KIC News
ကရင်ပြည်နယ်တွင် လူဦးရေ ၁၅ သိန်းကျော်ရှိကြောင်း ထုတ်ပြန်
ဇွန် ၁ရက်၊ ၂၀၁၅ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံ၏ ၂၀၁၄ ခုနှစ်က ကောက်ခံသည့် သန်းခေါင်စာရင်းပင်မအစီရင်ခံစာအရ မြန်မာတစ်နိုင်ငံလုံးရှိ စုစုပေါင်း လူဦးရေမှာ (၅၁,၄၈၆,၂၅၃)ဦးရှိပြီး ထိုအထဲ၌ ကရင်ပြည်နယ်၏ လူဦးရေမှာ (၁,၅၇၄,၀၇၉)ဦး ရှိကြောင်း မေ ၂၉ရက်နေ့က နေပြည်တော်တွင် ထုတ်ပြန်ခဲ့သည်။
ကရင်ပြည်နယ်အတွင်းရှိ ဖားအံ၊ ဖာပွန်၊...
မြဝတီ-ကော့ကရိတ်ကားလမ်းသစ်တွင် ကရင်လက်နက်ကိုင်ဂိတ် တဖွဲ့စီအစား ပူးပေါင်းဂိတ်ထားမည်
မေ ၃ဝရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း
ကရင်ပြည်နယ်တွင် ဖောက်လုပ်နေသော မြဝတီ-ကော့ကရိတ် အာရှအဝေးပြေး ကားလမ်းတစ်လျှောက် အခွန်ကောက်ခံနေ သည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်ဂိတ်များကို တစ်ဖွဲ့စီ သီးခြားအခွန်ကောက်ခံမှု မပြုလုပ်စေတော့ဘဲ အဖွဲ့စုံ ပူးပေါင်းထား သည့်ဂိတ်အဖြစ်သာ ထားရှိတော့မည်ဖြစ်ကြောင်း မေလ ၂၈ရက်မှ ၂၉ရက်နေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်...
ငြိမ်းချမ်းရေးဖြစ်စဉ်၌ ကျောင်းသားလူငယ်များ၏ ပူးပေါင်းပါဝင်မှုအခန်းကဏ္ဍ အရေးကြီးဟု SYCB ထုတ်ပြန်
မေ ၂၉ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး
မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက်-SYCB မှ ကြီးမှူး၍ ရှမ်း(သျှမ်း)ပြည်နယ်၊ လားရှိုးမြို့တွင် ပြုလုပ်သော (၇)ကြိမ် မြောက် ဒေသဆိုင်ရာ ကျောင်းသားလူငယ်များ နှီးနှောဖလှယ်ပွဲ၌ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်တွင် ကျောင်းသားလူငယ်များ၏ ပူပေါင်းပါဝင်မှုအခန်းကဏ္ဍသည် အလွန်အရေးကြီးကြောင်း မေလ ၂၇ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ...
နိုင်ငံတကာ ကရင်အမျိုးသားအစည်းအရုံးမှ UNFC ထံသို့ အချက်(၇)ချက်ပါ အကြံပြုချက်စာပေးပို့
မေ ၂၉ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး
တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရအကြား တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) လက်မှတ်မရေးထိုးမီ ထည့်သွင်းစဉ်းစားနိုင်ရန် ရည်ရွယ်၍ နိုင်ငံတကာ ကရင်အမျိုးသားအစည်းအရုံး-IKO က အချက် (၇)ချက်ပါ အကြံပြုစာ တစ်စောင်ကို ညီညွတ်သော တိုင်းရင်းသားဖက်ဒရယ်ကောင်စီ-UNFC ထံသို့ မေလ ၂၆ရက် နေ့စွဲဖြင့် ပေးပို့ခဲ့သည်။
၎င်းအကြံပြုချက်စာတွင်...
မှှိုင်းကံဒေသ မြေလွတ်အတွင်း ကုမ္ပဏီများ ဝင်ရောက်လုပ်ခွင့်တောင်းသည့်အပေါ် ဒေသခံများ ကန့်ကွက်
မေ ၂၉ရက်၊ ၂၀၁၅ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် မှှိုင်းကံဒေသအတွင်းမှာရှိသည့် ဒေသအပိုင် မြေလွတ်သစ်တောတွင် ကုမ္ပဏီများမှ နှစ်ရှည်ခံ သီးပင်များစိုက်ပျိုးရန် ဝင်ရောက်လျှောက်ထားခွင့်ကို မလိုလားကြောင်း ဒေသခံများ ပူးပေါင်း၍ မြို့နယ်မြေစာရင်းဦးစီးဋ္ဌာနမှူး ထံသို့ မေလ ၂၇ရက်နေ့တွင် ကန့်ကွက်စာ တင်လိုက်ကြောင်း သိရသည်။
မှှိုင်းကံကျေးရွာအုပ်စု ပတုပ်အရှေ့ကွင်းအတွင်းရှိသော (မြေလွတ်/မြေရိုင်း)များကို...
အရပ်ဖက်ပါဝင်သော အပစ်ခတ်ရပ်စဲရေး စောင့်ကြည့်မှုသင်တန်း KWEG ဒုတိယအကြိမ်ပြုလုပ်
မေ ၂၈ရက်၊ ၂၀၁၅ခုနှစ်။ နန်းချောင်ဖော့
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုရန် ရည်ရွယ်ချက်၍ အရပ်ဖက်ပါဝင်သော အပစ်ခတ်ရပ်စဲရေး စောင့်ကြည့်မှုသင် တန်းကို ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(KWEG)မှ ဦးဆောင်ပြီး မေလ ၂၅ ရက်နေ့မှ ၃ဝရက်နေ့အထိ ကရင်ပြည်နယ်၊ ဖားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ Royal Angel Hotel ၌...
အယ်ဒီတာ့အာဘော်
ခိုင်မြဲသည့် ငြိမ်းချမ်းရေးဖြစ်ဖို့ အခြေခံကောင်းများ လိုသည်
ခိုင်မာသည့်အရာတစ်ခုကို တည်ဆောက်ရာတွင် ရေရှည်တည်မြဲနိုင်ရေးအတွက် အခြေခံကောင်းများရှိဖို့ရန် အရေးကြီးလှပေ သည်။ ကနဦးအစတွင် အခြေခံအုတ်မြစ်(ဖောင်ဒေးရှင်း) မခိုင်ခံ့သော မည်သည့်တည်ဆောက်မှုမျိုးမဆို တာရှည်ခံမှုကို အာမခံ ကာ တိုင်းထွာ၍မရ။ ထိုနည်းတူ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးအတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် အုပ်ချုပ်ရေးစနစ်၊ ဥပဒေ ပြုရေးစနစ်နှင့် တရားစီရင်ရေးစနစ်များမှာ...
‘၀’ နှင့် သျှမ်းအဖွဲ့ လော်ခီးလာညီလာခံမတက်သော်လည်း အပစ်ရပ်မှုကို မထိခိုက်ဟု NCCTပြောဆို
မေ ၂၈ရက်၊ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေ လော်ခီးလာ(လေးဝါး)စခန်း၌ ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင်များ ညီလာ ခံကို ‘၀’ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်-UWSA နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS/SSAတို့ မတက်ရောက်သော်လည်း အပစ်ရပ်စာချုပ် လုပ်ငန်းစဉ်အပေါ် ထိခိုက်မှုမရှိကြောင်း အပစ်အခတ် ရပ်စဲရေးဆိုင်ရာ...
KNU နယ်မြေအတွင်း ကလေးသူငယ် ကာကွယ်ဆေးထိုးပေးနိုင်မှု အလွန်အားနည်းနေသေး
မေ ၂၈ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေများဖြစ်သည့် ခရိုင် (၇)ခုအတွင်း ကလေးသူငယ်များအတွက် ကာကွယ်ဆေး ထိုး ပေးနိုင်မှုနှုန်းမှာ အလွန်အားနည်းလျှက်ရှိနေပြီး ထိရောက်ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း ကရင်ကျန်းမာရေး နှင့် ကယ်ဆယ်ရေးဌာန(Karen Department of Health and Welfare...
ကရင်ဒုက္ခသည်စခန်း ၆ခုမှ ကရင်ကျောင်းသားကွန်ရက်အဖွဲ့ဝင်များအား FM ရေဒီယိုထုတ်လွှင့်နိုင်ရန် သင်တန်းပေး
မေ ၂၇ရက်၊ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်း ၆ခုအတွင်း FM ရေဒီယို အစီအစဉ် ပုံမှန်ထုတ်လွှင့်သွားရန် ရည်ရွယ်၍ ကရင် ကျောင်းသားကွန်ရက်အဖွဲ့(Karen Student Network Group-KSNG)က ၎င်းတို့၏ အဖွဲ့ဝင်များအား မေလ ၁ရက်နေ့မှ ဇွန်လ ၃ရက်နေ့အထိ အခြေခံမီဒီယာသင်တန်းကို...














