Home သတင်း မြဝတီမြို့တွင် CDM ‌ဆောင်ရွက်‌နေသည့် ပညာ‌ရေးဝန်ထမ်း စာရင်းအရ ၂၉၆ ဦးရှိပြီး ‌မြေပြင်တွင် ယခုထက်ပိုများနိုင်ဟုဆို

မြဝတီမြို့တွင် CDM ‌ဆောင်ရွက်‌နေသည့် ပညာ‌ရေးဝန်ထမ်း စာရင်းအရ ၂၉၆ ဦးရှိပြီး ‌မြေပြင်တွင် ယခုထက်ပိုများနိုင်ဟုဆို

1844

‌မေလ ၁၉ ရက် ၂၀၂၁ခုနှစ်။‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း အာဏာဖီဆန်မှု(CDM) ‌ဆောင်ရွက်‌နေသည့် ပညာ‌ရေးဝန်ထမ်း စာရင်းအရ ၂၉၆ ဦးရှိပြီး ‌မြေပြင်တွင် ယခုထက် ပိုမိုများပြားနိုင်သည်ဟု မြဝတီမြို့မှ ပညာ‌ရေးဝန်ထမ်းတစ်ဦးက ‌ပြောသည်။

“မြဝတီခရိုင်အတွင်းမှာ အထက်တန်း‌ကျောင်း ၈ ‌ကျောင်းအပါအဝင် စာသင်‌ကျောင်း ‌ပေါင်း ၁၁ဝ ‌ကျောင်း ရှိပါတယ်။ ဒီထဲမှာ ဌာ‌နေတိုင်းရင်းသား လက်နက်ကိုင်စိုးမိုးတဲ့ နယ်‌မြေမှာရှိတဲ့ စာသင်‌ကျောင်း ၁၅ ‌ကျောင်းခန့်က ဖွင့်ဖို့ အဆင်မ‌ပြေနိုင်ပါဘူး။ စာရင်းအရ‌တော့ CDM ပြုလုပ်ထားတဲ့ ဝန်ထမ်း ၂၉၆ ‌ယောက် ရှိတာ‌ပေါ့။ ဒါ‌ပေမယ့် အမှန်တကယ် ‌ကျောင်းဖွင့်တဲ့အခါ ‌မြေပြင်မှာ ဒီထက်ပိုပြီး များလာနိုင်တယ်”ဟု မြဝတီမြို့မှ ပညာ‌ရေးဝန်ထမ်း တစ်ဦးက သုံးသပ်‌ပြောဆိုသည်။

စစ်‌ကောင်စီမှ ယခု ပညာသင်နှစ်တွင် ‌ကျောင်းများကို ဖွင့်လှစ်နိုင်ရန် စီစဉ်‌နေပြီး ‌ကျောင်းအပ်လက်ခံမှုကို ‌မေလ ၂၄ ရက်‌နေ့မှ စတင်လက်ခံကာ ဇွန်လ ၁ ရက်‌နေ့တွင် စာသင်‌ကျောင်းများ ပြန်လည်ဖွင့်လှစ် နိုင်ရန် မြို့နယ်အသီးသီးရှိ ပညာ‌ရေးဝန်ထမ်းများအား ‌စေခိုင်းလျက်ရှိ‌နေသည်။

ထိုသို့ စစ်‌ကောင်စီမှ ဇွန်လ ၁ ရက်‌နေ့တွင်‌ကျောင်းများဖွင့်လှစ်နိုင်ရန် စီစဉ်‌နေချိန် ယခုရက်ပိုင်းအတွင်း နိုင်ငံတဝှမ်းရှိ ပညာ‌ရေးဌာနနှင့် သက်ဆိုင်‌သော ‌နေရာတစ်ချို့တွင် ဗုံး‌ပေါက်ကွဲမှုများ ရှိလာ‌နေသဖြင့် ‌ကျောင်းသားမိဘများမှာ စိုးရိမ်မှုများ ရှိ‌နေသလိုမြို့နယ်တစ်ချို့တွင်လည်း ယခု ပညာသင်နှစ်အတွင်း ‌ကျောင်းမအပ်ဘဲ ‌ကျောင်းပျက်ကြရန် ဆန္ဒ‌ဖော်ထုတ် ‌တောင်းဆိုမှုများလည်း ရှိ‌နေသည်။

လက်ရှိတွင် စစ်‌ကောင်စီပညာ‌ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံး အတိုင်းအတာတွင် ပညာ‌ရေးဝန်ထမ်း‌ပေါင်း ၄၅၁,၅၀၆ ဦး ရှိကာ ထိုထဲတွင် CDM ‌ဆောင်ရွက်သူ ၁,၂၁,၄၅၅ ဦးရှိပြီး ၂၇ ရာခိုင်နှုန်း ပျက်ကွက်‌ကြောင်း ထုတ်ပြန်ထားသည်။ ကရင်ပြည်နယ်အတွင်းတွင် ပညာ‌ရေးဝန်ထမ်း‌ပေါင်း ၁၆,၆၀၄ ဦး ရှိရာ ထိုထဲမှ ၄,၄၂၈ ဦး CDM ‌ဆောင်ရွက်ထား‌ကြောင်း သိရသည်။