Home သတင်း ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုယ်ဗစ်‌ရောဂါ ကူးစက်ခံရသူ လူ ၄ဝဝ နီးပါးတွင် ၂ဝ ‌ကျော်‌သေဆုံး

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုယ်ဗစ်‌ရောဂါ ကူးစက်ခံရသူ လူ ၄ဝဝ နီးပါးတွင် ၂ဝ ‌ကျော်‌သေဆုံး

1507
Photo: naing lin aung

ဩဂုတ် ၂၂ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ‌ကေအိုင်စီ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်‌နေ့မှစပြီး Covid-19 ‌ရောဂါပိုးကူးစက်ခံရ သူ ၄ဝဝ ခန့်ရှိသည့်အထဲတွင် ‌သေဆုံးသူ ၂ဝ ‌ကျော်ရှိသည်ဟု မြို့နယ်လူမှုကယ်ဆယ်‌ရေးအဖွဲ့များထံမှ သိရသည်။

ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ကျိုက်ဒုံ၊ ဝင်း‌ရော်‌ဒေသတွင် ကိုဗစ်‌ရောဂါပိုးကူးစက်ခံရသူ လူ‌ပေါင်း ၄ဝဝ ခန့်ရှိသည့်အနက် လူ ၂၅ဝ ‌ကျော်မှာ ကျန်းမာ‌ရေးပြန်လည်‌ကောင်းမွန်လာပြီး ပြည်သူ့‌ဆေးရုံတွင် လူ ၁၁ဝ ‌ကျော် ကုသမှုခံယူ‌နေရဆဲဖြစ်ကာ ကိုဗစ်‌ရောဂါ‌ကြောင့် လူ ၂ဝ ‌ကျော်‌သေဆုံးခဲ့သည်ဟု ဩဂုတ် ၁၁ ရက်‌နေ့တွင် ထုတ်ပြန်ခဲ့သည့် ပြန်ကြား‌ရေးဌာန စာရင်းများအရ သိရသည်။

“ ‌ဆေးရုံမှာ ကိုဗစ်လူနာ‌တွေထားဖို့ ကုတင်မဆံ့‌တော့ဘူး။ သက်သာတဲ့လူ‌တွေကျ‌တော့ ‌အောက်မှာ ဆင်း အိပ်ရတယ်။ ပိုး‌တွေ့သူအားလုံးကို အထက‌ကျောင်းမှာ ပို့ထားကြတယ်။ ‌အောက်ဆီဂျင်ကျသူ‌တွေကို ‌ဆေးရုံတင် ထားကြတယ်။ ‌ဆေးရုံမှာမနိုင်‌တော့လို့ ရွာ‌တွေမှာ ကိုဗစ်ကုသ‌ရေးစင်တာ‌တွေ ကိုယ်ထူ ကိုယ်ထဖွင့် လာကြတယ်” ဟု ကြာအင်းဆိပ်ကြီးမြို့နယ် လူမှုကယ်ဆယ်‌ရေးအဖွဲ့ဝင်တစ်ဦးက ‌ပြောသည်။

‌ကျေးရွာများတွင် ကိုယ်ထူကိုယ်ထဖြင့် ကိုဗစ်‌ရောဂါကုသ‌ရေးစင်တာများ ဖွင့်လှစ်ထားရှိ‌သော်လည်း ‌ဆေးဝါး များနှင့် ကျန်းမာ‌ရေးဆရာဝန်များမရှိသည့်အတွက် အခက်အခဲရှိ‌နေပြီး ကိုယ်ဗစ်‌ရောဂါကူးစက်ခံ‌နေရသူအချို့မှာ ၎င်းတို့၏‌နေအိမ်တွင်သာ မိရိုးဖလာ‌ဆေးနည်းများဖြင့် ကုသ‌နေရကြရသည်ဟု ‌ဒေသခံများထံမှ သိရသည်။

“ ရွာမှာ အနံ့မရဘဲ ကိုဗစ်လက္ခဏာပြတာ အများကြီးပဲ။ မြို့နယ်ပြည်သူ့‌ဆေးရုံကိုပို့‌တော့လည်း လူများ‌နေ တယ်ဆိုပြီး လက်မခံ‌တော့လို့ ရွာမှာပြန်လာကြရတယ်။ အ‌ခြေအ‌နေဆိုးမှ ယူလာလို့‌ပြောတယ်။ ဒါ‌ကြောင့် ကိုယ်ထူကိုယ်ထနဲ့ ကုသ‌ရေးစင်တာဖွင့်ဖြစ်တာ‌ပေါ့‌နော်။ ‌ဆေးဝါး‌တွေ ကုသ‌ပေးမယ့်လူ‌တွေမရှိ‌တော့ အခက်အခဲရှိတယ်။ တစ်ချို့အိမ်မှာပဲ တိုင်းရင်း‌ဆေး‌တွေနဲ့ ကုသ‌နေကြရတယ်” ဟု ခလယ်‌ကျေးရွာ ကိုဗစ်စင်တာမှ အမည်မ‌ဖော်လိုသူ ရွာသားတစ်ဦးက ‌ကေအိုင်စီ သို့‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုဗစ်‌ရောဂါကူးစက်ခံရသည့်လူနာများကို မြို့နယ်စစ်‌ကောင်စီအဖွဲ့ဝင်များမှ ကျိုက်ဒုံ၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူပြည်သူ့‌ဆေးရုံနှင့် စာသင်‌ကျောင်းများတွင် ကုသနိုင်ရန်အတွက် ‌နေရာ ၆ ခု စီစဉ်‌ပေးထာလျက်ရှိပြီး ၎င်း‌နေရာများနှင့်အလှမ်း‌ဝေးသည့် ‌ကျေးရွာအများစုမှာ ကိုယ်ထူကိုယ်ထဖြင့်သာ ကျန်းမာ‌ရေးကုသခံယူ‌နေရသည်ဟု ကုသ‌ရေးစင်တာများ၏ တာဝန်ရှိသူများထံမှ သိရသည်။