ဩဂုတ် (၂၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းအစိုးရ စာသင်ကျောင်း ထုတ်ခံရသည့် မယ်လဒုက္ခသည်စခန်းမှ ကလေး(၁၃)ဦးအတွက် ထောက်ခံမှတ်ချက်ပေးသဖြင့် ဝေဖန်ခံနေရသူ ထာ့ဆောင်ယန်းဆေးရုံအုပ်ကြီးအား လူသားချင်းစာနာထောက်ထားမှုဘက်မှ ရပ်တည်ခြင်းသာဖြစ်ကြောင်း တာ့ခ်ခရိုင် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ်လ၊ ၂၅ရက်နေ့စွဲဖြင့် ထုတ်ပြန်ထောက်ခံသည်။
ဆေးရုံအုပ်ကြီး ဒေါက်တာ ထဝပ်ချိုင်း ယင်ထဝီဆပ်သည် ဩဂုတ်လ...