Home သတင်း မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးအတွင်း လက်နက်ချအလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ရှိလာ

မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးအတွင်း လက်နက်ချအလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ရှိလာ

1157
Photo: Crd.

နိုဝင်ဘာလ ၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ညီနောင်မဟာမိတ် ၃ ဖွဲ့ပူးပေါင်း ဖော်ဆောင်နေသည့် (၁၀၂၇) စစ်ဆင်ရေးအတွင်း အောက်တို ဘာလ ၂၇ ရက်နေ့မှစ၍ ၃၁ ရက်နေ့အထိ ၅ ရက်တာအတွင်း စစ်ကောင်စီတပ်ဘက်မှ ညီနောင်မဟာမိတ်ထံသို့ လက် နက်ချအလင်းဝင်ရောက်ပူးပေါင်းလာသူ ၁၀၀ ကျော်အထိရှိလာကြောင်း မဟာမိတ် ၃ ဖွဲ့က ယမန်နေ့တွင် သတင်းထုတ် ပြန်ထားသည်။

အဆိုပါ စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်၏ စစ်ဘက်ဆိုင်ရာတပ်စခန်းကြီး၊ စခန်းငယ်ပေါင်း ၈၀ ကျော်ကို တိုက်ခိုက် သိမ်း ပိုက်နိုင်ခဲ့ပြီးနောက် ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်များထံ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချအဖမ်းခံသူများရှိ သလို ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်နေ့က စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း(ခလရ-၁၄၃)မှ တပ်ရင်းအလိုက် လက်နက်ချ အညံ့ခံလိုက်ကာ စစ်ဆင်ရေးစတင်သည့် နေ့မှစ၍ လက်နက်ချအလင်းဝင်သူ ၁၀၀ ကျော်ရှိလာခြင်းဖြစ် ကြောင်း ညီနောင် မဟာမိတ်(၃) ဖွဲ့၏ ထုတ်ပြန်ချက်က ဖော်ပြထားသည်။

ယခုလို စစ်ကောင်စီတပ်ဘက်က ညီနောင်မဟာမိတ်တပ်ဖွဲ့ထံသို့ လက်နက်ချအလင်းဝင်ရောက်လာခြင်းသည် တော်လှန် ရေးပူးပေါင်းအဖွဲ့များကို ကြောက်စိတ်ဖြင့် လက်နက်ချအလင်းဝင်လာမှုများရှိသလို အခြေအနေအကြောင်း အမျိုးမျိုး ကြောင့်လည်း အလင်းဝင်လာကြခြင်းဖြစ်သည်ဟု ရဲ(CDM)ပြုလုပ်ထားသူ ကိုလရောင်က ယခုလို သုံးသပ်ပြောဆိုသည်။

“ပထမတစ်ချက် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဖိအားတွေကြောင့် ကြောက်စိတ်နဲ့လက်နက်ချပြီးတော့ အလင်းဝင်လာ တာမျိုးပေါ့။ ဒုတိယတစ်ချက်ကျတော့ အရင်ကတည်းကသူတို့ရင်ထဲမှာ လာတိုက်ပါစေ ဆုတောင်းနေတယ်။ လာတိုက် တာနဲ့ သူတို့ကအညံ့ခံမယ်ဆိုတဲ့စိတ်မျိုး နဂိုကတည်းကရှိထားတယ်။ ပြည်သူနဲ့ပူးပေါင်းချင်တယ်။ ဒါပေမဲ့ အကြောင်း အမျိုးမျိုးကြောင့် အခွင့်အရေးမရလို့ ရုန်းထွက်မရလို့ စခန်းမှာပဲနေတာမျိုးတွေလည်းရှိတယ်။ အခုလိုအချိန်မှာ သူတို့ အတွက်လည်း အခွင့်ကောင်းရသွားတယ်လို့ပဲ ကျနော်သုံးသပ်တယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

၎င်းအပြင် ညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့်လည်း မိမိတို့၏ စစ်ဆင်ရေးရည်မှန်းချက် ပြည့်မြောက်ရန် ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်သောကြောင့် စစ်စခန်းအတွင်းမှနေ၍ လက်နက်အပ်၍ သော်လည်ကောင်း၊ အလင်းဝင်ရောက်၍ သော် လည်းကောင်း အမြန်ဆုံးဆက်သွယ်ကြရန်လည်း ညီနောင်မဟာမိတ် ၃ ဖွဲ့ဘက်က အသိပေး ထုတ်ပြန်ထားခြင်း လည်းရှိသည်။

ယခုလို ညီနောင်မဟာမိတ် ၃ ဖွဲ့ထံသို့ အသက်မသေလို၍ လက်နက်ချအညံ့ခံလာခြင်း၊ မိသားစုနှင့်ပေါင်းစည်းလို၍ အလင်းဝင်ရောက်လာခြင်းများလည်း ရှိနေသလို ညီနောင်မဟာမိတ် ၃ဖွဲ့ကလည်း လက်နက်ချအလင်းဝင်ရောက်လာ သူများကို ဘေးကင်းလုံခြုံသည့်နေရာကို ပို့ဆောင်စီစဉ်ပေးသည့်အပြင် ဒဏ်ရာရသူများကိုလည်း ကျန်းမာရေးစောင့်  ရှောက်ပေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်ဟု မဟာမိတ် ၃ ဖွဲ့ကဆိုသည်။

ထိုသို့ လက်နက်အလင်းဝင်ရောက်လာသူများကို အသက်အန္တရာယ်လုံခြုံရေးကို အာမခံခြင်း၊ စစ်သား ဂုဏ်သိက္ခာ မထိ ခိုက်အောင် ဆောင်ရွက်ပေးခြင်း၊ ဖမ်းဆီးချုပ်နှောင်မှုများကိုလည်း မပြုလုပ်ခြင်း၊ မိသားစု ဆွေမျိုးများဖြင့်လည်း ပြန်လည်ပေါင်းစည်းခွင့်ရအောင် ကူညီဆောင်ရွက်ပေးသွားမည့်အပြင် လမ်းခရီးတွင် အသွားအလာ ခရီးစရိတ် များကိုလည်း ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသား ဖော်ပြထားသည်။

Photo: Crd.

အလားတူ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲများစတင်ပြင်းထန်လာသကဲ့သို့ မြန်မာ ပြည်တောင်ပိုင်းရှိ ကရင်ပြည်နယ် ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်တွင်လည်း တော်လှန်ရေးအင်အားစုနှင့် စစ်ကောင်စီတပ်များအကြားတိုက်ပွဲပြင်းထန်နေပြီး နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်၏ စစ်စခန်း၊ မြို့အဝင်အထွက် ဂိတ်များကို တော်လှန်ရေးအင်အားစုဘက်က ဝင်ရောက်တိုက်ခိုက်နေခြင်းမျိုးရှိသည်။

အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ခဲ့သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၅ ရက်တာ စစ်ဆင်ရေးအတွင်း စစ်ကောင် စီ တပ်၏ စခန်းကြီးစခန်းငယ် စစ်ဖက်ဆိုင်ရာ တပ်စခန်းပေါင်း ၈၀ ကျော်အပါအဝင် ချင်းရွှေဟော်၊ ဖောင်းဆိုင် ၊ သိန္ဒိမြို့ စသည့်မြို့များကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား သေဆုံးကာ စံချိန်တင် လက်နက်ခဲယမ်းပစ္စည်းများလည်း သိမ်းဆည်းရမိခဲ့သေးသည်။

(Operation 1027) အမည်ဖြင့် ဆင်နွှဲနေသည့် စစ်ဆင်ရေးကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊နှင့် ရက္ခိုင့်တပ်တော်(AA)ပါဝင်သည့် ညီနောင် မဟာမိတ် ၃ ဖွဲ့ပူးပေါင်း၍ ဖော်ဆောင်နေခြင်းဖြစ်သည်။ အဆိုပါ စစ်ဆင်ရေးတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ အခြေစိုက်စခန်းများကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုများရှိသလို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နှင့် အခြား သော နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပါဝင်ပူးပေါင်း၍ တိုက်ခိုက်နေပြီး ယနေ့အချိန်ထိ တိုက်ပွဲ ပြင်းထန် လျက်ရှိသည်။