Home သတင်း ထိုင်း-မြန်မာ နယ်စပ်‌သောင်ရင်းမြစ်ကမ်းရှိ ‌လှေဂိတ်များတွင် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်စစ်‌ဆေးခြင်းများပြုလုပ်

ထိုင်း-မြန်မာ နယ်စပ်‌သောင်ရင်းမြစ်ကမ်းရှိ ‌လှေဂိတ်များတွင် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်စစ်‌ဆေးခြင်းများပြုလုပ်

2737
Photo: Nay Naw

‌ဖေ‌ဖော်ဝါရီ ၂ ရက်၊ ၂၀၂ဝခုနှစ်။ ‌နေ‌နော်

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့ ‌သောင်ရင်းမြစ်ကမ်းရှိ ‌လှေဂိတ်တစ်ချို့တွင် ယ‌နေ့ (‌ဖေ‌ဖေါ်ဝါရီ ၂ရက်) ‌နေ့လည်ပိုင်းက ကိုရိုနာဗိုင်းရပ်စ်ပိုး ကြိုတင်ကာကွယ်‌ရေးအ‌နေဖြင့် ‌လှေဂိတ်မှတဆင့် ဝင်ထွက်သွားလာ သူများကို အပူချိန်တိုင်း ကိရိယာများဖြင့် ကျန်းမာ‌ရေး စစ်‌ဆေးခြင်းများ ‌ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

ထိုသို့ ကျန်းမာ‌ရေးစစ်‌ဆေး‌ဆောင်ရွက်မှုများကို မြဝတီခရိုင်ကျန်းမာ‌ရေးဦးစီးဌာန ခရိုင်‌ဆေးရုံ တာဝန်ခံ ‌ဒေါက်တာရန်နိုင်စိုး၊ မြို့နယ်ကျန်းမာ‌ရေးဌာနမှ ‌ဒေါက်တာ ‌ကေခိုင်ထက်နှင့် ကျန်းမာ‌ရေးဝန်ထမ်းများ၊ ကရင် ပြည်နယ် နယ်ခြား‌စောင်တပ်(BGF)မှ ဗိုလ်မှူးနိုင်‌မောင်‌ဇော်နှင့် တပ်ဖွဲ့ဝင်များပူး‌ပေါင်း၍ မြဝတီမြို့ အမှတ်(၅)ရပ်ကွက်ရှိ ၉၉၉ ဂိတ်၊ ၈ ဂိတ်နှင့် ၁၈ ဂိတ်တို့တွင် ‌ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

“ကျ‌နော်တို့ မြဝတီခရိုင်ကျန်းမာ‌ရေးဌာနအ‌နေနဲ့ နိုင်ငံတကာ ဝင်‌ပေါက်ထွက်‌ပေါက်ဖြစ်တဲ့ ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲ‌ဆောက် ချစ်ကြည်‌ရေးတံတားမှာ‌တော့ အမြဲတမ်းလိုလို ကျန်းမာ‌ရေးစစ်‌ဆေးမှုများအ‌နေနဲ့ အပူချိန်တိုင်း ကိရိယာများဖြင့် တိုင်းတာစစ်‌ဆေးမှုများပြုလုပ်‌နေတာ ‌တွေရှိပါတယ်။ ဒီ‌နေ့မှာ‌တော့ နယ်စပ်ဝင်‌ပေါက်၊ ထွက် ‌ပေါက်များဖြစ်တဲ့ ‌လှေဂိတ်များမှာ ဒီမှာရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းနဲ့ ပူး‌ပေါင်းပြီး ဝင်ထွက်သွားလာသူများကို ကိုယ်အပူချိန်တိုင်း ကိရိယာဖြင့် စမ်းသပ်စစ်‌ဆေးမှုများ ပြုလုပ်‌နေပါတယ်။”ဟု မြဝတီခရိုင် ‌ဆေးရုံတာဝန်ခံ ‌ဒေါက် တာ ရန်နိုင်စိုးက ‌ပြောသည်။

ထိုသို့ စစ်‌ဆေးမှု လုပ်‌ဆောင်ရာတွင် သံသယလူနာများ ‌တွေ့ရှိပါက မြဝတီခရိုင် ပြည်သူ့ ‌ဆေးရုံကြီးတွင် ကျန်မာ‌ရေးစစ်‌ဆေးမှုများ ပြုလုပ်ပြီး လိုအပ်သလို ဆက်လက်‌ဆောင်ရွက်သွားမည်ဟုလည်း ‌ဒေါက်တာ ရန်နိုင်စိုးက ဖြည့်စွက် ‌ပြောသည်။

BGFဗဟို အကြံ‌ပေးနှင့် ကွပ်ကဲ‌ရေးအဖွဲ့မှ ဗိုလ်မှူးနိုင်‌မောင်‌ဇော်ကလည်း “လတ်တ‌လောမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးက ကျ‌နော်နိုင်ငံမှာ မ‌တွေ့‌သေးဘူး။ ‌နောင်လည်းဖြစ်မလာ‌အောင် ကြိုတင် ကာကွယ်တဲ့အ‌နေနဲ့ ဒီလိုနယ် စပ်ဝင် ‌ပေါက်၊ ထွက်‌ပေါက်‌တွေမှာ ကျန်းမာ‌ရေးစစ်‌ဆေးခြင်းများနဲ့ အသိပညာ‌ပေးလုပ်ငန်းများကို သက်ဆိုင်ရာဌာ နများ နဲ့ လိုအပ်သလို ပူး‌ပေါင်း‌ဆောင်ရွက်သွားပါမယ်။ ကျန်းမာ‌ရေးနဲ့ ပတ်သက်တာဆို‌တော့ ဒီကိစ္စမှာ ကျ‌နော်တို့ အ‌နေနဲ့ အမျိုးသား‌ရေး တာဝန်တစ်ရပ်အဖြစ် အားလုံးဝိုင်းဝန်း‌ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ”ဟု ‌ပြောသည်။

Photo: Nay Naw

အာဆီယံနိုင်ငံများ၏ တံခါး‌ပေါက်မြို့‌တော်ဖြစ်‌သော ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် နိုင်ငံတကာ ဝင်‌ပေါက်၊ ထွက်‌ပေါက်အဖြစ် ထိုင်း-မြန်မာနယ်ခြား ‌သောင်ရင်းမြစ်ကို ဖြတ်‌ဖောက်ထား‌သော မြဝတီ-မဲ‌ဆောက် ချစ်ကြည်‌ရေးတံတားကြီး (၂)စင်း ရှိသလို တရားမဝင် ‌လှေဂိတ်‌ပေါင်း (၂၀)ခန့် မှ ဝင်ထွက် သွားလာမှုများလည်း ရှိ‌နေသည်။

၎င်းအပြင် မြဝတီမြို့၏ ‌မြောက်ဘက် ‌ရွှေကိ္ကုတွင် တရုတ်မြို့‌တော်စီမံကိန်းများ ‌ဆောင်ရွက်လျက်ရှိသလို နယ်‌မြေဆက်စပ်မှုအရ မြဝတီမြို့‌ပေါ်နှင့် ‌သောင်ရင်းမြစ်ကမ်းတ‌လျှောက်တွင် တရုတ်နိုင်ငံသာများ တစ် ‌သောင်းနီးပါးခန့် လာ‌ရောက်‌နေထိုင်မှုများရှိသည်ဟု မြို့‌နေပြည်သူများက ခန့်မှန်းထားကြပြီး ယခုလို တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ပြန့်နှံ့လာခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်‌ရောဂါနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိ‌နေသည်ဟု သိရသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာ ဗိုင်းရပ်စ်‌ရောဂါနှင့်ပတ်သက်၍ ယ‌နေ့ ‌ဖေ‌ဖော်ဝါရီ ၂ ရက်‌နေ့ သတင်းထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝှမ်းနိုင်ငံ‌ပေါင်း ၂၇ နိုင်ငံတွင် ‌ရောဂါပိုးကူးစက်သူ စုစု‌ပေါင်း ၁၄,၆၃၇ ဦးရှိပြီး ‌သေဆုံးသူ ၃၀၅ ဦးထိရှိလာပြီးဟု သိရသည်။