Home သတင်း တပ်သိမ်း‌မြေဧက ၆၀ဝခန့် ပိုင်ရှင်များထံ ပြန်‌ပေးအပ်

တပ်သိမ်း‌မြေဧက ၆၀ဝခန့် ပိုင်ရှင်များထံ ပြန်‌ပေးအပ်

1664

မတ် ၁၆ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

ပဲခူးတိုင်း‌ဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ စစ်တပ်သိမ်း‌မြေဧက ၆၀ဝခန့်ကို ပထမအကြိမ် ပြန်လည်‌ပေးအပ်လိုက် ‌ကြောင်း ထန်းတပင်မြို့နယ်၊ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်ဖြစ်သူ သိမ်းဆည်းခံ‌မြေများ ‌လေ့လာစုံစမ်း‌ဖော်ထုတ်‌ရေး‌ကော် မရှင်အဖွဲ့ဝင် ဦးစိန်ထွန်းက ‌ပြောသည်။

၎င်း‌မြေများမှာ ထန်းတပင်မြို့နယ်၊ ခြံကြီးနှင့် သကင်္န်း‌ကျေးရွာများအနီးရှိ အစိုးရစစ်တပ် တပ်ရင်း ၄ရင်းမှ သိမ်းယူထားသည့် ‌မြေ များဖြစ်ပြီး တပ်များကို်ယ်စား ခမရ ၃၉ တပ်မှ တာဝန်ယူ၍ မြို့နယ် ‌မြေယာစီမံခန့် ခွဲမှု‌ကော်မတီသို့ မတ် ၁၄ရက်‌နေ့တွင် မြို့နယ်ခမ်းမ၌ အခမ်းအနားဖြင့် လွှဲ‌ပေးခဲ့ခြင်းဖြစ်‌ကြောင်း ဦးစိန်ထွန်းက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

“ဧက ၆၀ဝ ဝန်းကျင်‌လောက်ကို ပထမအကြိမ် ပြန်အပ်တာပါ။ ပြန်အပ်တဲ့‌နေရာမှာ ပြန်ခွဲရဦးမှာပါ၊ တချို့က စားကျက်‌မြေ၊ တချို့က ‌မြေလွတ်‌မြေရိုင်း‌တွေနဲ့ တချို့က ‌တောင်သူ‌တွေရဲ့ ဦးပိုင်း‌ပေါက်ပြီး‌တော့ လုပ်ကိုင်တဲ့ ‌မြေ‌တွေ ဖြစ်ပါတယ်။ ကွင်းအ လိုက် စွန့်လွှတ်တာဆို‌တော့ အခုတကြိမ်မှာ ပါတဲ့သူ‌တွေရမယ်။ ဒီလိုပဲ ‌နောက် တစ်ကြိမ်‌တွေမှာလဲပါတဲ့သူ‌တွေကို ပိုင်ရှင်အမှန် ဖြစ်ရဲ့လားဆိုတာ စိစစ်ဦးမှာပါ”ဟု ဦးစိန်ထွန်းက ‌ပြောသည်။

ထိုသို့ သိမ်းဆည်း‌မြေများကို ပြန်‌ပေးအပ်လိုက်‌သော်လည်း မြို့နယ်မှ ရပ်ကွက်‌ကျေးရွာ ‌မြေယာစီမံခန့်ခွဲမှု‌ကော်မတီသို့ ပြန်လည် လွှဲ‌ပေးပြီး အမှန်တကယ် မူလပိုင်ရှင်များသို့ ‌သေချာစိစစ်ပြန်‌ပေးနိုင်ရန် လုပ်‌ဆောင်သွားရမည်ဖြစ်‌ကြောင်း သိရသည်။

လက်ရှိ ထန်းတပင်မြို့နယ်တွင် လယ်ယာ‌မြေသိမ်းခံရသူ ၄ဝ ဦး‌ကျော်ရှိပြီး မြို့နယ်တာဝန်ရှိသူများက သိမ်းဆည်းခံ‌မြေများ ပြန် လွဲအပ်‌ပေးရန် အခမ်းအနားပြုလုပ်၍ ‌ဒေသခံလယ်သမားများထံ လာ‌ရောက်ရှင်းလင်း‌ပြောကြား‌သော်လည်း အခမ်းအနားတွင် ‌မြေသိမ်းခံရသည့် ‌တောင်သူ ၁ဝဦး‌ကျော်ကိုသာ တက်‌ရောက်ရန် ဖိတ်ကြားခံရသည့်အတွက် ကျန်‌မြေသိမ်းခံရသူများက ၎င်းတို့ ‌မြေများ ပြန်မရမည်ကို စိုးရိမ်‌နေကြ‌ကြောင်း ‌ဒေသခံများက ‌ပြောဆိုသည်။

ခမရ ၃၉ မှ ပြန်အပ်နှံသည့် ‌မြေများအနက် ‌တောင်သူ ၁၃ဦးကို ၁၆၈ဧကဖြင့် ကနဦးပြန်‌ပေးသွားမည်ဖြစ်ပြီး မူလပိုင်ရှင်များထံ ပြန်လည်အပ်နှံ‌ပေးရန် ဆက်လက်လုပ်‌ဆောင်စရာ အများကြီးရှိ‌သေး‌ကြောင်း ထန်းတပင်မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးမြသက်‌မောင် က ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ကာကွယ်‌ရေးဝန်ကြီးဌာနမှ ‌မြေဧကစုစု‌ပေါင်း ၅၄၂၅၅.၀၀၃ ဧကကို ပြန်လည်‌ပေးအပ်ခဲ့ပြီး ထပ်မံ လွှဲအပ်‌ပေး မည့် ‌မြေဧက‌ပေါင်း ၁၅၄၈၉၂.၁၀၂ ဧကရှိ‌ကြောင်း၊ သက်ဆိုင်သူများ လက်ဝယ်သို့ အမြန်ပြန်လည်‌ရောက်ရှိ‌ရေး လုပ် ‌ဆောင်သွားရန် သက်‌သေခံ စာရွက်စာတမ်း အ‌ထောက်အထား မပြနိုင်‌သော်လည်း အများကြည်ညှိ‌လေးစားသည့် ရပ်မိရပ်ဖ များ၏ ‌ထောက်ခံချက်များဖြင့် ‌မြေအသုံးချခွင့်ရှိသည်ဟု သိရသည်။

ထို့အပြင် ‌ထောက်ခံချက်များနှင့် သက်‌သေပြနိုင်ပါက ယာယီပြန်လည် လွှဲ‌ပြောင်း‌ပေးသွားမည်ဖြစ်‌ကြောင်း မတ် ၇ရက်‌နေ့က ‌နေ ပြည်‌တော်တွင် ကျင်းပသည့် ‌မြေအသုံးချမှု စီမံခန့်ခွဲ‌ရေးဗဟို‌ကော်မတီအစည်းအ‌ဝေးတွင် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း‌အောင်၏ ‌ပြောကြားချက်ကို မြန်မာ့ အလင်းသတင်းစာတွင် ‌ဖော်ပြထားသည်။