Home သတင်း ဟတ်ကြီး‌ရေကာတာ စီမံကိန်း‌နေရာတွင် ‌ရေကာတာဆန့်ကျင်‌ရေး ဆန္ဒထုတ်‌ဖော်

ဟတ်ကြီး‌ရေကာတာ စီမံကိန်း‌နေရာတွင် ‌ရေကာတာဆန့်ကျင်‌ရေး ဆန္ဒထုတ်‌ဖော်

1747

မတ် ၁၅ရက်၊ ၂၀၁၄ခုနှစ်။ စအိုင်စူး

ကရင်ပြည်နယ်၊ လှိုင်းဘွဲနှင့် ဖာပွန်မြို့နယ် နယ်နိမိတ်ထိစပ်သည့် သံလွင်မြစ်နံ‌ဘေးရှိ ဟတ်ကြီး‌ရေကာတာ စီမံကိန်းတည်ရှိရာ ‌ရွှေအူးဝဲ‌နေရာ၌ ‌ရေကာတာ တည်‌ဆောက်ရန် အလိုမရှိ‌ကြောင်း ယမန်‌နေ့ ကျ‌ရောက်သည့် အပြည်ပြည်ဆိုင်ရာ မြစ်‌ချောင်းများထိန်းသိမ်း‌ရေးနှင့် ‌ရေကာတာဆန့်ကျင်‌ရေး‌နေ့တွင် ကရင်လူထု အ‌ခြေပြုအဖွဲ့ များနှင့် ‌ဒေသခံများက ဆန္ဒ‌ဖော်ထုတ်ခဲ့ကြသည်။

ကရင်မြစ်‌ချောင်းများ ‌စောင့်ကြည့်‌ရေးအဖွဲ့(KRW)မှ ဦး‌ဆောင်၍ ပြုလုပ်သည့် ဆန္ဒထုတ်‌ဖော်ပွဲတွင် ‌ဒေသခံ ကရင်လူထု ၄၀ဝ ခန့်က ‌ရေကာတာ တည်‌ဆောက်‌ရေး ဆန့်ကျင်‌ရေးနှင့်ပတ်သက်သည့် ‌ကြွေး‌ကြော်သံ စာတမ်းများ ကိုင်‌ဆောင်ကာ ဟတ်ကြီး‌ရေကာတာ စီမံကိန်းတည်ရှိရာ‌နေရာတွင် ပထမဆုံးအကြိမ်အဖြစ် တက်‌ရောက်ဆန္ဒ‌ဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

ယင်းဆန္ဒထုတ်‌ဖော်ပွဲတွင် ဦး‌ဆောင်သူ တစ်ဦးဖြစ်သည့် KRW မှ ‌နော်ဆာမူးက “‌ရေကာတာဆန့်ကျင်‌ရေး လုပ်‌ဆောင်ရခြင်းက ကျမတို့လူမှုအဖွဲ့အစည်း‌တွေ၊ ပြည်သူလူထု‌တွေရဲ့ဆန္ဒ‌တွေကို ထုတ်‌ဖော်ခြင်းအားဖြင့် သက်ဆိုင်ရာ စီမံကိန်းရင်နှီးမြုပ်နှံမယ့်သူ‌တွေ၊ နိုင်ငံတကာနဲ့ လက်ရှိအာဏာရ အစိုးရ‌တွေကို သိရှိ‌စေချင်လို့ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဟတ်ကြီး‌ရေကာတာ ဆန့်ကျင်တိုင်ဖျက်‌ရေးလှုပ်ရှားမှုကို ဟတ်ကြီး‌ရေကာတာ တည်‌ဆောက်မည့်‌နေရာတွင် ပထမဦးဆုံ အကြိမ်အဖြင့် လာ‌ရောက်လုပ်‌ဆောင်နိုင်ခြင်းဖြစ်သလို ‌ဒေသခံပြည်သူလူထုများ၏ ပူ‌ပေါင်းပါဝင်းမှု အားသည် ‌မျှော်မှန်းထားသည်ထက် ပို၍ပါဝင်သဖြင့် အားရ‌ကျေနပ်မိ‌ကြောင်း ‌နော်ဆာမူက ဆက်‌ပြောသည်။

အဆိုပါ ‌ရေကာတာ ဆန့်ကျင်‌ရေး ဆန္ဒထုတ်‌ဖော်ပွဲတွင် ကရင်အ‌ခြေပြုအဖွဲ့အစည်းများဖြစ်ကြသည့် KRW အပါအဝင် ကရင်အမျိုးသမီးအစည်းအရုံး(KWO)၊ ကရင်သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုကွန်ယက်(KESAN)၊ ဖာပွန်ခရိုင် ကရင်လူငယ်အစည်းအရုံး(KYO)၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(DKBA)နှင့် ‌ဒေသခံ ကရင်ရွာ ၉ရွာတို့မှ ပူ‌ပေါင်း‌ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

“ဒီ‌ရေကာတာ စီမံကိန်းကို ကျမတို့ မလိုလားပါဘူး။ ဘာ‌ကြောင့်လဲဆို‌တော့ ဒီ‌ရေကာတာကို လာတည်‌ဆောက် ပြီး ဆိုတာနဲ့ ရလာမဲ့အကျိုးရလဒ်က ကျမတို့ ပြည်သူလူထုဆီကို မ‌ရောက်နိုင်ပဲ ‌ငွေရှင်၊ ‌ကြေးရှင် အစိုးရ ‌တွေဆီကိုပဲ ‌ရောက်မှာမို့လို့ပါ”ဟု ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည့် KWO မှ ‌နော်အဲ့တမွီ‌ဖောက ဆိုသည်။

ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သူ ‌ဘောသ‌ရော‌ကျေးရွာမှ ‌ကျောင်းဆရာ ‌စောမန်း‌စေးဖိုးကလည်း “ကျ‌နော်တို့ ‌ဒေသမှာ ဒီ‌ရေကာတာစီမံကိန်းကြီးကို ကျ‌နော်အပါအဝင် သံလွင်မြစ်အထက်ပိုင်း ‌အောက်ပိုင်းမှာရှိတဲ့ လူထု အားလုံးက မလိုလားသလို အမြဲတမ်းပဲ ဆန့်ကျင်သွားကြမှာပဲ။ ဒီစီမံကိန်း‌ကြောင့် ‌ရေလွမ်းမိုးမှုနဲ့ သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှာကို မလိုလားဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အလားတူ ယမန်‌နေ့က အပြည်ပြည်ဆိုင်ရာ မြစ်‌ချောင်းများထိန်းသိမ်း‌ရေးနှင့်‌ရေကာတာဆန့်ကျင်‌ရေး‌နေ့၌ ‌မော်လမြိုင်မြို့နှင့် ‌ရေကာတာ ပြုလုပ်မည့် စီမံကိန်း‌နေရာ‌ဒေသများတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေး အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ‌ဒေသခံလူထုများ စု‌ပေါင်း၍ ဆန္ဒထုတ်‌ဖော်ပွဲပြုလုပ်ခဲ့ကြသည်။

၁၉၉၇ခုနှစ် ဘရာဇီးနိုင်ငံတွင် နိုင်ငံ‌ပေါင်း ၂ဝမှ အစည်းအ‌ဝေး‌ခေါ်ယူပြီး ‌ရေကာတာ တည်‌ဆောက်ခြင်း‌ကြောင့် ပြည်သူများ၏ ရင်ဆိုင်ကြုံ‌တွေ့‌နေရသည့် အခက်အခဲနှင့် ကြီးမားသည့် ပြဿနာများ မ‌ပေါ်ထွန်း‌ရေးအတွက် ရည်ရွယ်၍ မတ်လ ၁၄ရက်‌နေ့ကို အပြည်ပြည်ဆိုင်ရာ မြစ်‌ချောင်းများ ထိန်းသိမ်း‌ရေးနှင့် ‌ရေကာတာ ဆန့်ကျင်‌ရေး‌နေ့အဖြစ် သ‌ဘောတူသတ်မှတ်ခဲ့ကြဖြစ်‌ကြောင်း သိရသည်။