Home သတင်း အစိုးရတပ် ရိက္ခာပို့လမ်း‌ကြောင်းအနီးရှိ ‌ဒေသခံဖာလာခြံများ မီး‌လောင်ပျက်စီး

အစိုးရတပ် ရိက္ခာပို့လမ်း‌ကြောင်းအနီးရှိ ‌ဒေသခံဖာလာခြံများ မီး‌လောင်ပျက်စီး

1651

မတ် ၁၈ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ‌တောင်ငူခရိုင်၊ တပ်မဟာ(၂)နယ်‌မြေအတွင်း မြန်မာအစိုးရတပ်က ရိက္ခာပို့ရင်း ဖြတ်သန်းသွားရာ လမ်း‌ကြောင်းအနီးတဝိုက်တွင် မတ်လ ၉ရက်‌နေ့မှစ၍ ‌တောမီး‌လောင်ကျွမ်းသည့်အတွက် ‌ဒေသခံများ၏ ဖာလာခြံ အများအပြား မီး‌လောင်ပျက်စီးသွား‌ကြောင်း ‌ဒေသခံတစ်ဦးဖြစ်သူ ‌စောတာဒိုဝါးက ‌ပြောသည်။

“မီး‌လောင်တဲ့ ဖာလာခြံ‌တွေမှာ ဖာလာပိဿာ ‌ခြောက်ဆယ်‌လောက်ထွက်တဲ့ ကျ‌နော့်ခြံသုံးခြံ ပါသွားတယ်။ ကားလမ်းနဲ့နီးတဲ့ ‌သော်မူဒဲ၊ ‌ရေ‌ခေးဒဲ၊ သမွီးစိုးတစ်‌လျှောက် ရွာ‌တွေက ဖာလာခြံ‌တွေလည်း ပါသွားတယ်။ ဒီလိုမျိုးခံ‌နေရတာ အရင် အပစ်မရပ် ခင်က ကာလအတိုင်းပဲ”ဟု ဖာလာခြံ မီး‌လောင်ကျွမ်းခံရသူ ‌သော်မူဒဲရွာသား ‌စောတာဒိုဝါးက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌တောမီး‌လောင်ကျွမ်းသည့် ‌နေရာများမှာ ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်၊ ‌ဘောဂလိရွာအ‌ရှေ့ဘက် ‌မောင်းတိုင်ကြီးက‌နေ ‌ပြောင်မသို၊ ဒီကဲသိုး‌ကျေးရွာမှ ဘူဆာခီး‌ကျေးရွာအထိ ‌တောက်‌လျှောက် မီး‌လောင်ကျွမ်း‌နေခြင်းဖြစ်ပြီး ထို‌ဒေသမှာ ‌ကေအဲန်ယူ ‌တောင်ငူခရိုင်၏ ထန်းတပင်မြို့နယ်အတွင်းရှိ နယ်‌မြေများဖြစ်‌ကြောင်း သိရသည်။

ယင်းသို့ ‌တောမီးရှို့သည့်ကိစ္စနှင့် ပတ်သက်၍ နယ်‌မြေခံ ‌ကေအဲန်ယူဘက်က ၎င်းတို့တပ်မဟာ(၂)နယ်‌မြေ၌ အစိုးရဘက်က ယခင် လှုပ်ရှား‌နေသည့်တပ်များနှင့် ထပ်မံ ‌ရောက်ရှိလာမည့်တပ်များ အ‌ပြောင်းအလဲလုပ်‌ဆောင်ကာ ရိက္ခာသယ်ယူမှု ပြုလုပ် ‌နေစဉ်အတွင်း လမ်းရှင်းသည့်အ‌နေဖြင့် မီးရှို့ခြင်းဖြစ်နိုင်‌ကြောင်း ခန့်မှန်း‌ပြောဆိုသည်။

‌ကေအဲန်ယူ ‌တောင်ငူခရိုင် ဥက္ကဌ ပဒို‌စောအယ်ဝါးက “ရွာသားက‌တော့ ကိုယ့်ဖာလာခြံကို ဘယ်လိုမီးပြန်ရှို့မလဲ။ ဒီရာသီမှာ သူတို့ (အစိုးရစစ်တပ်) သွားလာတယ်။ တနှစ်လည်းမဟုတ်၊ ၂နှစ်လည်းမဟုတ် ဒီရာသီ‌ရောက်ရင် ‌တောမီးရှို့ပြီဆို‌တော့ ခန့်မှန်း လို့ ရတာ‌ပေါ့။ အခု မီးဘယ်‌လောက်‌လောင်လဲဆိုတာ စာရင်း‌ကောက်လို့ မရ‌သေးဘူး။ မီးက ‌လောင်‌နေတုန်းပဲ”ဟု ‌ပြောသည်။

ယခု ‌တောမီး‌လောင်သည့်‌နေရာကို မြန်မာအစိုးရဘက်မှ စစ်ဆင်‌ရေးနယ်‌မြေဟု ၂၀၀၆ခုနှစ်ကတည်းက သတ်မှတ်ထားသလို လက်ရှိအချိန်ထိ ရုပ်သိမ်းခြင်းမရှိ‌သေး‌ကြောင်းနှင့် ယခင်နှစ်များကလည်း ယခုလို ရာသီအချိန်တွင် ‌တောမီး‌လောင်ကျွမ်းမှုများ ဖြစ်ပွား‌လေ့ရှိ‌ကြောင်း ပဒို‌စောအယ်ဝါးက ဆက်‌ပြောသည်။

‌တောင်ငူ‌ဒေသတွင် အစိုးရတပ်ဘက်က စစ်ဆင်‌ရေးနယ်‌မြေအဖြစ် သတ်မှတ်ထားသည့်‌ဒေသများမှာ ‌တောင်ငူနှင့် ‌ဘောဂလိရွာ အကြား မိုင်နှစ်ဆယ်မှစ၍ ‌ကေအဲန်ယူ တပ်မဟာ(၅) ‌ခေးပူ‌ဒေသအထိ ပါဝင်‌ကြောင်း၊ တပ်မဟာ(၂) ‌တောင်ဘက်ခြမ်းရှိ ‌မော်နီ ပွာ‌ဒေသ၊ သံ‌တောင်ကြီးမြို့နယ် ‌သောက်‌ရေခပ်‌ချောင်းအ‌နောက်ဖက်ခြမ်းတို့ဖြစ်သည်။

အစိုးရတပ်များသည် ‌တောင်ငူ‌ဒေသတွင် နှစ်စဉ် မတ်လအတွင်း တပ်အ‌ပြောင်းအလဲ ပြုလုပ်‌လေ့ရှိပြီး ယခုနှစ်အတွက် ယခင် အမှတ်(၉) စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ်အစား အမှတ်(၂၀) စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ်နှင့် ၎င်းလက်‌အောက်ခံတပ်ရင်းများ ‌ပြောင်းလဲဝင်‌ရောက်လာ‌နေသည်ဟု ‌ကေအဲန်ယူ တပ်မဟာ(၂)၊ ‌တောင်ငူခရိုင်ဘက်က ‌ပြောဆိုသည်။

အဆိုပါ ‌တောမီး‌လောင်ရာတစ်‌လျှောက်တွင် ဒူးရင်းခြံ၊ ဖာလာခြံများရှိပြီး အများစုမှာ ဖာလာခြံများဖြစ်သည်။ ထို‌တောမီး‌လောင် မှု‌ကြောင့် လူ‌နေတဲငယ်‌လေးများ ပါဝင်ခြင်း မရှိ‌သော်လည်း စစ်ဆင်‌ရေးနယ်‌မြေဖြစ်သဖြင့် ‌မြေမြှုပ်မိုင်းထိမှန်မည်စိုး၍ ‌ဒေသခံ များမှာ မီးငြိမ်းသတ်ရန် အခက်အခဲ ဖြစ်‌နေကြသည်ဟု ဆိုသည်။