Home သတင်း ၂၀၁၅ ခုနှစ် ပဒိုမန်းရှာလားဖန်း လူငယ်‌ခေါင်း‌ဆောင်ဆုအတွက် အဆိုပြုနိုင်ပြီ

၂၀၁၅ ခုနှစ် ပဒိုမန်းရှာလားဖန်း လူငယ်‌ခေါင်း‌ဆောင်ဆုအတွက် အဆိုပြုနိုင်ပြီ

1611

ဒီဇင်ဘာ ၉ရက်။ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ကွယ်လွန်သူ ကရင်အမျိုးသားအစည်းအရုံး(KNU)အ‌ထွေ‌ထွေအတွင်း‌ရေးမှူး‌ဟောင်း ပဒိုမန်းရှာလားဖန်းနှင့် ဇနီး နမ့်‌ရွှေကျင်တို့အား ရည်စူး၍ Phan Foundation မှ ‌ပေးအပ်ချီးမြှင့်‌သော ၂၀၁၅ခုနှစ် ပဒိုမန်းရှာလားဖန်း လူငယ်‌ခေါင်း‌ဆောင်ဆုအတွက် အမည်စာရင်းကို စတင်အဆိုပြုနိုင်ပြီဟု ဒီဇင်ဘာ ၉ရက်‌နေ့တွင် ထုတ်ပြန်‌ကြေညာလိုက်သည်။

ပဒိုမန်းရှာလားဖန်း လူငယ်‌ခေါင်း‌ဆောင်ဆုကို ဆင်းရဲမွဲ‌တေမှုပ‌ပျောက်‌ရေး၊ ပညာ‌ရေး၊ လူ့အခွင့်အ‌ရေးနှင့် ဓ‌လေ့ရိုးရာယဉ်‌ကျေးမှုထိမ်းသိမ်း‌ရေးတို့ကို စွမ်းစွမ်းတမံလုပ်‌ဆောင်‌နေ‌သော အသက် ၃၅နှစ်‌အောက် ကရင်လူငယ်များကို နှစ်စဉ်‌ပေးအပ်ချီးမြှင့်သည့်ဆု ဖြစ်သည်။

ပဒိုမန်းရှာလားဖန်း၏ သားကြီးလည်းဖြစ်၊ ဖန်း‌ဖောင်‌ဒေးရှင်း၏ ဒါရိုက်တာဖြစ်သူ ‌စော‌စေး‌စေးဖန်းက “လူမှု အသိုင်းအဝိုင်းမှာ စွမ်းစွမ်းတမံ အလုပ်လုပ်တဲ့ တကယ့်‌တော်တဲ့ လူငယ်‌တွေကို အဓိက ထားပြီး ‌ရွေးချယ်ချီးမြှင့် သွားမှာပါ။ မြို့နယ်၊ ခရိုင်အပြင် အနယ်နယ်အရပ်ရပ်‌ပေးလာတဲ့ အဆိုပြုလွှာ‌တွေ ကျ‌နော်တို့ ဖန်း‌ဖောင်‌ဒေးရှင်း မိသားစုက‌နေပြီး‌တော့ သင့်‌တော်တဲ့လူငယ်တစ်‌ယောက်‌ယောက်ကို ‌ရွေးချယ်သွားမယ်။״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပဒိုမန်းရှာလားဖန်း လူငယ်‌ခေါင်း‌ဆောင်ဆုအတွက် မည်သည့် လူငယ် မဆို အသက်၊ ‌နေရပ်၊ အဖွဲ့အစည်း နှင့်တကွ သက်ဆိုင်ရာ အဖွဲ့အစည်းဖြစ်‌စေ၊ လူပုဂ္ဂိုလ်တစ်ဦးချင်းဖြစ်‌စေ ၂၀၁၆ခုနှစ် ဇန်နဝါရီလ ၃၁ရက်‌နေ့ ‌နောက်ဆုံးထားပြီး Nant Bwa Bwa Phan, bwabwa.phan@phanfoundation.org သို့ ‌ပေးပို့ရမည် ဖြစ်သည်။ ဆုရရှိသူကို ဆု‌ငွေ အ‌မေရိကန်‌ဒေါ်လာ ၂၀၀ဝ ဖြင့် ၂၀၁၆ခုနှစ်အ‌စောပိုင်းကာလတွင် ‌ကြေညာသွားမည်ဟု ဖန်း‌ဖောင်‌ဒေးရှင်းက ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့ရှိ လူငယ်ကဗျာဆရာ ‌စော‌ယောင့်သာအဲဆန်က “ပဒိုမန်းရှာ လူငယ်စွမ်း‌ဆောင်ဆုကို‌တော့ လူ‌ကောင်း လူ‌တော်ထက်၊ လူ‌တော် လူ‌ကောင်းကို ‌ရွေးချယ်ပြီး‌ပေးသင့်တယ်။ တကယ်အမျိုးသား‌ရေးကို စွမ်းစွမ်းတမံ ကိုယ်ကျိုးစွန့် လုပ်ကိုင်တဲ့ လူငယ်‌တွေကို ‌ရွေးချယ်‌ပေး‌စေချင်တယ်။ ‌ရွေးချယ်တဲ့‌နေရာမှာလည်း ပြည်တွင်းနဲ့ နယ်စပ်ဘက်ကို ယှဉ်လိုက်မယ်ဆိုရင် ပြည်တွင်းမှာ ရတဲ့လူနည်းတယ်။ နယ်စပ်က ရတဲ့လူက ပိုများတယ်။ ကိုယ်ကျိုးစွန့်အနစ်နာခံပြီးဘာလစာမှ ခံစားခွင့်မရှိတဲ့လူငယ်‌တွေ ပိုပြီး‌တော့ ‌ပေးသင့်တယ်။״ ဟု ‌ပြောသည်။

ဖန်း‌ဖောင်‌ဒေးရှင်းကို ၂၀၀၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၄ရက်‌နေ့တွင် ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့၌ အမည်မသိ ‌သေနတ်သမားနှစ်ဦး၏ သတ်ဖြတ်ခြင်းခံရ‌သော KNU အ‌ထွေ‌ထွေအတွင်း‌ရေးမှူး‌ဟောင်း ပဒိုမန်းရှာလားဖန်းနှင့် ကွယ်လွန်သူ နမ့်‌ရွှေကျင်တို့အား ဂုဏ်ပြုသည့်အ‌နေဖြင့် ကျန်ရစ်သူ သားသမီးများဖြစ်ကြ‌သော ‌စော‌စေး‌စေးဖန်း၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်းနှင့် စလုံ့ဖန်းတို့က တည်‌ထောင်ခဲ့ခြင်းဖြစ်သည်။

၂၀၀၈ခုနှစ်မှစ၍ ‌ပေးအပ်ချီးမြှင့်‌သော ပဒိုမန်းရှာလားဖန်း လူငယ်‌ခေါင်း‌ဆောင်ဆုကို ‌ညောင်‌လေးပင်ခရိုင်မှ ‌နော်‌ဖောကဘလာထူး၊ ဖာပွန်ခရိုင်မှ ‌စောညွှန့်ဝင်း၊ ဘိတ်-ထားဝယ်ခရိုင်မှ ‌နော်ဒီဇင်ဘာ‌ဖော၊ Free Burma Ranger)အဖွဲ့မှ ‌စောထူးထူးအယ်၊ ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့(KWEG)မှ နမ့်သန္တာ‌အောင်၊ ကရင်အမျိုးသမီးအစည်းအရုံး(KWO)မှ ‌နော်က‌ညော‌ဖောနှင့် ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေးဆိုင်ရာ လှုပ်ရှားမှုအဖွဲ့မှ ‌နော်ဆာမူးတို့အား အသီးသီး ‌ပေးအပ်ချီးမြှင့်ခဲ့ပြီဖြစ်သည်။