KIC News
ဘီးလင်းတွင် ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် စစ်ရေးတင်းမာနေ၍ ဒေသခံများနေရပ်ပြန်မနေရဲသေး
မေလ(၁)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ် အလူးလေးကျေးရွာနှင့် သပြေနီကျေးရွာအနီးတွင် ဧပြီလ(၂၉)ရက် နေ့က စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ် ပွားပြီးနောက် လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေးတင်းမာနေ၍ ဒေသခံများနေရပ်မပြန်ရဲသေးကြကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။
စစ်ကောင်စီတပ်များနှင့် KNLA တပ်ရင်း(၃) ပူးပေါင်းတပ်ဖွဲ့များ...
လှိုင်းဘွဲမြိုတွင်းရှိ ရွှေဆိုင်များကို စစ်ကောင်စီမှ အတင်းအဓမ္မ ငွေကြေးကောက်ခံမှုများပြုလုပ်
မေလ ၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့တွင်းရှိ ရွှေဆိုင်များကို စစ်ကောင်စီမှ လုံခြုံရေး ရယူပေးမည်ဟု အကြောင်းပြကာ အတင်း အဓမ္မ ငွေကြေး ကောက်ခံမှုများပြုလုပ်ခဲ့ကြောင်း ရွှေဆိုင်များနှင့် နီးစပ်သူများအထံမှ သိရသည်။
ရွှေဆိုင် တစ်ဆိုင်လျှင် ကျပ်ငွေ ၂၅ သိန်းနှုန်းဖြင့် ကောက်ခံနေခြင်းဖြစ်ပြီး...
KNUနယ်မြေထဲတွင် ၃လအတွင်း စစ်ကောင်စီတပ်၏ စစ်ရာဇဝတ်ကျူးလွန်မှုကြောင့် အရပ်သား ၅၅ဦး သေဆုံးရ
မေလ၊ ၁ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်သည့်နယ်မြေထဲတွင် စစ်ကောင်စီတပ်ဘက်မှ စစ်ရာဇဝတ် ကျူးလွန်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ယခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း အရပ်သား ပြည်သူလူထု (၅၅)ဦးသေဆုံးရပြီး (၆၃၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ-သတင်းနှင့်ပြန်ကြားရေး ဗဟို၏ ထုတ်ပြန်သည့် အစီရင်ခံစာအရသိရသည်။
စစ်ကောင်စီ၏ လေကြောင်တိုက်ခိုက်မှု၊ ကျေးရွာအတွင်း ရည်ရွယ်ချက်ရှိရှိ...
ဖားအံမြို့တွင် ယခုမေလမှစ၍ ဘေးတွဲဆိုင်ကယ်များကို ဖမ်းဆီးမည်ဟု သတိပေးစာထုတ်ပြန်ထား
မေလ (၁)ရက်နေ့၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ဘေးတွဲမော်တော်ဆိုင်ကယ်များကို ယခုမေလ ၁ ရက်နေ့မှစ၍ ဖမ်းဆီး အရေး ယူသွားမည်ဟု ဧပြီလ ၂၇ ရက်နေ့ရက်စွဲဖြင့် ဖားအံခရိုင် ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေး အဖွဲ့၏ ထုတ်ပြန်ထားသည့်စာအရသိရသသည်။
လိုင်စင်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အဆိုပါ ဘေးတွဲဆိုင်ကယ်များသည်...
ပုလောမြို့နယ်အတွင်း စစ်ဆေးရေဂိတ်များတွင် စစ်ကောင်စီတပ်မှ အရပ်ဝတ်များဖြင့် အသွင်ယူ စစ်ဆေးမှု များ ပြုလုပ်နေ
မေလ ၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ တံတားဂိတ်နှင့်စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်မှ အရပ်ဝတ်များဖြင့် အသွင်ယူ စစ်ဆေးမေးမြန်းမှုများကို တင်းကြပ်စွာ လုပ်ဆောင်လျက်ရှိ ကြောင်း ကိုယ်တိုင် ကြုံတွေ့နေရသည့် ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလက စစ်ဆေးတင်းကြပ်မှုများကို စတင်ခဲ့တာဖြစ်ပြီး ယခုနောက်ပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ...
ကရင်ဒုက္ခသည်စခန်းတွင် ယခုနှစ် အထက်တန်းအောင်မြင်သူ အယောက် ၅၀၀ ကျော်ရှိ
ဧပြီ၊ ၃၀ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်း ၇ခုတွင် ယခုနှစ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အထက်တန်း အဆင့် ၁၂တန်းစာမေးပွဲ ဖြေဆိုအောင်မြင်သူ ကျောင်းသူ၊ကျောင်သာဦးရေး အယောက် ၅၇၃ဦးရှိသည်ဟု ကရင် ဒုက္ခသည်ကော်မတီဆိုင်ရာ ပညာရေးအဖွဲ့ KRCEEထံမှသိရသည်။
ဒုက္ခသည်စခန်းရှိ ၁၂ တန်းစာမေးပွဲသည် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန(KECD)၏...
KNU ကွန်ဂရက်နှင့်ပတ်သက်၍ အချက် ၃ ချက်ပါ အကြံပြုချက် မူတြော်ခရိုင် ပေးပို့တောင်းဆို
ဧပြီ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
လတ်တလောကျင်းပနေသည့် ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟို၏ (၁၇) ကြိမ်မြောက် ကွန်ဂ ရက်နှင့်ပတ်သက်ပြီး မူတြော်ခရိုင်၊ တပ်မဟာ(၅)မှ ဧပြီလ ၂၇ ရက်နေ့ ရက်စွဲဖြင့် အချက် (၃)ချက်ပါ အကြံပြုချက် စာတစ်စောင်ကို ပေးပို့ခဲ့ကြောင်း လူမှုကွန်ယက်စာမျက်နှာပေါ်တွင်...
ကင်မွန်းစခန်းနယ်မြေ ရဲစခန်းအား KNLA နှင့်ပူးပေါင်းတပ်များ ဒရုန်းဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့
ဧပြီလ(၂၉)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ကင်မွန်းစခန်းနယ်မြေ ရဲစခန်းအား ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်များက ဧပြီလ(၂၇)ရက်နေ့နှင့်(၂၉)ရက်နေ့တွင် နှစ်ရက်ခန့် ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ပြီးခဲ့သည့် ဧပြီလ(၂၇)ရက်နေ့ ပထမရက်တွင် ရဲစခန်းဝင်းအတွင်းသို့...
အွန်လိုင်းမဲပေးရာတွင် ဝင်ရောက်နှောင့်ယှက်မှုရှိသောကြောင့် KNU ရွေးကောက်ပွဲ အထမမြောက်
ဧပြီလ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ -ကရင်အမျိုသားအစည်းအရုံး၏ ဗဟိုအမြဲကော်မတီ ခေါင်းဆောင်သစ် ရွေးချယ်တင်မြောက်သည့် (၁၇) ကြိမ်မြောက်ကွန်ဂရက်တွင် အွန်လိုင်းမဲပေးရာမှာ ဝင်ရောက်နှောင့်ယှက်မှုများရှိ၍ ရွေးကောက်ပွဲ အထမမြောက်တော့ဘဲ ယနေ့ ရပ်နားလိုက်ရကြောင်း ကေအဲန်ယူ ခေါင်းဆောင် နှင့် နီးစပ်သူထံမှသိရသည်။
ကေအဲန်ယူဗဟို၏ အရံဗဟိုအမြဲတမ်းကော်မတီ...
စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားသော ဝေါမြို့နယ် ဒေသခံ (၂၀) ဦးအား ပြန်လွတ်ပေးခြင်းမရှိသေး
ဧပြီလ(၂၉)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ဝင်းကဒတ်ကျေးရွာရှိ ဒေသခံ(၂၀)ဦးအား စစ်ကောင်စီက ဘုရားကြီးစစ်ကြော ရေးစခန်းသို့ ယမန်နေ့ ဧပြီလ(၂၈)ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့အချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိ သေးကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် ဧပြီလ(၂၇)ရက်နေ့ ညနေပိုင်းက ညောင်ခါးရှည်နယ်မြေ ရဲစခန်းနှင့်...














