Home သတင်း သန်း‌ခေါင်စာရင်း၌ ကုဒ် ၃၀၂ တွင်သာ ထည့်သွင်းရန် ကရင်ဖြူမျိုးနွယ်စုများသ‌ဘောတူ

သန်း‌ခေါင်စာရင်း၌ ကုဒ် ၃၀၂ တွင်သာ ထည့်သွင်းရန် ကရင်ဖြူမျိုးနွယ်စုများသ‌ဘောတူ

1910

ကရင်ဖြူမျိုးနွယ်စု‌တွေ့ဆုံပွဲ

မတ် ၁၄ရက်၊ ၂၀၁၄ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ဖြူမျိုးနွယ်စုဝင် စာရင်းအမှန်ရ‌ရေးအတွက် သန်‌ခေါင်စာရင်း၌ အစိုးရကုဒ်သတ်မှတ်ထားသည့် ကုဒ်နံပါတ် ၃၀၂ တွင်သာ ထည့်သွင်းရန် ကရင်ဖြူမျိုးနွယ်စုများက သ‌ဘောတူ‌ကြောင်း တညီတညွှတ်တည်း ‌ပြောဆိုလိုက်သည်။

မတ်လ ၈ ရက်‌နေ့တွင် ‌နေပြည်‌တော် ‌ကောင်စီနယ်‌မြေ၊ လယ်‌ဝေးမြို့နယ်၊ ‌အောင်နန်းချို‌ကျေးရွာခမ်းမ၌ ပြုလုပ်သည့် ကရင်ဖြူမျိုးနွယ်စု‌တွေ့ဆုံပွဲတွင် ‌ဒေသအသီးသီးမှ တက်‌ရောက်လာ‌သော ကိုယ်စားလှယ် ၃၀ဝ ‌ကျော်တို့က ထိုသို့ သ‌ဘောတူဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

လယ်‌ဝေးမြို့နယ်၊ ‌အောင်နန်းချို ‌ကျေးရွာမှ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ‌စော‌ကျော်‌ဇောက “သန်း‌ခေါင်စာရင်း မှာ ကရင်ဖြူ‌တွေကို အစိုးရသတ်မှတ်တဲ့ အတိုင်းကုဒ် ၃၀၂ မှာထည့်ဖို့ သ‌ဘောတူထားတယ်။ ကျ‌နော်တို့က အမှန်‌တော့ ကရင်ပဲ။ မှတ်ပုံတင်မှာလည်း ကရင်လို့ပဲ ထည့်တယ်။ အခုအစိုးရက ဒီဘက် ကရင်‌တွေကို ကရင် ဖြူလို့ သတ်မှတ်ထား‌တော့ သတ်မှတ်ထားတဲ့ အတိုင်းသန်‌ခေါင်စာရင်းလူမျိုးစုမှာ ကရင်ဖြူလို့ပဲ ထည့်ပြီး လူမျိုး နွယ်စုဦး‌ရေအမှန်ရ‌အောင် ကရင်ဖြူ‌တွေ‌နေတဲ့ ‌ဒေသအလိုက် ကိုယ်စားလှယ်‌တွေက ပြန်ရှင်းပြသွားမှာပါ “ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မိမိတို့ ကရင်ဖြူများ သန်း‌ခေါင်စာရင်းအ‌ကြောင်းပြုပြီး ပြန်လည်စုစည်းနိုင်သည့်အတွက် ဝမ်း‌မြောက်မိ‌ကြောင်း ကရင်ဖြူများအ‌နေဖြင့် ကရင်နှစ်သစ်ကူးပွဲ‌တော် ကရင့်အလံ စသည်တို့သည် အခြားကရင်မျိုးနွယ်စုဝင်များနှင့် အတူတူဖြစ်သည့်အတွက် ကရင်လူမျိုးဟုသာ ခံယူ‌ကြောင်း ရှမ်းပြည်နယ်‌တောင်ပိုင်း၊ ပင်‌လောင်းမြို့နယ်၊ လှည်းကြီး‌ကျေးရွာမှ ‌စောအုန်း‌ဖေလည်း ‌ပြောသည်။

လက်ရှိ သန်း‌ခေါင်စာရင်းတွင် ကရင်မျိုးနွယ်စု များကွဲပြားမှုများရှိသည့်အတွက် ကရင်လူမျိုးများတစ်စုတစ်စည်း တည်းဖြစ်‌စေရန် မျိုးနွယ်စုမခွဲဘဲ ကရင်တစ်မျိုးတည်းသာ ထည့်သွင်းရန် ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီ လအလယ်ပိုင်း တွင် ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီးများက တိုက်တွန်း‌ပြောဆိုထားသည်။

ကရင်ဖြူမျိုးနွယ်စုများသည် ကရင်ပြည်နယ် သံ‌တောင်ကြီးမြို့နယ် ‌မြောက်ပိုင်း‌ဒေသမှ ‌နေပြည်‌တော်လယ်‌ဝေး၊ ပျဉ်းမနားတ‌လျှောက် သျှမ်းပြည်နယ်၊ ပင်‌လောင်မြို့နယ် ‌တောင်ပိုင်း‌ဒေသများရှိ ‌ကျေးရွာ ၆၄ ရွာတွင် ‌နေထိုင်ကာ ခန့်မှန်းလူဦး‌ရေ ၅၀,၀၀ဝ ‌ကျော်ရှိ‌ကြောင်း သိရသည်။