဟု PSDP ဒုဥက္ကဌ မန်း‌အောင်ပြည့်စိုး က ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပါတီများ ပူး‌ပေါင်း‌ရေးလုပ်‌ဆောင်ရာတွင် လုပ်ငန်းစဉ်များပြားကာ ၂၀၁၅ ‌ရွေး‌ကောက်ပွဲနီးလာပြီး ဖြစ်သည့်အတွက် အာရုံစိုက်လုပ်‌ဆောင်ရန် အချိန်နည်းပါး‌ကြောင်း၊ ၂၀၁၅ ‌နောက်ပိုင်း ငြိမ်းချမ်း‌ရေး အဖွဲ့များ ပြန်လည်ပါဝင်လာပါကလည်း တခါတည်းလုပ်‌ဆောင်နိုင်သည့်အတွက် ယခုကဲ့သို ့ စီစဉ်ရန်သ‌ဘောတူခဲ့ခြင်း ဖြစ်‌ကြောင်း KPP ဒုဥက္ကဌ ‌စော‌စေးဝါးကလည်း ‌ပြောဆိုသည်။

လက်ရှိတွင် တစ်ပါတီချင်းမှ ဥက္ကဌ၊ ဒုဥက္ကဌ၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ၃ ဦးစီပါဝင်သည့် ကရင်နိုင်ငံ‌ရေးပါတီ များ ညှိနှိုင်း‌ဆောင်ရွက်‌ရေး‌ကော်မတီကို ဖွဲ့စည်းထားပြီး ၎င်း‌ကော်မတီသည် နှစ်လတစ်ကြိမ် ‌တွေ့ဆုံ‌ဆွေး‌နွေး ကြမည်ဖြစ်သလို ပါတီဝင်အများစုပါဝင်သည့် ကရင်နိုင်ငံ‌ရေးပါတီများ အစည်းအ‌ဝေးကိုလည်း သုံးလတစ်ကြိမ် ကျင်းပသွားမည်ဖြစ်‌ကြောင်း အစည်းအ‌ဝေးပွဲတွင် ဆုံးဖြတ်ခဲ့ကြ‌ကြောင်း သိရသည်။

လာမည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ကရင်နိုင်ငံ‌ရေးပါတီများ တစ်ပါတီတည်း မပူ‌ပေါင်းနိုင်‌သော်လည်း ‌ရွေး‌ကောက်ပွဲ မဲဆန္ဒနယ်များတွင် ကရင်ပါတီအချင်းချင်း ဝင်ပြိုင်ကြမည် မဟုတ်ဘဲ မဲဆန္ဒနယ် မထပ်‌စေရန် ၎င်းတို့ပူး‌ပေါင်းညှိနှိုင်းလုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း မန်း‌အောင်ပြည်စိုးက ဖြည့်စွက်‌ပြောဆိုသည်။

ကရင်နိုင်ငံ‌ရေးပါတီများ ပထမအကြိမ်‌တွေ့ဆုံ‌ဆွေး‌နွေးပွဲကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၁၄ မှ ၁၅ ရက်‌နေ့အထိ ကရင်ပြည်နယ်၊ ဖားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့ပြီး ထိုစဉ်က ကရင်နိုင်ငံ‌ရေးပါတီ တစ်ခုတည်းအဖြစ် ပူး‌ပေါင်း‌ရေးအတွက် မူအားဖြင့် သ‌ဘောတူပြီး‌နောက် ယခု ဒုတိယအကြိမ် ထပ်မံ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြခြင်း ဖြစ်သည်။