Home သတင်း ကြာအင်းဆိပ်ကြီးမြို့နယ်လုံးဆိုင်ရာ ၂၇၅၅ ခုနှစ် ကရင်နှစ်သစ်ကူးပွဲ‌တော် ခလယ်-တံခွန်တိုင်း‌ကျေးရွာတွင် ကျင်းပမည်

ကြာအင်းဆိပ်ကြီးမြို့နယ်လုံးဆိုင်ရာ ၂၇၅၅ ခုနှစ် ကရင်နှစ်သစ်ကူးပွဲ‌တော် ခလယ်-တံခွန်တိုင်း‌ကျေးရွာတွင် ကျင်းပမည်

1573

ဒီဇင်ဘာလ ၁၃ရက်။ ၂၀၁၅ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် လုံးဆိုင်ရာ ၂၇၅၅ ခုနှစ် ကရင်နှစ်သစ်ကူးပွဲ‌တော်ကို ခလယ် -တံခွန်တိုင်‌ကျေးရွာ နှစ်သစ်ကူးကွင်း၌ ကျင်းပသွားမည်ဖြစ်‌ကြောင်း ဝင်း‌ရော်‌ဒေသ ကရင်နှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေး ‌ကော်မတီနာယက မန်းတင်ငြိမ်းချမ်းက ‌ကေအိုင်စီသို ့ ယမန်‌နေ ့က‌ပြောသည်။

မြို့နယ်အဆင့် ၇၈ ကြိမ်‌မြောက်ပြုလုပ်မည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကို ခလယ်-တံခွန်တိုင် ‌ကျေးရွာ တွင်ကျင်းပရန်အလှည့်ကျခြင်းဖြစ်ပြီး ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ခလယ်‌ကျေးရွာအုပ်စု ၊ တံခွန်တိုင် ‌ကျေးရွာအုပ်စု၊ ‌တောင်ဒီးနှင့် ကျုံခဝန်‌ကျေးရွာအုပ်စုများအတွင်းရှိသည့် ‌ကျေးရွာ‌ပေါင်း အနည်းဆုံး ၂ဝ ခန့် ပါဝင်ကာ ယခင်နှစ်များထက်စည်ကားစွာ ကျင်းပရန် စီစဉ်‌နေ‌ကြောင်း ကျင်းပ‌ရေး‌ကော်မတီက ‌ပြောသည်။

ဝင်း‌ရော်‌ဒေသ ကရင်နှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေး‌ကော်မတီ နာယက မန်းတင်ငြိမ်းချမ်းက “ ကျ‌နော်တို့ ဒီနှစ်ကျင်းပမယ့် နှစ်သစ်ကူးအတွက် ဆပ်‌ကော်မတီ‌တွေဖွဲ့တယ် ၊ ယဉ်‌ကျေးမှု‌ကော်မတီ၊ အားကစား‌ကော်မတီ၊ ဧည့်ခံကြိုဆို‌ရေး ‌ကော်မတီ အပါအဝင် ‌ကော်မတီ ၁ဝ ခု‌လောက်ဖွဲ့ထားတယ်။ ‌ကျေးရွာ‌တွေ စည်းစည်းလုံးလုံးနဲ့ အရင်နှစ်ထက် စည်စည်ကားကားဖြစ် ‌အောင်ကျင်းပဖို့ရှိတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

နှစ်သစ်ကူးပွဲ‌တော်ကို ပိုမိုစည်ကားစွာ ကျင်းပနိုင်ရန်အတွက် လက်‌ဝှေ့၊ ‌ဘောလုံး၊ ခြင်းလုံးအား ကစားနည်း ပြိုင်ပွဲများ၊ ရိုးရာကစားနည်းများဖြစ်သည့် ‌ချောတိုင်တက်ပြိုင်ပွဲတို ့ အပြင် ယဉ်‌ကျေးမှုပြခန်းနှင့် သစ်သီးဝလံပြပွဲ ပြိုင်ပွဲများကို ယခုနှစ်တွင် ထည့်သွင်းကျင်းပသွားမည်ဖြစ်‌ကြောင်း ပွဲ‌တော်ကျင်း ပ‌ရေး‌ကော်မတီထံမှ သိရသည်။

ကရင်သက္ကရာဇ် ၂၇၅၅ ခုနှစ် ပြာသိုလဆန်း(၁) ရက်‌နေ့တွင် ကျ‌ရောက်မည့် ကရင်နှစ်သစ်ကူး ပွဲ‌တော်ကို ခလယ်-တံခွန်တိုင်‌ကျေးရွာတွင် (၃) နှစ်ဆက်တိုက်ကျင်းပသွား ရမည်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်များက ဝင်‌ရော် ‌ဒေသကိုယ်စားပြု ဖားပြ‌ကျေးရွာတွင် အလှည့်ကျ ကျင်းပခဲ့ပြီး ဖြစ်သည်။

‌တောင်ဒီး‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး မန်း‌အောင်မင်း က “ ကျ‌နော်တို့ ဒီဘက်နယ်မှာ အစဉ်အလာရှိ‌နေတဲ့ ကရင် အမျိုးသားနှစ်သစ်ကူးကျင်းပတာ ဒီနှစ်ဆိုရင် (၇၈)ကြိမ် ‌တောင်‌ရောက်လာပြီ‌ပေါ့။ ဒီအစဉ် အလာ ‌ကောင်းကို ဆက်လက်ထိန်းသိမ်းသွားဖို့ ကျ‌နော်တို့ မဖြစ်ဖြစ်‌အောင် ဒီထက်မက လုပ်‌ဆောင်ရမှာဖြစ်သလို ‌နောင်လာမယ့် မျိုးဆက်သစ် လူငယ်‌တွေကို ‌ရှေ့‌ဆောင်ပြီးလုပ်ပြဖို့က အားလုံးမှာလည်း တာဝန်ရှိပါတယ်” ဟု ‌ပြောသည်။

၁၉၃၇ခုနှစ်တွင် ကရင်အမျိုးသား‌ခေါင်း‌ဆောင်များက ကရင်အမျိုးသား‌နေ့ တရားဝင်သက်မှတ်နိုင်‌ရေး အတွက် အဂင်္လိပ်အစိုးရထံ ‌တောင်းဆိုလာခဲ့ရာ အမျိုးသား‌နေ့အစား ကရင်အမျိုုးသားနှစ်သစ်ကူး‌နေ့ အဖြစ် ၁၉၃၈ ဒီဇင်ဘာလ(၂၁)ရက်‌နေ့တွင် မြန်မာတစ်နို်င်ငံလုံးတရားဝင်ရုံးပိတ်ရက်အဖြစ် ပြဌာန်း ‌ပေးခဲ့ခြင်း ဖြစ်သည်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကို ယခုနှစ် ကရင်ပြည်နယ်တစ်ခုလုံးအ‌နေဖြင့် မြဝတီမြို့နယ်အတွင်း ရှိ ‌ရွှေက္ကိုလ်တွင်ကျင်းပသွားမည်ဖြစ်သလို ဖားအံမြို့နယ် ‌တောင်က‌လေး၊ဘုရားသုံးဆူနှင့် ခလယ်-တံခွန်တိုင် တိုက်နယ် တို့တွင်လည်း အသီးသီးကျင်းပမည် ဖြစ်‌ကြောင်း သိရသည်။