KIC News
မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် လူထုဆွေးနွေးပွဲ DKBA ပြုလုပ်
ဇွန် ၆ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA ကလိုထူးဝါးစစ်ကွပ်ကဲရေးဌာနမှ ဦးစီး၍ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် လူထုဆွေးနွေးပွဲတစ်ခုကို ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကောင်းမှုကျေးရွာတွင် ဇွန် ၄ရက်နေ့က ပြုလုပ်ကျင်းပခဲ့သည်။
ဆွေးနွေးပွဲ ဦးဆောင်ခဲ့သူတစ်ဦးဖြစ်သည့် ကလိုထူးဝါးစစ်ကွပ်ကဲရေးဌာန၏ ထောက်လှမ်းရေးမှူး စောသရီးတူးက “မူးယစ်ဆေးဝါးဆိုတာ အနာဂါတ်လူငယ်တွေနဲ့ ဒေသခံပြည်သူတွေအတွက် အရမ်းအန္တရာယ်များတယ်။ ဒါကြောင့်...
မှိုင်းကံဒေသ မြေကိစ္စကန့်ကွက်မှု အထောက်အထား ခိုင်လုံပါဟု ကျော်လွမ်းမိုးကုမ္ပဏီ ပြော
ဇွန် ၅ရက်၊ ၂၀၁၅ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံ(ဘားအံ)မြို့နယ် မှှိုင်းကံဒေသရှိ မြေလွတ်သစ်တောအတွင်း၌ တရားဝင်လုပ်ပိုင်ခွင့် ရရှိရန် လျှောက်ထားမှုကို ဒေသခံများအနေဖြင့် ကန့်ကွက်လိုပါက အထောက်အထားခိုင်လုံစွာ ကန့်ကွက်ပါဟု ဇွန် ၃ရက်နေ့တွင် ကျော်လွမ်းမိုးကုမ္ပဏီက ပြောဆိုခဲ့သည်။
ဒေသအပိုင်ဖြစ်သော အဆိုပါမြေလွတ်သစ်တောအတွင်းတွင် နှစ်ရှည်ခံသီးပင်များစိုက်ပျိုးရန် ဝင်ရောက် လျှောက်ထားခွင့်ကို မလိုလားကြောင်း ဒေသခံများပူးပေါင်း၍...
ဒုတိယမြောက် မဲဆောက်-မြဝတီချစ်ကြည်ရေးတံတား စီမံကိန်းစတင်
ဇွန် ၅ရက်၊ ၂၀၁၅ခုနှစ်။ ကေအိုင်စီ
ထိုင်းဘတ်ငွေ သန်း ၃,၉၀ဝ ကုန်ကျမည့် ဒုတိယမြောက် မဲဆောက်-မြဝတီချစ်ကြည်ရေးတံတားစီမံကိန်းကို ထိုင်းလမ်းတံတားတည်ဆောက်ရေးအဖွဲ့က ယခုလ ဇွန်ဆန်းမှစတင်ကာ ထိုင်းဘက်ခြမ်းတွင် စက်ယန္တယား များဖြင့် မြေတိုင်းထွာခြင်း၊ ခြင်းကပ်တိုင်နေရာများ သတ်မှတ်တိုင်ထွာခြင်း၊ မြေညှိခြင်းအပါအဝင် စီမံကိန်း လုပ်ငန်းများ စတင်နေပြီဖြစ်သည်။
အဆိုပါတံတားကို...
အာဆီယံ စီးပွားရေးအသိုက်အဝန်း ဖြစ်လာပါက ရင်ဆိုင်ရမည့် ပြဿနာများဖြေရှင်းနိုင်ရန် ထိုင်းနှင့်မြန်မာ ညှိနှိုင်း
ဇွန် ၄ရက်၊ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
လာမည့် ၂၀၁၆ ခုနှစ်တွင် အာဆီယံ စီးပွားရေးအသိုက်အဝန်း(ASEAN Economic Community -AEC) ဖြစ်လာပါက ထိုင်း-မြန်မာနယ်စပ်ဒေသအတွင်း ရင်ဆိုင်ရမည့် မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့် ရွှေ့ပြောင်း အလုပ်သမား ပြဿနာများကို ဖြေရှင်းနိုင်ရန် နှစ်နိုင်ငံတာဝန်ရှိသူများ၏ ညှိနှိုင်းဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊...
မယ်တော်ဆေးခန်းတွင် မိခင်နှင့် ကလေးကျန်းမာရေးစောင့်ရှောက်မှုသင်တန်း ဖွင့်လှစ်
ဇွန် ၄ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး
မယ်တော်ဆေးခန်း-MTC မှ ဦးဆောင်၍ လူထုအခြေပြု တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများပါဝင်သည့် မိခင်နှင့် ကလေးကျန်းမာရေး စောင့်ရှောက်မှုသင်တန်း(MCH-Maternal and Child Health Training)ကို ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းတွင် ဇွန် ၃ရက်နေ့က ဖွင့်လှစ်လိုက်သည်။
ယခုလ ဇွန် မှ...
ကရင်ပြည်နယ် အခြေခံမဲဆန္ဒရှင်စာရင်း ဇွန် ၈ ရက်နေ့တွင် စတင်ကြေညာမည်
ဇွန် ၃ ရက်၊ ၂၀၁၅ ခုနှစ်။ စောထွန်းလင်း
၂၀၁၅ ရွေးကောက်ပွဲအတွက် ကရင်ပြည်နယ် အခြေခံမဲဆန္ဒရှင်စာရင်းကို ယခုလ ဇွန် ၈ ရက်နေ့တွင် ပြည်နယ် အတွင်းရှိ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ထုတ်ပြန်ကြေညာသွားမည် ဖြစ်သည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးကျော်ဝင်းမောင်က...
ကရင်ပြည်နယ်ရှိ ဂေဘားမျိုးနွယ်စု ကယားပြည်နယ်ထက် စာပေယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်မှု အားနည်း
ဇွန် ၃ရက်၊ ၂၀၁၅ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်အတွင်းရှိ ဂေဘားမျိုးနွယ်စုများသည် ကယား(ကရင်နီ)ပြည်နယ်ရှိ ဂေဘားမျိုးနွယ်စုထက် ဂေဘားစာပေယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်မှု အားနည်းနေသေးကြောင်း မေ ၃၁ရက်နေ့က လွိုင်ကော်မြို့၌ ပြုလုပ်သည့် ဂေဘားမျိုးနွယ်စုဆုံစည်းပွဲတွင် ဂေဘားစာပေယဉ်ကျေးမှုအဖွဲ့က ပြောသည်။
ကယားပြည်နယ် လွိုင်ကော်မြို့နယ်နှင့် ဒီမောဆိုမြို့နယ်ရှိ ဂေဘားမျိုးနွယ်စုများ၊ ကရင်ပြည်နယ် သံတောင် ကြီးမြို့နယ်မှ ဂေဘားမျိုးနွယ်စုများ အပါအဝင်...
‘ချို့တဲ့လှမ်းဝေး ပညာရေး’ အမည်ရှိ အစီရင်ခံစာ မွန်အမျိုးသမီးနှင့် ကလေးအခွင့်အရေး အစီအစဉ် ထုတ်ပြန်
ဇွန် ၃ရက်၊ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
မွန်ကျေးလက်ဒေသရှိ ပညာရေးအခြေအနေများကို ဖော်ညွှန်းထားသော ‘ချို့တဲ့လှမ်းဝေး ပညာရေး’ အမည်ရှိ အစီရင်ခံစာ တစ်စောင်ကို မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း(HURFOM)၏ အမျိုးသမီးနှင့် ကလေးအခွင့် အရေး အစီအစဉ်(WCRP)က မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အမှတ်(၉၂) ရှင်စောပုလမ်း၊ စုပေါင်းခြံလမ်းသွယ်၊ မော်လမြိုင်ရပ်ကွက်၌ ဇွန်...
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး တိုင်းရင်းသားခေါင်းဆောင်များ လက်ထဲ၌သာ ရှိဟု ကုလအတွင်းရေးမှူး အကြံပေးပုဂ္ဂိုလ် ပြော
ဇွန် ၂ရက်၊ ၂၀၁၅ခုနှစ်။ စောခါးစူးညား
မြန်မာနိုင်ငံ၏ အနာဂါတ် ငြိမ်းချမ်းရေးရရှိရေးသည် လော်ခီးလာအစည်းအဝေးသို့ တက်ရောက်သည့် တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးထိပ်သီးခေါင်းဆောင်များ၏ လက်ထဲ၌သာ ရှိသည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေ နမ်ဘီယာ(Mr. Vijay Nambiar)က ဇွန် ၂ရက်နေ့တွင်...
ဒေါနအရှေ့ခြမ်းရှိ ကျောင်းဆရာများအတွက် ပထမဦးဆုံးအကြိမ် KED ဖတ်စာအုပ်သင်ကြားမှုဆိုင်ရာ သင်တန်းပေး
ဇွန် ၂ရက်၊ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
ကရင်ပညာရေးဋ္ဌာန(KED)မှ ရေးဆွဲထားသော ကျောင်းသုံးဖတ်စာအုပ်များကို အသိအမှတ်ပြုခံရရန်နှင့် လွတ်လပ်စွာ သင်ကြားနိုင်ရန် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဒေါနအရှေ့ခြမ်းရှိ ကျောင်းဆရာ/မများအတွက် ပထမဆုံးအကြိမ် KED၏ ဖတ်စာအုပ်သင်းကြားပို့ချမှု သင်တန်းတစ်ခုကို သေ့ဘောဘိုးအထက်တန်းကျောင်း၌ ဇွန် ၁ရက်မှ ၆ရက်နေ့အထိ ပြုလုပ်ပေးလျှက်ရှိသည်။
ဒေါနအရှေ့ခြမ်း နို့ဖိုး၊...













