Home ထိပ်တန်းသတင်း အစိုးရစစ်တပ် ရိက္ခာများကို ‌ကေအဲန်ယူ တပ်ဖွဲ့များ မီးရှို့ဖျက်ဆီး

အစိုးရစစ်တပ် ရိက္ခာများကို ‌ကေအဲန်ယူ တပ်ဖွဲ့များ မီးရှို့ဖျက်ဆီး

1948
စက်တင်ဘာလ ၁၂ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

တနသင်္ာရီတိုင်း၊ မြစ်တန်းမြို့ ‌ရှေ့တန်းတ‌နေရာတွင် လှုပ်ရှား‌နေသည့် အစိုးရစစ်တပ် ခမရ(၄၃၂)အတွက် တပ်ရိက္ခာများကို သယ်ယူလာသည့် ယာဉ်တစ်စီး‌ပေါ်မှ ရိက္ခာများအား ‌ကေအဲန်ယူ တပ်မဟာ(၄) တပ်ဖွဲ့ဝင်များက ‌ရှောင်တခင် ဝင်‌ရောက် မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ထို‌ဒေသမှလာသည့် သတင်းအရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၆ရက်‌နေ့က စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ(၁၁)၊ နည်းဗျူဟာ(၃) လက်‌အောက်ခံ ‌ရှေ့တန်းရှိ ခမရ (၄၃၂)တပ်ရင်း စစ်‌ကြောင်း(၁)အတွက် ရိက္ခာများကို ထီးထာမှ ဆင်ဖြူဒိုင်သို့ သယ်‌ဆောင်လာစဉ် ‌ကေအဲန်ယူ တပ်မဟာ(၄) တပ်ဖွဲ့ဝင်များက အလစ်ငိုက်ဝင်‌ရောက်ပြီး ကား‌ပေါ်ရှိ တပ်ရိက္ခာမျိုးစုံကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ‌ဒေသခံတစ်ဦးက ‌ပြောသည်။

“ဒီလ ၆ရက်‌နေ့မှာ ခမရ(၄၃၂)၊ စစ်‌ကြောင်း(၁)အတွက် တပ်ရိက္ခာ‌တွေကို လုပ်အား‌ပေးအဖြစ် သယ်ယူလာတဲ့ ‌ဒေသခံရွာသား ရဲ့ ကားတစီးကို ‌ကေအဲန်ယူ တပ်မဟာ(၄)တပ်ဖွဲ့ဝင်‌တွေ အလစ်ငိုက် ဝင်ပြီး‌တော့ ကား‌ပေါ်ကာ ရိက္ခာ‌တွေကို အကုန်လုံး မီး ရှို့ပစ်လိုက်တယ်။ ဆန် ၁ဝအိတ်‌ကျော် ပါတယ်။ ‌နောက်ပြီး ဆီ၊ ဆား၊ နို့ဆီ၊ ပဲ၊ ငရုတ်သီး‌တွေလည်းပါတယ်။”ဟု ‌ပြောသည်။

ထိုကဲ့သို့ စစ်တပ်၏ ရိက္ခာများကို ‌ကေအဲန်ယူတပ်ဖွဲ့မှ ဖျက်ဆီးခဲ့‌သော်လည်း စစ်တပ်မှ အဆိုပါကားပိုင်ရှင်အ‌ပေါ် အပြစ်‌ပေး အ‌ရေးယူခြင်း တစုံတရာမရှိ‌ကြောင်း ၎င်း‌ဒေသခံက ဆက်‌ပြောသည်။

ယင်းသို့ တပ်ရိက္ခာများ မီးရှို့ဖျက်ဆီးခံရသဖြင့် မိမိတပ်များအ‌နေဖြင့် ‌နောက်‌နောင်တွင် အရပ်သားများ၏ ကား၊ ဆိုင်ကယ်၊ စက်‌လှေတို့ဖြင့် ရိက္ခာနှင့် စစ်သုံးပစ္စည်းများကို အရပ်သားတို့အား သယ်ယူ‌စေခြင်း လုံးဝမပြုလုပ်ကြရန်နှင့် ညွှန်ကြားချက်အ ‌ပေါ် လိုက်နာမှုမရှိပါက စစ်စည်းကမ်းအရ ထိ‌ရောက်စွာ အပြစ်‌ပေးခံရမည်ဖြစ်‌ကြောင်း မြိတ်မြို့ရှိ ကမ်းရိုးတန်းတိုင်း စစ်ဌာန ချုပ်(ကရခ)မှ ၎င်း၏‌ရှေ့တန်းတပ်များ အားလုံးကို ညွှန်ကြားလိုက်သည်ဟု စစ်ဖက်ဆိုင်ရာ သတင်းအရ သိရသည်။

အစိုးရစစ်တပ်များ၏ ရိက္ခာများအား မီးရှို့ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်ပြီး ‌ကေအဲန်ယူ တပ်မဟာ(၄)မှ တာဝန်ရှိသူများအား ‌ကေအိုင်စီမှ ဆက်သွယ်ရန် ကြိုးစား‌သော်လည်း မရရှိခဲ့‌ပေ။

ထို‌ဒေသတွင် ယခင်ကလည်း အစိုးရစစ်တပ်၏ စစ်ပစ္စည်းနှင့် ရိက္ခာများအား ‌ကေအဲန်ယူတပ်ဖွဲ့မှ အလားတူ မီးရှို့ဖျက်ဆီးမှု များကို အလျင်းသင့်သလို လုပ်‌ဆောင်ခဲ့သည်ဟု ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။