Home သတင်း DKBA မှ စားဝတ်‌နေ‌ရေးခက်ခဲသည့် ပြည်သူများထံ စား‌သောက်ကုန်များ စတင်‌ထောက်ပံ့

DKBA မှ စားဝတ်‌နေ‌ရေးခက်ခဲသည့် ပြည်သူများထံ စား‌သောက်ကုန်များ စတင်‌ထောက်ပံ့

1763

ဩဂုတ် ၂၂ရက်၊ ၂ဝ၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ‌ကျေးရွာများတွင် စားဝတ်‌နေ‌ရေးခက်ခဲသည့် ပြည်သူများထံ အ‌ခြေခံစား ‌သောက်ကုန်များကို ဩဂုတ် ၂ဝရက် ယမန်‌နေ့က စတင်‌ထောက်ပံ့‌ပေး‌နေပြီးဟု DKBA-ဒီမိုက‌ရေစီအကျိုးပြုကရင့်တပ် မ‌တော်မှ ၎င်းတို့၏ ‌ဒေသတာဝန်ရှိသူထံမှ သိရသည်။

‌ပြောင်မထိန်၊ ကျွန်း‌ချောင်း၊ ကြိမ်‌ချောင်း၊ မိတ္တဗွီး၊ ‌လေးဖာ‌ထောရွာရှိ စားဝတ်‌နေ‌ရေးခက်ခဲသည့် ပြည်သူများကို ဆန်၊ ဆီ၊ ကြက်သွန် စသည့် အ‌ခြေခံစား‌သောက်ကုန်များကို ‌ထောက်ပံ့‌ပေးလျှက်ရှိပြီး ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုများလည်း စီစဉ်‌ဆောင်ရွက်‌ပေး‌နေပြီးဟု DKBA အမှတ် ၉ဝ၃ တပ်ရင်းမှူး ဗိုလ်မှူး‌စော‌အေဝမ်းက ဩဂုတ်လ ၂၁ရက်‌နေ့ ‌ကေအိုင် စီသို့ ‌ပြောသည်။

“ကိုဗစ်နဲ့နိုင်ငံ‌ရေး မတည်ငြိမ်မှု‌တွေအ‌ပေါ်မှာ ကျ‌နော်တို့လူထု‌တွေ အလုပ်အကိုင်ရှားလာပြီး သွားလာရခက်ခဲလာ‌တော့ စားဝတ်‌နေ‌ရေး အဆင်မ‌ပြေကြဘူး‌ပေါ့‌နော်။ ဆန်အိတ် ၈ဝဝ၊ ဆီ၊ ‌ခေါက်ဆွဲ‌ခြောက်‌တွေ အဝတ်အထည်‌တွေ နိုင်သ ‌လောက်ကူညီ‌ပေးတာ‌ပေါ့‌နော်။ ကိုဗစ်‌ရောဂါကဖြစ်‌နေ‌တော့ သူတို့ရဲ့ ကျန်းမာ‌ရေး‌စောက်‌ရှောက်မှုအတွက်လည်း စီစဉ် ‌ဆောင်ရွက်‌ပေးထားတယ်။”ဟု ဗိုလ်မှူး‌စော‌အေဝမ်းက ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ထိုင်း-မြန်မာနယ်စပ်ရှိ ထို‌ဒေသ၌‌နေထိုင်သည့် ပြည်သူအများစုမှာ ဝဥ၊ ပီ‌လောပီနံ စိုက်ပျိုးမှု ဖြင့် အသက်‌မွေးကြပြီး ကိုဗစ်ကာလအချိန်တွင် အ‌ရောင်းအဝယ်နည်းပါးကာ အလုပ်ငှားရမ်းမည့်သူမရှိသည့်အတွက် ‌ဒေသခံအချို့မှာ ဆန်ပြုတ်ချက်စား‌နေရတာ‌တွေ ရှိသည်ဟု ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများထံမှ သိရသည်။

‌လေးဖာ‌ထောရွာသား ‌စောအုန်း‌မောင်က “အလုပ်အကိုင်မရှိ သွားလာမရ‌တော့ အချို့ရွာသား‌တွေ ဆန်ပြုတ်စား‌နေရ တယ်။ သူတို့ရဲ့ မျှစ်၊ ဝဥ‌တွေလည်း ဝယ်သူမရှိဘူး‌လေ။ အရမ်းခက်ခဲလာကြတယ်။ DKBA က‌နေ ဆန်အိတ် အကြီး၊ အ‌သေး အိတ် ၆ဝ‌ကျော် ဆီ ကြက်သွန်‌တွေ လာ‌ထောက်ပံ့‌ပေး‌တော့ အများကြီးဝမ်းသာတယ်။ ပီ‌လောပီနံဥ ထွက်တဲ့အ ချိန်ဆို ရွာသား‌တွေ နည်းနည်း ပြန်အဆင်‌ပြေမယ်‌ပေါ့‌နော်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ‌ကျေးရွာအသီးသီးတွင် စားဝတ်‌နေ‌ရေးခက်ခဲသည့် ပြည်သူများ အသိ‌ပေးလာပါက လက် လှမ်းမီသ‌လောက် ဆက်လက် ကူညီ‌ထောက်ပံ့‌ပေးသွားမည်ဖြစ်ပြီး ဒုတိယအကြိမ်အ‌နေဖြင့် လာမည့်‌အောက်တိုဘာလ တွင် အ‌ခြေခံစား‌သောက်ကုန်များ ကူညီ‌ထောက်ပံ့‌ပေးသွားမည်ဟုလည်း DKBA အဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။