Home သတင်း ကရင်နာမည်ကြီး အဆို‌တော် ထူးဝါး‌သေဆုံး

ကရင်နာမည်ကြီး အဆို‌တော် ထူးဝါး‌သေဆုံး

3003
(၂၀၁၄ခုနှစ် ကရင်နှစ်သစ်ကူးပွဲ‌တော် တက်‌ရောက်တုန်းက ‌တွေ့ရသည့် အဆို‌တော် ထူးဝါး-Photo-KIC)

မတ်လ ၈ရက်။ ၂၀၁၄ခုနှစ်။ ‌စောခါးစူးညား

ပြည်တွင်းပြည်ပ ကရင်များအကြား ‌အောင်မြင်‌ကျော်ကြား‌နေသည့် ကရင်နာမည်ကြီး အဆို‌တော် အသက် ၃၂နှစ်အရွယ် ထူးဝါးသည် မတ်လ ၇ရက်‌နေ့၌ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲ‌ဆောက်‌ဒေသအတွင်း တစ်‌နေရာ တွင် အသတ်ခံခဲ့ရသည်ဟု စုံစမ်းသိရှိရသည်။

အဆို‌တော် ထူးဝါး‌သေဆုံးမှုနှင့် ပတ်သက်၍ အမည်မ‌ဖော်လိုသူ ‌ဆွေမျိုး‌တော်စပ်သူတစ်ဦးက “ထူးဝါးဟာ အလုပ်ကိစ္စနဲ့ (မတ်လ)၆ရက်‌နေ့ ညမှာ အပြင်ကို ထွက်သွားတယ်။ အဲလို ထွက်သွား‌တော့ ပြန်မလာ‌တော့ ဘူး။ အဲဒါနဲ့ လူ‌တွေ လိုက်ရှာ‌တော့ (မတ်လ)၇ရက်‌နေ့မှာ သူ့အ‌လောင်းကို ပြန်‌တွေ့တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်လက်၍ သူက ‌သေဆုံးသွားသည့် အဆို‌တော် ထူးဝါး၏ လည်ပင်း၌ ကြိုးဖြင့် ညှစ်ထားသည့် ဒဏ်ရာ နှင့် ရင်အုံတွင် ဓါးဒဏ်ရာ‌တွေ့ရ‌ကြောင်း ‌ပြောဆိုခဲ့‌သော်လည်း အ‌သေးစိတ်ထုတ်‌ဖော်‌ပြောဆိုနိုင်ရန်အတွက် ဆက်လက်စုံစမ်းရဦးမည်ဖြစ်ကြာင်း ‌ပြောဆိုသည်။

အဆို‌တော် ထူးဝါးသည် အရွယ်ငယ်ငယ်ဖြင့် ရုတ်တရက်အသတ်ခံရပြီး ‌သေဆုံးသွားအ‌ပေါ် ကရင်လူမျိုး အပြင် အနုပညာအတွက်ပါ ဆုံးရှုံးမှုတစ်ရပ်ဖြစ်‌ကြောင်း ထူးဝါး၏ အမာခံ ပရိဿတ်တစ်ဦးဖြစ်သူ နန်းမနိုက်ကလည်း ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

“အဆို‌တော်ထူးဝါး ‌သေဆုံးသွားတယ်လို့ ‌ဖေ့ဘွတ်မှာ သတင်း‌တွေ ဖတ်ရတယ်။ ဓါတ်ပုံ‌တွေ ‌တွေ့ရတယ်။ မယုံနိုင်‌လောက်ပါပဲ။ စိတ်မ‌ကောင်းဖြစ်မိတယ်။ နှ‌မျောလည်း နှ‌မျောတယ်။ နာမည်ရလာပြီး ‌တော်တဲ့ ကရင် အနုပညာသည်တဦး ဆုံးရှုံးသွားရတယ်အတွက် အရမ်းကို စိတ်မ‌ကောင်းဖြစ်မိတယ်”ဟု ၎င်းက ‌ပြောသည်။

လက်ရှိ ‌သေဆုံးသွားသည့် အဆို‌တော် ထူးဝါး၏ ရုပ်အ‌လောင်းကို မဲ‌ဆောက်‌ဆေးရုံတွင် ထားရှိပြီး ယင်း‌သေဆုံးမှုကိစ္စနှင့်ပတ်သက်၍ အမှုမှန်‌ပေါ်လာ‌စေရန် ထိုင်းရဲများက လိုက်လံရှာ‌ဖွေထုတ်‌ဖော်လျှက် ရှိသည်ဟု သိရသည်။

အဆို‌တော် ထူးဝါးသည် ၂၀၀၄-၂၀၀၅ခုနှစ်က “ကဆာမူ”(သခင်မ)သီချင်းဖြင့် ကရင်လူငယ်ပရိဿတ်များ ၏ အာရုံဖမ်းစားမှုကို အများဆုံး ခံခဲ့ရသူဖြစ်ပြီး ၎င်း‌သေဆုံးသွားချိန်တွင် ဇနီးနှင့် သားသမီး ၃ဦး ကျန်ရစ်ခဲ့သည်။