Home သတင်း ဖားအံ CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ‌ကျောင်းဆရာနှင့် လူငယ်နှစ်ဦး ဖမ်းဆီးခံရ

ဖားအံ CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ‌ကျောင်းဆရာနှင့် လူငယ်နှစ်ဦး ဖမ်းဆီးခံရ

3283
Photo: CJ

‌မေလ ၁၉ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ဖားအံမြို့ CDM လှုပ်ရှားမှုတွင်ပါဝင်သည့် ‌ကျောင်းဆရာတစ်ဦး အပါအဝင် လူငယ်သုံးဦးတို့ကို စစ်‌ကောင်စီ၏ တပ်ဖွဲ့ ဝင်များက ယမန်‌နေ့(‌မေလ ၁၈)ရက်ညတွင် ဖမ်းဆီး‌ခေါ်‌ဆောင်သွားခဲ့သည်ဟု သိရသည်။

ဖားအံမြို့ ကြာအင်း‌တောင်အိမ်ရာ တိုက် (၂) ‌မြေညီထပ်တွင် လူငယ်သုံးဦးနှင့် တိုက်ခန်းငှား‌နေထိုင်ကြသည့် အဆိုပါ ‌ကျောင်းဆရာ ယမန်‌နေ့ည ၉နာရီခန့်တွင် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များမှ ကား (၆)စီးဖြင့် ‌ရောက်လာပြီး စစ်‌ဆေး‌မေး မြန်းမှုများ ပြုလုပ်ကာ ဖမ်း‌ခေါ်သွားသည်ဟု ဖားအံမြို့ခံတစ်ဦးထံမှ သိရသည်။

၎င်းက “ည ၉နာရီမထိုးခင်‌လောက်မှာ ကား ၆စီး အသံတိတ်ပြီး ‌ရောက်လာတယ်။ ခြံတခါးကို အသံမထွက်‌အောင် ဖွင့် တယ်။ ‌သေနတ်ကိုင်ထားတဲ့ ရဲ ၃‌ယောက်က တိုက်(၂)ပတ်ပတ်လည်ကို ဝိုင်းထားတယ်။ ကျန်တဲ့သူ‌တွေက တိုက် ၂‌ပေါ် တန်းတက်တယ်။ ‌ကျောင်းဆရာတို့ကို ‌မြေကြီးမှာ တစ်‌နေရာစီ ထိုင်ခိုင်းပြီး စစ်‌မေးတယ်။ ကား‌နောက်ဖုံး‌တွေ ဖွင့်စစ် တယ်။ ပြီး‌တော့ ကားပါယူသွားပြီး ဖမ်းသွားတယ်။ သူတို့ကို ဘာ‌ကြောင့်လာဖမ်းတာလဲ ကျွန်‌တော်လည်းမသိဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ မ‌ရောက်လာမီ ဆိုင်ကယ် ၃စီးမှ ၎င်းအိမ်ရာနားဝဲ‌နေပြီး ခြံ‌ထောင့်တစ်‌နေရာတွင် ဆိုင်ကယ် ရပ်ထားပြီး‌နောက် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များမှ ကားမီးပိတ်ကာ အသံတိတ်‌ရောက်ရှိလာကြပြီး ‌ကျောင်းဆရာတို့ကို ဖမ်း‌ခေါ်သွားရာတွင် ၎င်းဆိုင်ကယ် ၃စီးမှာလည်း အတူ ပြန်လိုက်ပါသွား‌ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့်လများတွင် ဖားအံမြို့ CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ‌ကျောင်းဆရာမနှစ်ဦးနှင့် မြဝတီမြို့မှ ‌ကျောင်းဆရာမတစ်ဦးကိုလည်း စစ်‌ကောင်စီက ဖမ်းဆီးမှုများရှိခဲ့သည်။