အောက်တိုဘာ (၁၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)၊ ဝင်းရေးမြို့နယ်၊ ပုလိန်ရွာအနီး ပြီးခဲ့သည့်အောက်တိုဘာ(၁၂)ရက်နေ့က စစ်အုပ်စုစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရသည့်ဖြစ်စဥ်တွင် တပ်ဖွဲ့ဝင်(၅) ဦးထက်မနည်း သေဆုံးမှုရှိခဲ့ကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်များအရ သိရသည်။
အဘစ်စခန်းမှတဆင့် ပုလိန်ရွာသို့ ဆင်းလာသည့်အဆိုပါစစ်အုပ်စုစစ်ကြောင်းကို နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး...