Home သတင်း ‌ကောင်းမွန်သည့် ကျန်းမာ‌ရေး စနစ်တစ်ခုဖြစ်‌ပေါ်ရန် တိုင်းရင်းသား ကျန်းမာ‌ရေးအဖွဲ့များလိုလား

‌ကောင်းမွန်သည့် ကျန်းမာ‌ရေး စနစ်တစ်ခုဖြစ်‌ပေါ်ရန် တိုင်းရင်းသား ကျန်းမာ‌ရေးအဖွဲ့များလိုလား

1769

ဒီဇင်ဘာ ၁၁ ရက်။ ၂၀၁၅ ခုနှစ်။ ‌စောသိန်းမြင့်

မြန်မာနိုင်ငံတွင် ဗဟိုချုပ်ကိုင်မှု ‌လျှော့ချပြီး ‌ကောင်းမွန်သည့် ကျန်းမာ‌ရေး စနစ်တစ်ခု‌ပေါ်‌ပေါက်လာရန် တိုင်းရင်းသား ကျန်းမာ‌ရေးအဖွဲ့များက လိုလားကြသည်ဟု ဒီဇင်ဘာ ၁၁ရက်‌နေ့တွင် ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့၌ ကျင်းပသည့် တိုင်းရင်းသား ကျန်းမာ‌ရေးအဖွဲ့များ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ‌ပြောဆိုခဲ့ကြသည်။

ယ‌နေ့မှစ၍ သုံးရက်ကြာ ပြုလုပ်မည့် ၎င်း‌ဆွေး‌နွေးပွဲတွင် မယ်‌တော်‌ဆေးခန်းတာဝန်ခံ ‌ဒေါက်တာ စင်သီယာ ‌မောင်၊ ကရင်အမျိုးသားအစည်းအရုံး-KNU အတွင်း‌ရေးမှူး(၂)ပဒိုမန်းမန်းမန်း၊ BMA ဒါရိုက်တာ ‌စော‌နေထူး၊ နယ်လှည့်‌ကျောပိုး အိတ်ကျန်းမာ‌ရေးအဖွဲ့-BPHWT ဒါရိုက်တာ ‌စောဝင်း‌ကျော်၊ ‌တောင်အ‌မေရိကတိုက်မှ ပြန်လာသည့် မိခင်နှင့် က‌လေးကျန်းမာ‌ရေးအထူးကု ‌ဒေါက်တာသိန်းဝင်း၊ မွန်၊ ကရင်၊ ကရင်နီ၊ သျှမ်း၊ ကရင်နီ၊ ပအိုဝ်းနှင့် IRCတို့မှ ကျန်းမာ‌ရေး တာဝန်ရှိသူများအပါအဝင် ၃ဝခန့် တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ‌ဆေးပညာရှင်များအသင်း(BMA) ဒါရိုက်တာ ‌စော‌နေထူးက “မြန်မာနိုင်ငံ တစ်ခုလုံးရဲ့ ကျန်းမာ‌ရေး စနစ်က ဗဟိုချုပ်ကိုင်မှုစနစ်ဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်‌ထောင်စုကို တည်‌ဆောက်ဖို့အတွက် အမြဲတမ်း ‌ပြောဆို ကြတာ ရှိပါတယ်။ အဲဒီအ‌ပေါ်မှာ အ‌ခြေခံပြီး‌တော့ ဖက်ဒရယ်ပြည်‌ထောင်စုနဲ့အညီ ဗဟိုချုပ်ကိုင်မှု ‌လျှော့ချတဲ့ စနစ် ဖြစ်ဖို့လိုပါတယ်။ တိုင်းရင်းသား‌တွေ ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် ကရင်ဆိုလည်း ကရင့်ကျန်း မာ‌ရေးကံကြမ္မာနဲ့ ကချင်ဆိုလည်း ကချင့်ကျန်းမာ‌ရေး ကံကြမ္မာနဲ့ သွားဖို့လိုပါတယ်״ဟု ‌ပြောသည်။

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ‌ကောင်းမွန်သည့် ကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှုကို သွားလိုပါက လက်ရှိ ကျင့်သုံး‌နေ‌သော ကျန်းမာ‌ရေးစနစ်ကို ပြုပြင်‌ပြောင်းလဲရန် လိုအပ်သလို တိုက်ရိုက် ဗဟိုချုပ်ကိုင်‌လျှော့ချသည့် ကျန်းမာ‌ရေးစနစ်ကို ဖြစ်ကိုဖြစ်ရမည်ဟု ဆိုသည့် သန္ဒိဋ္ဌါန်ဖြင့် သွားရန် လိုအပ်သည်ဟု ‌စော‌နေထူးက ဆက်‌ပြောသည်။

ပအိုဝ်းကျန်းမာ‌ရေးဋ္ဌာနမှ ခွန်စည်သူကလည်း “နိုင်ငံ‌ရေးအရ ‌ပြောရင် မြန်မာနိုင်ငံမှာ သွား‌နေတာက ဖက်ဒရယ်၊ ဖက်ဒရယ်ဆိုတာ တိုင်းရင်းသား‌တွေအများကြီးပါတယ်။ လိုချင်တဲ့ ဖက်ဒရယ်မျိုးကို သွားချင်တယ်ဆိုရင် ကျ‌နော်တို့ ကျန်းမာ‌ရေးစနစ်‌တွေလည်း ဒီလိုပဲ ပူး‌ပေါင်းပြီး‌တော့ သွားရမယ်။ ‌ပြောချင်တာက တိုင်းရင်းသား ကျန်းမာ‌ရေး အခန်းကဏ္ဍကို မြှင့်တင်‌ပေးဖို့လိုတယ်။ အသိအမှတ်ပြုဖို့လည်း လိုအပ်ပါတယ်။ ဖြစ်ချင်တာ အားလုံးပြည့်စုံတဲ့ ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုစနစ်တစ်ခုကို လိုလားတယ်။״ဟု ‌ပြောသည်။

ထို့အပြင် ‌ဆွေး‌နွေးပွဲတွင် ကျန်းမာ‌ရေး စနစ်၊ မူဝါဒများကို ပြန်လည်သုံးသပ်ခြင်း၊ ကျန်းမာ‌ရေးစနစ်၏ ပြုပြင်‌ပြောင်းလဲမှုများကို မူဝါ‌ရေးဆွဲနိုင်‌ရေးနှင့် ‌ရှေ့ဆက် ပူး‌ပေါင်းလက်တွဲ‌ရေးတို့ကို အဓိကထား ‌ဆွေး‌နွေးကြမည်ဖြစ်သည်ဟု သိရသည်။

ကျန်းမာ‌ရေးနှင့်ပတ်သက်‌သော သတင်းအချက်အလက်များကိုဖလှယ်ရန် မယ်‌တော်‌ဆေးခန်း၊ BMA၊ BPHWT၊ ကရင်၊ ကရင်နီ၊ မွန်၊ သျှမ်းနှင့် ချင်းစသည့် ကျန်းမာ‌ရေး ၈ဖွဲ့တို့ပါဝင်သည့် Health Information System Working Group ကို ၂၀၀၂ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ကျန်းမာ‌ရေး သတင်းအချက်အလက်ဖလှယ်မှု‌ရေး ပတ်သက်၍ အလျင်းသင့်သလို အစည်းအ‌ဝေး ကျင်းပပြုလုပ်လျှက်ရှိသည်။