Home သတင်း လူ့အခွင့်‌ရေး‌နေ ့အခမ်းနားကို လူမှုအဖွဲ့အစည်း ၇ ဖွဲ့ ပထမဦးဆုံးအကြိမ် စု‌ပေါင်းကျင်းပပြီးစီး

လူ့အခွင့်‌ရေး‌နေ ့အခမ်းနားကို လူမှုအဖွဲ့အစည်း ၇ ဖွဲ့ ပထမဦးဆုံးအကြိမ် စု‌ပေါင်းကျင်းပပြီးစီး

2127
?

ဒီဇင်ဘာ ၁၃၊ ၂၀၁၅ ခုနှစ်။ စအိုင်စူး

ဒီဇင်ဘာ ၁ဝရက်‌နေ့တွင် ကျ‌ရောက်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အ‌ရေး‌နေ့ အခမ်းအနားကို လူ့အခွင့် အ‌ရေးလှုပ်ရှား ‌ဆောင်ရွက်‌နေသည့် အရပ်ဖက်အဖွဲ့အစည်း ၇ ဖွဲ့ စု‌ပေါင်းကာ ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ သု‌မေဓာရာမ ကြား‌တောရ ဘုန်း‌တော်ကြီး‌ကျောင်း၌် ယင်း‌နေ ့တွင် ပထမဦးဆုံးအကြိမ် စု‌ပေါင်းကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားကို လူ့အခွင့်အ‌ရေး ပညာ‌ပေးသူများကွန်ရက်၊ ကရင်လူ့အခွင့်အ‌ရေးအဖွဲ့-KHRG၊ ၈၈မျိုး ဆက်ငြိမ်းချမ်း‌ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးအသင်း-KWEG၊ နဂါးလူငယ် ကွန်ရက်၊ ငြိမ်း‌ဖောင်‌ဒေးရှင်းနှင့် အမျိုးသမီးများကွန်ရက်(ကရင်ပြည်နယ်)တို ့ စု‌ပေါင်း ပြုလုပ်ခြင်း ဖြစ်ကာ ‌ဒေသတွင်း လူမှုအဖွဲ့အစည်းများ ပါဝင်မှုနည်းခြင်း၊ ‌ဒေသအ‌ခြေအ‌နေ သိရှိမှုအားနည်းခြင်းတို ့‌ကြောင့် အခက် အခဲအချို့ ရှိခဲ့သည်ဟု စဉ်သူတဦးဖြစ်သည့် ‌နော်ရိုးဒါထွန်းက ‌ကေအိုင်စီသို ့‌ပြောသည်။

“ ကျမတို့ လူ့အခွင့်အ‌ရေး ပညာ‌ပေးသူများကွန်ရက်ကို စဖွဲ့ခဲ့တာမကြာ‌သေးဘူး။ ၂၀၁၅ ဇူလိုင်လ‌လောက်ကမှ စဖွဲ့စည်းဖြစ်‌တော့ ကရင်ပြည်နယ်ဖားအံမှာ ဒီကအဖွဲ့အစည်း‌တွေနဲ့ စု‌ပေါင်းပြီး ဒီနှစ်မှဘဲ ပထမဦးဆုံး အကြိမ် လာကျင်းပဖြစ်တာပါ ״ ‌နော်ရိုးဒါထွန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဒီဇင်ဘာ ၁ဝ ရက်‌နေ ့နံနက်ပိုင်းမှာ ‌နေ ့လည် ၁၂ နာရီထိ ပြုလုပ်သည့် ယင်းအခမ်းအနား၌ လူ့အခွင့်အ‌ရေး ပညာ‌ပေးသူများကွန်ရက် ‌ကြေညာစာတမ်း ဖတ်ကြားခြင်း၊ လူ့အခွင့်အ‌ရေးနှင့် ပတ်သက်သည့် ဗီဒီယိုများပြသ ခြင်းနှင့် လူအခွင့်အ‌ရေးဆိုင်ရာ ပညာ‌ပေးသရုပ်‌ဖော်မှုများ၊ ‌ဒေသခံ ပအိုဝ်ရိုး၊ ကရင်ရိုးရာ ‌တေးသရုပ်‌ဖော်အက တို ့ဖြင့် ‌ဖျော်‌ဖြေခဲ့သည်။

အခမ်းအနားသို ့ ကရင်ပြည်နယ်အ‌ခြေစိုက် နိုင်ငံ‌ရေးပါတီများမှ အထူးဧည့်သည်များနှင့် ကိုယ်စားလှယ်များ အရပ်ဖက်အဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ နယ်ခံသတင်းမီဒီယာများနှင့် ရပ်မိရပ်ဖများအပါအဝင် စုစု‌ပေါင်း ၁၂ဝ ဦး‌ကျော်တက်‌ရောက် ခဲ့သည်။

အခမ်းအနားတက်‌ရောက်လာသူ တိုင်းရင်းသားစည်းလုံးညီညွတ်‌ရေးပါတီ၊ ပြည်နယ်‌ကော်မတီဝင် ဦးတင်‌မောင်မြင့်က “ လူ့အခွင့်အ‌ရေးကိစ္စက‌တော့ နှစ်‌ပေါင်းအားဖြင့် ၆၇နှစ်‌ပေါ့။ ဒီကရင်ပြည်နယ်မှာဆိုတာက ပထမဦးဆုံးအကြိမ်လုပ်နိုင်တဲ့အတွက် ဝမ်းသားတယ်အားရတယ်။ လူ့အခွင့်အ‌ရေးကိစ္စကို အားလုံးပူး‌ပေါင်းပြီး ဆက်လက်ကြိုးပမ်းသွားဖို့ ဒီ‌နေ့ကစပြီးအဓိဌာန်ပြုဖို့ တိုက်တွန်းတယ်״ ဟ ု‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း အ‌ခြေခံအ‌ဆောက်အအုံ ‌ဆောက်လုပ်ခြင်း၊ သယံဇာတများ တူး‌ဖော်ခြင်း၊ ရာဘာကဲ့သို ့ ‌သော စိုက်ပျိုး‌ရေးလုပ်ငန်းများနှင့် အစိုးရ၏စစ်ဘက်ဆိုင်ရာ အ‌ဆောက်အဦးများ တည်‌ဆောက် ရန်‌မြေယာသိမ်းဆည်းခံရမှု အများဆုံးဖြစ်ပွားကာ လူ့အခွင့်အ‌ရေးချိုး‌ဖောက်ခံရမှုများရှိ‌နေသည့် ဟု ၂ဝ၁၃ မှ ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းထိ ပြုစုထားသည့် KHRG အစီရင်ခံစာ တွင်‌ဖော်ပြထားသည်။

ကမ္ဘာ့ကုလသမဂ္ဂက ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာ ၁ဝ ရက်တွင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အ‌ရေး ‌ကြေငြာစာတမ်း ထုတ်ပြန်ခဲ့ပြီး အဆိုပါ‌နေ့ကို ကမ္ဘာ့လူ့အခွင့်အ‌ရေး‌နေ့အဖြစ် သတ်မှတ်ခဲ့သည်။ လက်ရှိ လူ့အခွင့်အ‌ရေး ‌ကြေညာစာတမ်းပါ အ‌ခြေခံစည်းမျဉ်းများကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ‌ပေါင်း (၁၈၅) နိုင်ငံမှ ဖွဲ့စည်းပုံအ‌ခြေခံ ဥပ‌ဒေတွင် ထည့်သွင်းထားသလို မြန်မာနိုင်ငံသည်လည်း လူ့အခွင့်အ‌ရေး ‌ကြေငြာစာတမ်းကို သ‌ဘောတူ လက်မှတ်ထိုးပြီး ဖြစ်‌ကြောင်းသိရသည်။