Home သတင်း ကော့ကရိတ်မြို့တွင် တစ်ပတ်အတွင်း ထိခိုက်သေဆုံးသူ အရပ်သား ၂၀ ကျော်ရှိလာ

ကော့ကရိတ်မြို့တွင် တစ်ပတ်အတွင်း ထိခိုက်သေဆုံးသူ အရပ်သား ၂၀ ကျော်ရှိလာ

488

နိုဝင်ဘာလ ၁ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် တစ်ပတ်အတွင်း လက်နက်ကြီးကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ် ရာရရှိ‌သော အရပ်သားပြည်သူ (၂၀)ဦးကျော် ရှိလာကြောင်း မြို့ခံပြည်သူများထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ရက်နေ့တွင် ကော့ကရိတ်မြို့နေရာအနှံ့ စစ်ကောင်စီနှင့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF ပူးပေါင်းတပ်များ တိုက်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း စစ်တပ်ဘက်က ပစ်ခတ်သော လက်နက်ကြီးများကြောင့် လက်ရှိ တစ်ပတ်ကြာ သည်အထိ မြို့တွင်းနေ ပြည်သူ(၅)‌ဦး သေဆုံးကာ (၂၀)ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း ကော့ကရိတ်မြို့သတင်းအရင်းအမြစ်က ပြောသည်။

ကော့ကရိတ်မြို့ခံတစ်ဦးက “အမှတ်(၄) အမှတ်(၃) အမှတ်(၇) ရပ်ကွက်တွေမှာ အရပ်သား ၅ ယောက် သေတယ်။ အယောက် ၂၀ ဝန်းကျင် ဒဏ်ရာရတယ်။ ဒါက ကျနော်တို့ မြို့ထဲကစာရင်း‌ပေါ့။ နာမည်စာရင်းတွေတော့ အကုန်မရသေးဘူး”ဟု ကေအိုင်စီသို့ပြောသည်။

လတ်တလော ကော့ကရိတ်မြို့အတွင်းတွင် နှစ်ဖက်တိုက်ပွဲများမရှိတော့သော်လည်း မြို့အခြေစိုက် စစ်ကောင်စီ၏‌ ခြေလျင်တပ်ရင်း (ခလရ-၉၇) နှင့် လှိုင်ဝအမြှောက်ကုန်းမှ လက်နက်ကြီး ပစ်ခတ်မှု အမြဲလုပ်ဆောင်သေးသောကြောင့် ယနေ့နံနက်ပိုင်းတွင်လည်း မြို့ခံပြည်သူ တစ်ဦးထပ်မံ ထိခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“နှစ်ဖက်တိုက်ပွဲကမဖြစ်တော့ပေမဲ့ လက်နက်ကြီးပစ်တာက ရှိနေတုန်းပဲ။ ဒီနေ့မနက်တောင် မြို့ထဲမှာတစ်ဦးထိတယ်ကြားသေးတယ်။ ကြောက်ကြောက်နဲ့ပဲ အလုံးကြီး သံကိုနား ထောင်ပြီးနေရတယ်”ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

ကော့ကရိတ်မြို့ရှိ ပြည်သူများသည် တိုက်ပွဲနှင့်လက်နက်ကြီးရန်ကြောင့် မြဝတီ၊ ဖားအံ၊ ကျုံဒိုး၊ မော်လမြိုင် အစရှိသော မြို့များရှိ ဆွေမျိုးများထံတွင် သွားရောက်တိမ်းရှောင်နေကြရသလို နေရပ်စွန့်ခွာရှောင်တိမ်းရန် အခက်အခဲရှိ‌သော ဒေသခံများသည်လည်း အသက်အိုးအိမ်စိုးရိမ်စိတ်ဖြင့် သတိထားနေထိုင်ရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ရက်နေ့ကလည်း စစ်ကောင်စီမှ ကော့ကရိတ်မြို့နှင့် အနီးဒေသရှိ ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ဖြင်းဖြစ်ရာ ဒေသခံများထိခိုက် သေဆုံးမှုရှိခဲ့ သေးသည်။

ထိုနေ့နောက်ပိုင်းမှစ၍ KNLA ဦးဆောင်သည့်တော်လှန်ရေးတပ်ဖွဲ့မှ မြို့အတွင်းရှိ စစ်ကောင်စီ တပ်ချ ထားသည့်နေရာအနှံ့အပြားတွင် ဝင်ရောက်တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာ မြို့အနှံ့တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးသူများလည်း ရှိခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်များအရ သိရသည်။