Home လူငယ့်အသံ လူငယ့်အမြင် လူငယ်များရဲ့ စကားလက်‌ဆောင်

လူငယ်များရဲ့ စကားလက်‌ဆောင်

1899

‌စောအယ်လ်ဝင်း -၃၄နှစ်

ဝါသနာ – တိုးတက်ဖွံ့ဖြိုး‌ပြောင်းလဲ‌ရေး (Transformation)
ပညာအရည်အချင်း -ဘွဲ့ရ (Master Divinity, Bachelor of Theology, Doctor of Theology)

ကျ‌နော်က ဖာပွန်ခရိုင် လူ‌သောမြို့နယ်၊ ခိုမူ‌သော‌ကျေးရွာကပါ။ ‌မွေးချင်း‌မောင်နှမ၇‌ယောက်မှာ ကျ‌နော်က အကြီးဆုံးပါ။ မူလ တန်းကို ကျ‌နော် ‌ကော်သူ‌လေးနယ်‌မြေက ‌ကေးဖိုးရွာ‌ကျောင်းမှာ ‌နေခဲ့တယ်။ ၁၉၉၇ခုနှစ်မှာ ဗမာစစ်တပ်‌တွေ ရွာကိုဝင်မီးရှို့‌တော့ ကျ‌နော်တို့မိသားစု မယ်လဒုက္ခသည်စခန်းကို‌ပြောင်းလာရပြီး အဲဒီမှာ ကျ‌နော်‌ကျောင်းဆက်တက်တယ်။၂၀၀ဝခုနှစ်မှာ Bachelor of Theology အတွက် ပညာသင်ယူပြီး‌တော့ မယ်လစခန်းရဲ့ နှစ်ခြင်းခရစ်ယာန်ကျမ်းစာသင်‌ကျောင်းနဲ့ ‌ကောလိပ် ‌ကျောင်းမှာ ကျ‌နော် ‌ကျောင်းဆရာ ၂နှစ်လုပ်တယ်။ ပြီး‌တော့ ၂၀၀၅ခုနှစ်က ဖိလစ်ပိုင်မှာ Master Divinity နဲ့ ၂၀၀၉ခုနှစ်မှာ Doctor of Theology ပညာ‌တွေကို ဆက်သင်ကြားတယ်။ ‌ကျောင်းပြီး‌တော့ ၂၀၁၂ခုနှစ်မှာ မယ်လဒုက္ခသည်စခန်းကို ပြန် ‌ရောက်လာတယ်။

ကျ‌နော်က လူမှုအသိုင်းအဝိုင်းထဲက ပညာ‌ရေး၊ လူမှု‌ရေး စတာ‌တွေကို ပိုပြီး‌ကောင်း‌အောင် ပြုပြင်‌ပြောင်းလဲတာ‌တွေ ဝါသနာပါ တယ်။ ရည်ရွယ်ချက်လည်းရှိတယ်။ ဒါ‌ကြောင့် ကျ‌နော်ပြန်‌ရောက်လာခဲ့တယ်။ ကျ‌နော့်လူမျိုး‌တွေကို အဖိနှိပ်ခံဘဝ၊ မတရား အနိုင်ကျင့်ခံဘဝက‌နေ လွတ်‌မြောက်နိုင်‌အောင် နည်းလမ်း‌ကောင်းရှာ‌ဖွေရင်း အမျိုးသား‌ရေးအတွက် မားမားမတ်မတ် ရပ်တည် လုပ်‌ဆောင်သွားမှာပါ။ ဒီလိုလုပ်‌ဆောင်သွားနိုင်ဖို့ကို သက်ဆိုင်ရာ အုပ်ချုပ်‌ရေး၊ ဘာသာ‌ရေး‌ခေါင်း‌ဆောင်‌တွေ၊ လက်တွဲလုပ် ‌ဆောင်နိုင်သူ အားလုံးနဲ့ အစီစဉ်တကျ တဆင့်ပြီးတဆင့် လုပ်‌ဆောင်သွားမယ်။ ဒီလိုအချိန်‌ပေးလုပ်‌ဆောင်ရာမှာ နည်းလမ်း ‌ကောင်း‌တွေ၊ မှန်ကန်တဲ့လမ်းစဉ် လုပ်ငန်းစဉ်‌ပေါ်လစီချမှတ်ပြီး လုပ်မှသာမှန်ကန်တဲ့စည်းလုံးညီညွတ်မှုကို ရနိုင်မယ်။

လက်ရှိကျ‌နော့်လုပ်‌ဆောင်မှုတိုင်းမှာ လူငယ်‌တွေနဲ့ ထိ‌တွေ့ဆက်ဆံရမှုများတယ်။ ‌ကော်သူ‌လေးနယ်‌မြေမှာရှိတဲ့ လူငယ်‌တွေ၊ ‌ရေ‌မြေခြားမှာရှိတဲ့လူငယ်‌တွေ၊ နယ်စပ်‌ဒေသကလူငယ်‌တွေ အများစုဟာ အမျိုးသား‌ရေးနဲ့ပတ်သက်ပြီး ခံယူချက် အားနည်းတာ ကို ‌တွေ့ရတယ်။ ‌နောက်ပြီး အမျိုးသားရဲ့ သမိုင်းတွင် ‌နေ့ထူးရက်မြတ်‌တွေ၊ ဝတ်စားဆင်ယင်မှု ဓ‌လေ့ထုံးစံ‌တွေကို လူငယ်‌တွေက နားမလည်‌တော့ဘူး။ လူငယ်‌တွေဆိုတာ တိုင်းပြည်ရဲ့အင်အား၊ ‌နောင်လာမယ့်‌ခေါင်း‌ဆောင်မို့ တိုင်းပြည်အတွက် တန်ဖိုးအရှိဆုံး ပါ။ ဒါ‌ကြောင့် လူငယ်‌တွေအ‌နေနဲ့ စာများများဖတ်ပြီး သမိုင်းမှန်‌တွေကိုရယူနိုင်ဖို့ သက်ရှင်ရပ်တည်မယ်။ ကိုယ့်အမျိုးသားရဲ့ လိုအပ်ချက်၊ ရည်မှန်းချက်၊ ဘဝ‌တွေကိုနားလည်ပြီး ပညာသင်ယူကြပါ။ ရည်မှန်းချက်ပြည့်ပြီးတဲ့အချိန် ပိုးကရင်၊ စ‌ကောကရင် အမြင်မခွဲခြားဘဲ ကရင်လူမျိုးတစ်ရပ်တည်းအဖြစ် လုပ်‌ဆောင်သွားဖို့က လက်ရှိမှာ လူငယ်‌တွေအတွက် အ‌ရေးကြီးတဲ့အချိန်ပါပဲ။

လူငယ်‌တွေကို ‌ပြောချင်တာက‌တော့ ကိုယ့်တန်ဖိုးကို နားလည်ဖို့၊ ထို့အတူ လူငယ်‌တွေမှာ ခွန်အား၊ စိတ်ကူးအိပ်မက်‌တွေရှိ တယ်။ ကျ‌နော်တို့ကရင်လူငယ်‌တွေ မျက်စိဖွင့်၊ နားစွင့်ပါ။ အဆင့်မြင်ပညာရပ်‌တွေကို ‌လေ့လာသင်ယူပြီး ‌နောင်တချိန် ‌ခေါင်း ‌ဆောင်ဖြစ်လာရင် အခြား‌သော အမျိုးသားများနဲ့ ပုခုံးချင်းယှဉ် ရင်‌ဘောင်တန်းနိုင်ဖို့၊ အရည်အချင်းပြည့်ဝတဲ့ ‌ခေါင်း‌ဆောင်ဖြစ် ‌အောင် ကြိုးစားကြဖို့ ‌ပြောချင်ပါတယ်။