Home ထိပ်တန်းသတင်း Derek Mitchell တိုင်းရင်းသားပါတီများနှင့် အမျိုးသား ရင်ကြား‌စေ့‌ရေး ‌ဆွေး‌နွေးခဲ့

Derek Mitchell တိုင်းရင်းသားပါတီများနှင့် အမျိုးသား ရင်ကြား‌စေ့‌ရေး ‌ဆွေး‌နွေးခဲ့

1364
စက်တင်ဘာလ ၁၃ရက်။ (‌ကေအိုင်စီ)

အ‌မေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မူဝါဒညှိနှိုင်း‌ရေးမှူး ဒဲရက်မစ်ချဲလ်က ယ‌နေ့ည‌နေ ယ‌နေ့ ၃နာရီ တွင် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲဝင် တိုင်းရင်းသားနိုင်ငံ‌ရေးပါတီများနှင့် အမျိုးသားရင်ကြား‌စေ့‌ရေးကို အဓိကထား ‌ဆွေး‌နွေးခဲ့သည် ဟု သိရသည်။

‌တွေ့ဆုံပွဲကို တက်‌ရောက်ခဲ့သည့် ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးဇိုဇမ်းက “မစ်ချဲလ်က အမျိုးသားရင်ကြား‌စေ့‌ရေးကိစ္စနဲ့ ပတ် သက်ပြီး တိုင်းရင်းသားဘက်က သ‌ဘောထားကို ‌မေးမြန်းခဲ့တယ်။ ပြီး‌တော့ တိုင်းရင်းသား‌တွေရဲ့ လိုအပ်ချက်၊ တင်ပြချက်‌တွေ ‌မေးမြန်း‌ဆွေး‌နွေးခဲ့တယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ထိုကဲ့သို့ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့စဉ် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်က အမျိုးသား ရင်ကြား‌စေ့‌ရေးကိစ္စအတွက် တိုင်းရင်းသားကဏ္ဍသည်လည်း အ‌ရေးပါ‌ကြောင်း တင်ပြခဲ့သည်ဟု ‌တွေ့ဆုံပွဲကို တက်‌ရောက်ခဲ့သည့် ၎င်းချင်းအမျိုးသားပါတီ ဥက္ကဌက ‌ပြောသည်။

ယင်းသို့ ‌တွေ့ဆုံရာတွင် ချင်းအမျိုးသားပါတီ၊ မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီ၊ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည် သူ့ပါတီနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်‌ရေးပါတီတို့ ပါဝင်ခဲ့သည်။

အ‌မေရိကန် အထူးကိုယ်စားလှယ်က တိုင်းရင်းသားပါတီ ကိုယ်စားလှယ်များနှင့် ယခုလို တိုက်ရိုက် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုသည် တိုင်းရင်းသားများအတွက် ‌ကောင်းသည့်အရာတစ်ခုဖြစ်‌ကြောင်း လွှတ်‌တော် အစည်းအ‌ဝေးသို့ တက်‌ရောက်‌နေသည့် ဖလုံ-စ‌ဝေါ်ပါတီ အတွင်း‌ရေးမှူး ‌ဒေါ်နန်း‌စေအွာက ‌ပြောသည်။

“ကျမက လွှတ်‌တော်မှာ ‌ရောက်‌နေ‌တော့ သူတို့ ဘာ‌တွေ‌ဆွေး‌နွေး ဘာ‌ပြောခဲ့ကြလဲဆိုတာ မသိ‌ပေမယ့် အခုလို တိုင်းရင်းသား ပါတီ‌တွေနဲ့ ‌တွေ့ဆုံတာဟာ ‌ကောင်းတယ်လို့ပဲ ကျမအ‌နေနဲ့ မြင်တယ်။”ဟု သူမက ‌ပြောဆိုသည်။

မစ္စတာ ဒဲရက်မစ်ချဲလ်က တိုင်းရင်းသားပါတီများနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ပြီး ၎င်းအ‌နေဖြင့် တိုင်းရင်းသားပါတီများထံမှ မိမိသိချင် သည့် သ‌ဘောထားနှင့် အ‌ကြောင်းအရာများ သိခွင့်ရခဲ့ခြင်းအ‌ပေါ် ဝမ်းသာမိသည်ဟု ‌ပြောဆိုခဲ့‌ကြောင်းလည်း ဦးဇိုဇမ်းက ပြန် လည် ရှင်းပြခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အ‌မေရိကန် အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက်မစ်ချဲလ်က စက်တင်ဘာလ ၉ရက်‌နေ့မှာ မြန်မာနိုင်ငံသို့ ‌ရောက်ရှိခဲ့ပြီး ‌နေပြည်‌တော်တွင် နိုင်ငံခြား‌ရေးဝန်ကြီး ဦးဝဏ္ဏ‌မောင်လွင် အမျိုးသားလွှတ်‌တော် ဥက္ကဋ္ဌ ဦးခင်‌အောင်မြင့် အပါအ ဝင် အခြားအစိုးရအရာရှိများနှင့်လည်း ‌တွေ့ဆုံခဲ့သည်။

စက်တင်ဘာလ ၁၁ရက်‌နေ့တွင် ရုပ်ရှင်မင်းသား ဦး‌ကျော်သူ ဦး‌ဆောင်သည့် နာ‌ရေးကူညီမှုအသင်း၊ NLD ပါတီက ရန်ကုန် တိုင်း ‌တောင်ဒဂုံတွင် ဖွင့်လှစ်ထားသည့် HIV-AIDS ‌ဂေဟာသို့လည်း သွား‌ရောက်ခဲ့သလို စက်တင်ဘာ ၁၂ရက်‌နေ့ကလည်း ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် ‌တွေ့ဆုံကာ တဆက်တည်းမှာပင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် NLD ‌ခေါင်း‌ဆောင်များ၊ ပြည်သူ့ လွှတ်‌တော် ကိုယ်စားပြု‌ကော်မတီ CRPP ကိုယ်စားလှယ်များနှင့်လည်း ‌တွေ့ဆုံခဲ့သည်။

မစ္စတာဒဲရက်မစ်ချဲလ်သည် စက်တင်ဘာလ ၉ရက်‌နေ့တွင် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာ‌ရောက်ခဲ့ခြင်းဖြစ်ပြီး သူ၏ ၅ရက်တာ ခရီးစဉ်မှာ စက်တာဘာလ ၁၄ရက်‌နေ့မှာ ပြီးဆုံးမည်ဖြစ်သည်။