Home သတင်း ပြည်နယ်နှင့် တိုင်း U 25 အမျိုးသမီး‌ဘောလုံးပြိုင်ပွဲတွင် ကရင်တိုင်းရင်းသူ ၂ ဦး အ‌ကောင်းဆုံးဆုများရရှိ

ပြည်နယ်နှင့် တိုင်း U 25 အမျိုးသမီး‌ဘောလုံးပြိုင်ပွဲတွင် ကရင်တိုင်းရင်းသူ ၂ ဦး အ‌ကောင်းဆုံးဆုများရရှိ

2751

ဧပြီ ၄ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

၂၀၁၉ ခုနှစ်၊ ပြည်နယ်နှင့်တိုင်း‌ဒေသကြီး အသက် ၂၅ နှစ်‌အောက် အမျိုးသမီး‌ဘောလုံးပြိုင်ပွဲတွင် ကရင်ပြည် နယ်အသင်းကိုယ်စားပြုဝင်‌ရောက်ယှဉ်ပြိုင်ခဲ့သည့် ကရင်တိုင်းရင်းသူ ၂ ဦးမှ အ‌ကောင်းဆုံးဆု ၂ ဆုကို ဆွတ်ခူးရရှိသွား‌ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် ပြိုင်ပွဲတစ်‌လျှောက် အ‌ရှေ့တန်းအ‌ကောင်းဆုံးဆုကို ကရင်ပြည်နယ် U 25 ‌ရှေ့တန်းတိုက်စစ်မှူး အသက် ၁၆ နှစ်အရွယ် နန်းထက်ထက်ဝင်းနှင့် ‌နောက်တန်းအ‌ကောင်းဆုံးဆုကို အသက် ၁၇နှစ်အရွယ် နန်း နှင်းထက်ထက် ‌ဝေတို့က ရရှိသွားခြင်းဖြစ်သည်ဟု အသင်းနည်းပြ ‌ဒေါ်သီတာ‌အေးက ယ‌နေ့( ဧပြီ ၄ ရက်) ‌ပြောသည်။

၎င်းက “ထက်ထက်ဝင်းက ပြီးခဲ့တဲ့ U-16(မြန်မာ အသက် ၁၆ နှစ်‌အောက်အသင်း)တုန်းက နိုင်ငံခြားသွားပြီးမှ ခါးနာလို့ ပြန်လာခဲ့ရတယ်။ နှင်းထက်ထက်‌ဝေလည်း မြန်မာ U-19 မှာတုန်းက ပဏာမ ‌ရွေးချယ်ခြင်း ခံရဖူး တယ်။ အခုလို အ‌ကောင်းဆုံးဆု‌တွေရလာ‌တော့ (မြန်မာ)‌ဘောလုံးအဖွဲ့ချုပ်က မြင်ထားတဲ့ အ‌နေအထား ‌တော့ ရှိတာ‌ပေါ့ ↔ဟု‌ပြောသည်။

ပြည်နယ်နှင့်တိုင်း U 25 အမျိုးသမီး‌ဘောလုံးပြိုင်ပွဲကို မတ်လ ၂၁ ရက်‌နေ့က ‌နေပြည်‌တော်ရှိ ဝဏ္ဏသိဒိ္ဓကွင်း တွင် ပြိုင်ပွဲဖွင့်လှစ်ခဲ့ပြီး ကရင်ပြည်နယ်အသင်းအ‌နေဖြင့် အဖွင့်ပွဲစဉ်အဖြစ် ဧရာဝတီတိုင်း ‌ဒေသကြီး အသင်း နှင့် စတင်ယှဉ်ပြိုင်ကစားခဲ့ရာ ဧရာဝတီတိုင်း‌ဒေသကြီးအသင်းကို ၄ ဂိုး ၂ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။

ယမန်‌နေ့က ‌နောက်ဆုံးကျင်းပသည့် ဗိုလ်လုပွဲစဉ်တွင် ကရင်ပြည်နယ်အသင်းက ရန်ကုန်တိုင်း‌ဒေသကြီး ကို ၃ ဂိုး၊ ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သဖြင့် ဒုတိယဆုနှင့်သာ ‌ကျေနပ်ခဲ့ရ‌သော်လည်း ပွဲစဉ်အပြီးတွင် ကရင်ပြည်နယ်အသင်းမှ အ‌ကောင်းဆုံးအားကစားဆု ၂ ဆုကို ဆွတ်ခူးရရှိခဲ့ခြင်းလည်း ဖြစ်သည်။

ဖားအံမြို့နယ်၊ ‌နောင်လုံဇာတိသူ နန်းထက်ထက်ဝင်းက ̏ ဒုတိယဆုပဲရလို့ အသင်းအတွက် ဝမ်းနည်းမိတယ်။ အ‌ကောင်းဆုံးဆုရ‌တော့ ဝမ်းသာတယ်။ ကရင်ပြည်နယ်မှာ ‌ဘောလုံးသမား မရှားပါဘူး။ ပရိဿတ်အ‌နေနဲ့ ပွဲတိုင်းကို အား‌ပေး‌စေချင်တယ်↔ဟု ‌ကေအိုင်စီသို့‌ပြောသည်။

အသက် ၂၅ နှစ်‌အောက် ကရင်ပြည်နယ် အမျိုးသမီးအသင်းသည် အုပ်စုအဆင့်တွင် ဧရာဝတီတိုင်း၊ ရခိုင်ပြည် နယ်၊ စစ်ကိုင်းတိုင်း၊ ကွာတားဖိုင်နယ်တွင် ကချင်ပြည်နယ်၊ ဆီမီးဖိုင်နယ်တွင် မွန်ပြည်နယ်တို့ကို ရာနှုန်းပြည့် အနိုင်ကစားခဲ့ပြီး ယခုပြိုင်ပွဲသည် ကရင်အမျိုးသမီး‌ဘောလုံးသမိုင်းတွင် အ‌အောင်မြင်ဆုံးဖြစ်သည်ဟု အသင်း တာဝန်ရှိသူများထံမှ သိရသည်။