KIC News
လူငယ်များရဲ့ စကားလက်ဆောင်
စောအယ်လ်ဝင်း -၃၄နှစ်
ဝါသနာ - တိုးတက်ဖွံ့ဖြိုးပြောင်းလဲရေး (Transformation)
ပညာအရည်အချင်း -ဘွဲ့ရ (Master Divinity, Bachelor of Theology, Doctor of Theology)
ကျနော်က ဖာပွန်ခရိုင် လူသောမြို့နယ်၊ ခိုမူသောကျေးရွာကပါ။ မွေးချင်းမောင်နှမ၇ယောက်မှာ ကျနော်က အကြီးဆုံးပါ။ မူလ တန်းကို ကျနော် ကော်သူလေးနယ်မြေက ကေးဖိုးရွာကျောင်းမှာ နေခဲ့တယ်။ ၁၉၉၇ခုနှစ်မှာ...
အစိုးရတပ် ရိက္ခာပို့လမ်းကြောင်းအနီးရှိ ဒေသခံဖာလာခြံများ မီးလောင်ပျက်စီး
မတ် ၁၈ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) တောင်ငူခရိုင်၊ တပ်မဟာ(၂)နယ်မြေအတွင်း မြန်မာအစိုးရတပ်က ရိက္ခာပို့ရင်း ဖြတ်သန်းသွားရာ လမ်းကြောင်းအနီးတဝိုက်တွင် မတ်လ ၉ရက်နေ့မှစ၍ တောမီးလောင်ကျွမ်းသည့်အတွက် ဒေသခံများ၏ ဖာလာခြံ အများအပြား မီးလောင်ပျက်စီးသွားကြောင်း ဒေသခံတစ်ဦးဖြစ်သူ စောတာဒိုဝါးက ပြောသည်။
“မီးလောင်တဲ့ ဖာလာခြံတွေမှာ ဖာလာပိဿာ ခြောက်ဆယ်လောက်ထွက်တဲ့ ကျနော့်ခြံသုံးခြံ...
ကျောက်မိုင်းထိ၍ ပျက်စီးသွားသည့် မြိုင်ကလေးမြေယာများ နစ်နာကြေး မရရှိသေး
မတ် ၁၇ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း
ကရင်ပြည်နယ်၊ ဖားအံမြို့ မြိုင်ကလေး တန်(၄၀၀၀) ဘိလပ်မြေစက်ရုံမှ ဘိလပ်မြေထုတ်လုပ်ရန် ထုံးကျောက်တောင်များ မိုင်း ခွဲခြင်းကြောင့် ယင်းဒေသရှိ ဖားကပ်ကျေးရွာအုပ်စုဝင် နတ်ကုန်းရွာရှိ ပျက်စီးဆုံးရှုံးသွားသည့် မြေယာများမှာ ၁၃နှစ်ကြာလာ သည့်တိုင် နစ်နာကြေး မရရှိသေးကြောင်း ဒေသခံလယ်သမားများက ပြောဆိုသည်။
ယင်းစက်ရုံမှ ဘိလပ်မြေထုတ်လုပ်သည့်အခါ...
သန်းခေါင်စာရင်း ကောက်ခံမှု ရက်ရွှေ့ဆိုင်းရန် နိုင်ငံတကာရောက် ကရင်အဖွဲ့များတောင်းဆို
မတ် ၁၇ရက်၊ ၂၀၁၄ခုနှစ်။ စောခါးစူးညား
ယခု မတ်လကုန်ပိုင်းတွင် ကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ခံမှုကို အချိန်ရွှေ့ဆိုင်းပေးရန် ပြည်ပနိုင်ငံ ၁၁ခုမှ ကရင်လူမှုအဖွဲ့အစည်း ၂၈ဖွဲ့က ပူးပေါင်း၍ ယမန်နေ့(မတ်လ ၁၄ရက်နေ့)တွင် ကြေညာချက်ထုတ်ကာ ကုလသမဂ္ဂ လူဦး ရေရန်ပုံငွေ (United Nations Population Fund-UNPF...
တပ်သိမ်းမြေဧက ၆၀ဝခန့် ပိုင်ရှင်များထံ ပြန်ပေးအပ်
မတ် ၁၆ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း
ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ စစ်တပ်သိမ်းမြေဧက ၆၀ဝခန့်ကို ပထမအကြိမ် ပြန်လည်ပေးအပ်လိုက် ကြောင်း ထန်းတပင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ သိမ်းဆည်းခံမြေများ လေ့လာစုံစမ်းဖော်ထုတ်ရေးကော် မရှင်အဖွဲ့ဝင် ဦးစိန်ထွန်းက ပြောသည်။
၎င်းမြေများမှာ ထန်းတပင်မြို့နယ်၊ ခြံကြီးနှင့် သကင်္န်းကျေးရွာများအနီးရှိ အစိုးရစစ်တပ် တပ်ရင်း ၄ရင်းမှ သိမ်းယူထားသည့်...
ကရင်ပြည်နယ်တွင် ၃၄ ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ သာမည၌ ကျင်းပ
မတ် ၁၆ ရက်၊ ၂၀၁၄ ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်မှ ဦးစီးပြီး မတ်လ ၁၅ရက်နေ့၌ ကျရောက်သည့် ၆၇ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို ကရင်ပြည်နယ်အတွင်း ၃၄ကြိမ်မြောက်အဖြစ် ဖားအံမြို့နယ်၊ သာမညဒေသရှိ ရွှေကဲကျေးရွာတွင် အခမ်းအနားပြုလုပ်ကျင်းပခဲ့သည်။
ယင်းအခမ်းအနားကို ပြည်နယ်ပအိုဝ့် တိုင်းရင်းသားရေးရာဝန်ကြီး...
ကော့မုပွန်သောင်ပြင်တွင် သံလွင်ရေကာတာစီမံကိန်း ချက်ချင်းရပ်တန့်ရန် တောင်းဆို
မတ် ၁၅ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း
မတ်လ ၁၄ရက်နေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းထိန်းသိမ်းရေးနှင့် ရေကာတာဆန့်ကျင်ရေးနေ့တွင် အရပ် ဘက် လူမှုအဖွဲ့အစည်းနှင့် ဒေသခံများ စုပေါင်းပြီး မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သံလွင်မြစ် တဖက်ကမ်းရှိ ကော့မုပွန်သောင်ပြင် တွင် သံလွင်ရေကာတာ စီမံကိန်းအား ရပ်တန့်ပေးရန် တောင်းဆိုခဲ့ကြသည်။
သံလွင်မြစ်ပေါ်တွင်...
ဟတ်ကြီးရေကာတာ စီမံကိန်းနေရာတွင် ရေကာတာဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်
မတ် ၁၅ရက်၊ ၂၀၁၄ခုနှစ်။ စအိုင်စူး
ကရင်ပြည်နယ်၊ လှိုင်းဘွဲနှင့် ဖာပွန်မြို့နယ် နယ်နိမိတ်ထိစပ်သည့် သံလွင်မြစ်နံဘေးရှိ ဟတ်ကြီးရေကာတာ စီမံကိန်းတည်ရှိရာ ရွှေအူးဝဲနေရာ၌ ရေကာတာ တည်ဆောက်ရန် အလိုမရှိကြောင်း ယမန်နေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများထိန်းသိမ်းရေးနှင့် ရေကာတာဆန့်ကျင်ရေးနေ့တွင် ကရင်လူထု အခြေပြုအဖွဲ့ များနှင့် ဒေသခံများက ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ကရင်မြစ်ချောင်းများ...
ဝေးနေဦးမည့် အပစ်အခတ်ရပ်စဲရေး
မောင်ကျော်စွာ
(၁၄- ၃ -၂၀၁၄)
တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ရေး အဘယ့်ကြောင့် နှောင့်နှေးကြန့်ကြာနေရသနည်း။ ယင်း အတွက် မည်သူ့တွင် တာဝန်ရှိသနည်း။ မူမမှန်သဖြင့် ယခုကဲ့သု့ိ ကြန့်ကြာနေရခြင်းဖြစ်ပြီး အစိုးရတွင် တာဝန်ရှိပါသည်။
ယခုအခါ စာချုပ်(မူကြမ်း) ရေးဆွဲရေးအတွက် ကိုယ်စားလှယ်အရေအတွက် အညီအမျှ ပါဝင်သော “ပူးတွဲရေးသားပြုစုရေး...
သန်းခေါင်စာရင်း၌ ကုဒ် ၃၀၂ တွင်သာ ထည့်သွင်းရန် ကရင်ဖြူမျိုးနွယ်စုများသဘောတူ
မတ် ၁၄ရက်၊ ၂၀၁၄ ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ဖြူမျိုးနွယ်စုဝင် စာရင်းအမှန်ရရေးအတွက် သန်ခေါင်စာရင်း၌ အစိုးရကုဒ်သတ်မှတ်ထားသည့် ကုဒ်နံပါတ် ၃၀၂ တွင်သာ ထည့်သွင်းရန် ကရင်ဖြူမျိုးနွယ်စုများက သဘောတူကြောင်း တညီတညွှတ်တည်း ပြောဆိုလိုက်သည်။
မတ်လ ၈ ရက်နေ့တွင် နေပြည်တော် ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အောင်နန်းချိုကျေးရွာခမ်းမ၌ ပြုလုပ်သည့် ကရင်ဖြူမျိုးနွယ်စုတွေ့ဆုံပွဲတွင်...













