Home သတင်း မူးယစ်‌ဆေးဝါးဆိုင်ရာ ပညာ‌ပေး‌ဟော‌ပြောပွဲ ဖားအံ ၈၈ ပြုလုပ်

မူးယစ်‌ဆေးဝါးဆိုင်ရာ ပညာ‌ပေး‌ဟော‌ပြောပွဲ ဖားအံ ၈၈ ပြုလုပ်

2515

ဒီဇင်ဘာ ၁၇ ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်အတွင်း မူးယစ်‌ဆေးဝါး သုံးစွဲမှု‌လျော့နည်းလာ‌ရေး အသိပညာ‌ပေး ‌ဟော‌ပြောပွဲတရပ်ကို ဖားအံ ၈၈ မျိုးဆက်ငြိမ်းချမ်း‌ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ဦး‌ဆောင်ကာ ဖားအံမြို့၊ ကန်သာဦးခန်းမ၌ ဒီဇင်ဘာ ၁၅ ရက်‌နေ ့က ကျင်းပပြီးစီးသွားပြီးဖြစ်သည်။

အဆိုပါ ‌ဟော‌ပြောပွဲကို လူငယ်များအနာဂတ်လှပပြီး မူးယစ်သား‌ကောင် မဖြစ်‌စေရန်၊ မူးယစ်‌ဆေးဝါးနှင့် ပတ်သက်ပြီး ဥပ‌ဒေအ‌ကြောင်းအရာများ၊ ‌ဆေးပညာဆိုင်ရာများကို လူငယ်များပိုမိုသိရှိနားလည်‌စေရန် ရည်ရွယ် ပြုလုပ်ခြင်းဖြစ်သည်ဟု ဖားအံ ၈၈ ပွင့်လင်းလူ ့အဖွဲ့အစည်းတာဝန်ခံ ကိုမြင့်‌အောင်က ‌ကေအိုင်စီသို ့ ‌ပြောသည်။

၎င်းက “အရင်‌ခေတ် ‌ကျောင်းသား‌တွေက ‌ဆေးလိပ်ခိုး‌သောက်တဲ့အဆင့်ဘဲ၊ အခု မူးယစ်‌ဆေးဝါးခိုးသုံးတဲ့ အဆင့် ‌ရောက်‌နေတယ်။ ကရင်ပြည်နယ်မှာအခု အလှူအတန်း၊ မဂင်္လာ‌ဆောင်၊ သာ‌ရေး၊ နာ‌ရေး လုပ်တဲ့အခါ လူငယ်‌မောင်မယ်ဝိုင်းကို ဘီယာ၊ ‌ဆေးလိပ်မက မူးယစ်‌ဆေးဝါး‌တွေပါ ဧည့်ခံလာရတဲ့အဆင့် ရှိ‌နေပြီး။ လူငယ် ‌တွေကို ဥပ‌ဒေအ‌ကြောင်းအရာ‌တွေ ပညာ‌ပေးလိုက်တဲ့အခါ သိလာရင် သူတို့သုံးစွဲဖို့ မရဲ‌တော့ဘူး။ သူတို့‌တွေ သိရှိဖို့ ဌာနဆိုင်ရာ၊ လူမှုအဖွဲ့အားလုံး ပူး‌ပေါင်းပါဝင်ဖို့လိုတယ်” ဟု ‌ပြောသည်။

တစ်ရက်တာပြုလုပ်ခဲ့သည့် ‌ဟော‌ပြောပွဲသို ့ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဗဟိုဆက်ဆံ‌ရေးရုံး၊ တာဝန်ခံ ပဒို‌စောရှီးရှို၊ ဖားအံခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး‌ဇော်မင်း‌အောင်၊ ပြည်နယ်မူးယစ်‌ဆေးဝါးအထူးတပ်ဖွဲ့ ဝင်များတက်‌ရောက်ကာ ဦး‌ဆောင်‌ဟော‌ပြောခဲ့သလို အခမ်းအနားတက်‌ရောက်လာသည့် တက္ကသိုလ်နှင့် အထက်တန်းအဆင့်‌ကျောင်းသူ၊ ‌ကျောင်းသားများ ၁၀ဝ ဦး‌ကျော်ကို ဉာဏ်စမ်းပ‌ဟေဠိ အ‌မေးအ‌ဖြေ ပြုလုပ် ‌ပေးခဲ့သည်။

လက်ရှိ ပြည်နယ်အတွင်း မူးယစ်‌ဆေးဝါးဖမ်းဆီးရရှိမှုများတွင် တဖက်နိုင်ငံသို ့သွား‌ရောက်အလုပ်လုပ်သည့် လူငယ်များ ပြန်သည်လာခြင်းများရှိသလို လက်နက်ကိုင်အဖွဲ့အစည်းများ ထုတ်လုပ်‌ရောင်းချမှုများရှိသည်ဟု သတင်းရရှိထားသည်ဟု ဖားအံခရိုင်၊ ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး‌ဇော်မင်း‌အောင်က အခမ်းအနားတွင် ‌ပြောခဲ့သည်။
IMGP2438
‌ဟော‌ပြောပွဲတက်‌ရောက်လာသူ ‌ကေအဲန်ယူ(ဗဟို) ဆက်ဆံ‌ရေးရုံး၊ တာဝန်ခံ ပဒို‌စောရှီးရှိုးက“ တိုင်းရင်းသား လက်နက်ကိုင်‌ဒေသမှာလည်း ဥပ‌ဒေပြုပြီး ဖမ်းတာရှိ‌ပေမယ့်လည်း ပင်ရင်းကို‌တော့ ဖမ်းတာမရှိဘူး။ တကယ် ပူး‌ပေါင်းလုပ်မယ်ဆိုရင် ပင်ရင်းကို စုံစမ်း‌ဖော်ထုတ်ဖမ်းဆီးဖို့ လိုတယ်။ တိုင်းပြည်မှာ လူမျိုးတမျိုးအတွက် တိုက်တဲ့အခါမှာ စစ်‌ရေးအရ တိုက်တာမဟုတ်ဘဲ ဒီမူးယစ်‌ဆေးဝါးနဲ့ တိုက်တာရှိပါတယ်။ ဒါ‌တွေကို ကျ‌နော်တို့ မျိုးဆက်သစ်လူငယ်‌တွေ နားလည်သ‌ဘော‌ပေါက်ဖို့ လိုတယ်” ဟု ‌ကေအိုင်စီသို ့‌ပြောသည်။

ကရင်ပြည်နယ်အတွင်း အလယ်တန်း၊ အထက်တန်းအဆင့်‌ကျောင်းသားများ မူးယစ်‌ဆေးဝါး သုံးစွဲမှုများရှိ‌နေပြီး တက္ကသိုလ်အဆင့် ‌ကျောင်းသားများအ‌နေဖြင့် သုံးစွဲခြင်းသာမက ‌ရောင်းချခြင်းများကိုပါပြုလုပ် လာသည်ကို ‌တွေ့ရသည်ဟု ဖားအံမြို့၊ ပညာစံအိမ်ကိုယ်ပိုင် အထက်တန်း‌ကျောင်းမှ ‌ကျောင်းဆရာ ဦးသန်း‌အောင် (စာ‌ရေး ဆရာ ‌မောင်လူဝိုင်း)က ‌ပြောသည်။

ယခုနှစ်အတွင်း ကရင်ပြည်နယ်တွင် မူးယစ်‌ဆေးဝါးဖမ်းဆီးရမှု ၆၉ မှုရှိ‌ကြောင်း ဖားအံခရိုင်၊ ရဲတပ်ဖွဲ့မှူးရုံးမှ ပြုစုထားသည့် စာရင်းများအရသိရပြီး အလားတူ နိုင်ငံတစ်ဝန်းလုံး မူးယစ်‌ဆေးဝါး အများအပြားဖမ်းဆီးရရှိမှုများ ရှိခဲ့ကြာင်း သိရသည်။