Home Authors Posts by KIC News

KIC News

22007 POSTS 0 COMMENTS

၅ လနီးပါး လျှပ်စစ်မီးပြတ်တောက်နေသည့် မြဝတီတွင် မီးတာထိန်းသိမ်းခအပြင် ရက်လွန်ဒဏ်ကြေးပါ ပေးဆောင်နေရ

ဧပြီလ ၂၉ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ဒီဇင်ဘာလကစ၍ ယခု ဧပြီးလအထိ လျှပ်စစ်မီး ပြတ်တောက်နေသည့် ကရင်ပြည်နယ်၊ မြဝတီမြို့တွင် မီတာထိမ်းသိမ်းခကို လတိုင်းပေးဆောင်နေရတာသည့်အပြင် ရက်လွန်ပါက ဒဏ်ကြေးငွေပါ စစ်ကောင်စီ လျှပ်စစ်ဌာနကို ပေးဆောင်နေကြရကြောင်း မြဝတီမြို့ခံများပြောသည်။ ပြီးခဲ့သည့် ၂၀၂၂ ဒီဇင်ဘာလ ၁၅ရက်နေ့ ကစပြီး...

ဖားအံတွင် အကျဉ်းသားအချို့ ပြန်လွတ်လာပြီးနောက် ဆိုင်ကယ်ပျောက်ဆုံးမှုများ ပိုမိုဆိုးရွားလာ

ဧပြီလ၂၈ရက်၊၂၀၂၃ခုနှစ်။ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံမြို့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားအချို့ လွတ်မြောက်ပြီးနောက် မြို့ပေါ် ရပ်ကွက်များနှင့် လူမြင်ကွင်း(Public Area) နေရာများတွင် ဆိုင်ကယ်ပျောက်ဆုံးမှုများ ယခင်ကထက် ပိုမို ဆိုးရွားလာကြောင်း ဖားအံမြို့ခံများကပြောသည်။ ယခင်က မြို့တွင်း ဆိုင်ကယ်ပျောက်ဆုံးမှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိသော်လည်း အဆိုပါ အကျဉ်းသားများ ပြန်လည်...

မယ်ခါးထာ့ စခန်းကို ပြန်လည်ရရှိရန် စစ်ကောင်စီ အပြင်းအထန် ကြိုးပမ်းနေသော်လည်း လက်ရှိအချိန်ထိ မရသေး

ဧပြီလ ၂၈ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ပြီးခဲ့သည့် မတ်လကုန်ပိုင်းက ကရင်အမျိုးသားအစည်းအရုံး-KNU၊တပ်မဟာ (၅) က တိုက်ခိုက်သိမ်းယူထား သည့် သံလွင် မြစ်ကမ်းနံဘေးရှိ စစ်ကောင်စီ၏ အရေးပါသော မယ်ခါးထာ့ စခန်းကို ပြန်လည် ရယူရန် စစ် ကောင်စီဘက်က အပြင်းအထန် ကြိုးပမ်းနေပြီး လက်ရှိအချိန်ထိ...

ပြည်တွင်းနေရပ်စွန့်ခွာရသူ ကရင်ပြည်သူများဆိုင်ရာကော်မတီ (CIDKP) ဒု-တာဝန်ခံနှင့် မေးမြန်းချက်

ဧပြီလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ “လက်နက်ကြီးနဲ့ပဲဖြစ်ဖြစ်၊ လက်နက်ငယ်နဲ့ဖြစ်ဖြစ် ပြည်သူလူထုတွေရဲ့အသက်အိုးအိမ်ကို တန်ဖိုးမထားတဲ့လုပ်ရပ်တွေက လူသားချင်းစာနာထောက်ထားရေးအပိုင်းကနေ ကြည့်မယ်ဆိုရင် အင်မတန်မှဆိုးဝါးတဲ့လုပ်ရပ်တွေ ဖြစ်တယ်” စောခဲလေ(ဒု-တာဝန်ခံ၊ CIDKP) ကရင်တိုင်းရင်းသားဒေသများတွင် စစ်တပ်အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခများ ပိုမိုများပြားလာသည့်အလျောက် စစ်ဘေးတိမ်းရှောင်ရသူပြည်သူလူထု ဦးရေသည်လည်း တစ်နေ့တစ်ခြားတိုးပွားလာခဲ့ရာ ယခု ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလအထိ...

KNU တွဲဘက်အထွေထွေအတွင်းရေးမှူး-၂ ပဒိုစောလှထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

ဧပြီ ၂၈ရက်၊ ၂၀၂၃ ခုနှစ် ။ ကေအိုင်စီ “အခုက စစ်ပွဲ၊ တိုက်ပွဲဆိုတာထက် ပြည်သူတွေကို အဓိက ပစ်မှတ်ထားတိုက်ခိုက်တဲ့အခါကျတော့ ပိုဆိုးတာပေါ့။ နိုင်ငံတကာစည်းမျဥ်းဥပဒေကို ကျူးလွန်အသုံးပြုနေတဲ့ စစ်ကောင်စီကို နိုင်ငံတကာရဲ့ သတ်မှတ်စည်းမျဥ်းနဲ့ အရေးယူမှုတွေကတော့ ပြုလုပ်သင့်ပါတယ်” ပဒိုစောလှထွန်း (KNU) စစ်ကောင်စီသည် အာဏာသိမ်းယူပြီးသည့်အချိန်မှစ၍ ပြည်သူလူထုကိုပစ်မှတ်ထားသော လေကြောင်း...

ပိုင်ကျုံမြိုနယ် မိချောင်းအုပ်စုအတွင်းရှိ ကျေးရွာများ သောက်သုံးရေ အခက်ခဲဖြစ်နေ

ဧပြီ ၂၇ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ဖားအံခရိုင်၊ ပိုင်ကျုံမြိုနယ်၊ မိချောင်းအုပ်စုအတွင်းရှိ ကျေးရွာဒေသများမှ ဒေသခံ ပြည်သူများ သောက်သုံး ရေအဖြစ် အဓိက အသုံးပြုနေသော ချောင်းတွင်းသို သစ်သယ်ကားများ နေ့စဉ် ဖြတ်သန်းသွားလာမှု ပြုလုပ် ခြင်းကြောင့် ရေများ ပျက်စီးကာ သောက်သုံးရေအခက်အခဲ...

သံတောင်မြို့ပေါ်သို့ လက်နက်ကြီး မပစ်ခတ်ရန် ဘာသာပေါင်းစုံကော်မတီက စစ်တပ်နှင့်ညှိနှိုင်းထား သော်လည်း ပစ်ခတ်ခံနေရဆဲ

ဧပြီလ(၂၇)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ သံတောင်မြို့ တွင် လက်နက်ကြီးများ ပစ်ခတ်ခြင်းမပြုလုပ်ရန် သံတောင်မြို့ပေါ် ဘာသာ ပေါင်းစုံကော်မတီက ပြီးခဲ့သည့် မတ်လအတွင်း စစ်ကောင်စီနှင့်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း ယနေ့ အချိန်ထိ ပစ်ခတ်ခံနေရဆဲ ဖြစ်ကြောင်း မြို့ခံများက ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ(၂၇)ရက်နေ့က စစ်ကောင်စီနှင့်ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး...

ကော့ကရိတ်မြို့တွင် လျှပ်စစ်မီးပြတ်တောက်သဖြင့် ရေခဲစျေး အဆမတန်မြင့်တက်နေ

ဧပြီလ ၂၇ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် လျှပ်စစ်မီးအချိန်အတန်ကြာ ပြတ်တောက်‌နေဆဲ ဖြစ်သဖြင့် ရေခဲဈေးနှုန်း များ ယခင်ကထက် အဆမတန်မြင့်တက်နေကြာင်း ကော့ကရိတ်မြို့ခံများကပြောသည်။ ကော့ကရိတ်မြို့တွင် လျှပ်စစ်မီး ပြတ်တောက်ပြီးနောက်ပိုင်းတွင် ရေခဲကို ဖားအံမြို့နှင့် မွန်ပြည်နယ် မော်လမြိုင် မြို့တို့မှ ဝယ်ယူနေရပြီး လမ်းခရီး...

ဖားအံမြို့ စစ်ကောင်စီက အား/ကာ ဌာနပိုင် အားကစားကွင်း ဈေးဆိုင်ခန်းများကို ဧပြီလကုန်အပြီး ဖယ်ရှား ပေးရန်အမိန့်ထုတ်

ဧပြီလ ၂၆ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံမြို့က စစ်ကောင်စီ၏ အားကစားနှင့်ကာယပညာဦးစီးဌာနပိုင် ဘောလုံးကွင်းနှင့် မိုးလုံ လေလုံ အားကစားကွင်းများ၏ မျက်နှာစာတန်း ဆိုင်ခန်းများကို ဧပြီလကုန်အပြီး ဖယ်ရှားပြောင်းရွှေ့ ကြရန် အား/ကာ ရုံးက ဆိုင်ခန်းပိုင်ရှင်များကို ခေါ်ယူ ပြောဆို...

သံတောင်မြို့တွင် လက်နက်ကြီးကျည်စထိမှန်၍ အမျိုးသမီးကြီးတစ်ဦး ထိခိုက်ဒဏ်ရာရ

ဧပြီလ(၂၆)ရက်၊ ၂၀၂၃ခုနှစ်၊ ကေအိုင်စီ ကရင်ပြည်နယ်၊ သံတောင်မြို့ (၁၃)မိုင်ရှိ စစ်ကောင်စီတပ်စခန်းမှ ယမန်နေ့ ဧပြီလ(၂၅)ရက်နေ့ညပိုင်းက ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ကြောင့် သံတောင်မြို့နေ အသက်(၆၀)အရွယ် အမျိုးသမီးကြီး တစ်ဦး လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။ အဆိုပါနေ့ ည(၈)နာရီဝန်းကျင်ခန့်မှစ၍ သံတောင်မြို့ (၇)မိုင်စစ်ကောင်စီတပ်စခန်းမှ တိုက်ပွဲဖြစ်ပွားခြင်း...
Donate