Home သတင်း ‌တောင်က‌လေး တိုးချဲ့မြို့ပြစီမံကိန်းကို ကရင်ပြည်နယ်လွှတ်‌တော်တွင် အတည်ပြု

‌တောင်က‌လေး တိုးချဲ့မြို့ပြစီမံကိန်းကို ကရင်ပြည်နယ်လွှတ်‌တော်တွင် အတည်ပြု

2857

ဧပြီလ ၃ ရက်၊ ၂၀၁၉ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ် ဖားအံမြို့နယ် စံဖရီး‌ကျေးရွာအုပ်စုအတွင်း ‌တောင်က‌လေးတိုးချဲ့မြို့ပြ အိမ်ရာစီမံကိန်း တစ်ခု ‌ဖော်‌ဆောင်သွားရန် ယ‌နေ့(ဧပြီလ ၃ ရက်)တွင် ကျင်းပသည့် ဒုတိယအကြိမ်‌မြောက် ပြည်နယ်လွှတ်‌တော် ဒသမ ပုံမှန်အစည်းအ‌ဝေး တတိယ‌နေ့တွင် အတည်ပြုလိုက်ပြီဖြစ်သည်။

‌တောင်က‌လေး တိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းနှင့်ပတ်သက်ပြီး ပြည်နယ်လွှတ်‌တော်တွင် အတည်ပြုနိုင်ရန် ကရင် ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာ‌ရေးနှင့်စည်ပင်သာယာ‌ရေးဝန်ကြီး ဦးသန်းနိုင်မှ ဧပြီလ ၁ ရက်‌နေ့တွင် စတင်ကျင်းပ သည့် ဒုတိယအကြိမ်‌မြောက် ပြည်နယ်လွှတ်‌တော် ဒသမ ပုံမှန်အစည်းအ‌ဝေး ပထမ‌နေ့တွင် အဆိုတင် သွင်းခဲ့ ခြင်းလည်း ဖြစ်သည်။

ဝန်ကြီးဦးသန်းနိုင်က “ကျ‌နော်တို့အ‌နေနဲ့က ဒီ‌ဒေသခံပြည်သူ‌တွေထဲက နစ်နာရတဲ့သူ‌တွေအပြင် တန် ၄,၀၀၀၊ တန် ၉၀ဝ (ဘိလပ်‌မြေစက်ရုံစီမံကိန်း‌ကြောင့်) နစ်နာရတဲ့သူ‌တွေအတွက်လည်း စဉ်းစားရတယ်။ ပြီး‌တော့ စက်မှု ဇှုန်ကလည်း အဲဒီမှာရှိတယ်။ အဲဒီက ရင်းနှီးမြုပ်နှံသူ‌တွေ အလုပ်သမား‌တွေ ‌နေထိုင်ဖို့ မြို့ပြတစ်ခုဖြစ်ဖို့လည်း အများကြီးလိုပါတယ်။ ဒီကဝန်ထမ်း‌တွေအတွက်‌ရော၊ ပင်စင်စားဝန်ထမ်း‌တွေအတွက်‌ရော ကြိုစဉ်းစားပြီး‌တော့ မြို့ပြစီမံကိန်းတစ်ခုကို ‌ဖော်‌ဆောင်ရင် ဖားအံစည်ပင်နယ်နိမိတ်က ဒီထက်မက ဖွံ့ဖြိုးတိုးတက်လာမယ်။ အဲဒါ‌တွေအတွက် ရည်ရွယ်ပြီး လုပ်‌ဆောင်တာဖြစ်ပါတယ်” ဟု‌ပြောသည်။

‌တောင်က‌လေး တိုးချဲ့မြို့ပြအိမ်ရာစီမံကိန်း အ‌ကောင်အထည်‌ဖော်မည့် ‌မြေ ၉၂၈.၉၃ ဧကကို ပြည်ထဲ‌ရေးဝန်ကြီး ဌာန အမိန့်‌ကြေညာစာ အမှတ် ၄၇၁/ ၂၀၁၈ ၊ ၂၀၁၈ ခုနှစ် ဧပြီလ ၂၃ ရက်‌နေ့တွင် နိုင်ငံ‌တော်ပိုင်‌မြေအဖြစ် ပြန် လည်သတ်မှတ်လိုက်ပြီး‌နောက် တပ်မ (၂၂) ‌ခြေမြန်တပ်မဌာနချုပ်မှ ကရင်ပြည်နယ် အစိုးရအဖွဲ့ထံ ပြန်လည် လွှဲအပ်ခဲ့ရာ ကရင်ပြည်နယ်အစိုးရကိုယ်စား ဖားအံခရိုင် အုပ်ချုပ်‌ရေးမှူး ဦးဆန်း‌မော်ထံ (၁၂.၆.၂၀၁၈) ရက်‌နေ့ တွင် လွှဲ‌ပြောင်းအပ်နှံ‌ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ‌တောင်က‌လေး တိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းအတွက် ကရင်ပြည်နယ်အစိုးရမှ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂ဝ ရက်‌နေ့တွင် ‌တောင်က‌လေး တိုးချဲ့မြို့ပြအိမ်ရာ စီမံကိန်း တိုးချဲ့‌ရေး‌ကော်မတီဖွဲ့စည်းကာ ယင်း‌ကော်မတီဦး ‌ဆောင်မှုဖြင့် စံဖရီး‌ကျေးရွာအုပ်စုအတွင်းရှိ တပ်မ‌တော်မှ စွန့်လွှတ်‌မြေ ၉၂၈ . ၉၃ ဧက‌ပေါ်တွင် အ‌ကောင် အထည်‌ဖော်‌ဆောင်ရွက်သွားမည်လည်း ဖြစ်သည်။

ထို့သို‌ဖော်‌ဆောင်ရာတွင် ‌မြေ ၉၂၈. ၉၃ ဧက‌ပေါ်၌ ‌ပေ ၆၀-၈ဝ အကွက်‌ပေါင်း ၄၁၆ ကွက်၊ ဧရိယာ အားဖြင့် ၄၅.၈၃ ဧက၊ အကျယ်‌ပေ ၄၀-၆ဝ အကွက်‌ပေါင်း ၅,၆၀၂ ကွက်၊ ဧရိယာအားဖြင့် ၃၀၈.၁၁ ဧက၊ အဆင့်မြင့် အိမ်ရာအတွက် ဧက ၁၀၀၊ လမ်း‌မြေအတွက် ၂၇၄ ဧက၊ စာသင်‌ကျောင်းနှင့် အစိုးရရုံး ဌာနများအတွက် ၈ ဧက၊ သုဿန်‌မြေ ၆ဧက၊ သာသနာ့‌မြေ ၂၂ ဧကနှင့် စံပနုံရွာ‌မြေအဖြစ် ပြန်လည်သတ်မှတ် ‌ပေးမည့် ၂၀၃ ဒသမ ၇၃ ဧကတို့ ဖြစ်သည်။

ထို့အပြင် ယင်းစီမံကိန်းတွင် တန်ဖိုးသင့်အိမ်ရာစီမံကိန်းများလည်း ပါဝင်မည်ဖြစ်ပြီး အဆိုပါ စီမံကိန်း ‌မြေဧက များထဲမှ ‌မြေဧက ၁၀ဝ ‌ပေါ်တွင် SMH ကုမ္ပဏီမှလည်း‌ကောင်း၊ ‌မြေဧက ၂ဝ ‌ပေါ်တွင် Golden ZENITH Construction ကုမ္ပဏီမှ ၄ ခန်းတွဲ ၅ ထပ် အ‌ဆောက်အဦးတန်းဖိုးသင့် အိမ်ရာများအတွက် တရုတ်နိုင်ငံရှိ ကုမ္ပဏီပူး‌ပေါင်းပြီး ပြည်နယ်အစိုးရနှင့်အကျိုးတူ ‌ဆောင်ရွက်သွားမည်လည်း ဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး-KNU မှလည်း ယခုအ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်မည့် တိုးချဲ့အိမ်ရာ စီမံကိန်း ‌ပေါ်တွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ‌ဒေသခံများအတွက် ‌ပေ ၆၀x၁၂ဝ အကျယ်ရှိ ‌မြေ‌နေရာများကို မိသားစု တစ်စုလျှင် တစ်ကွက်နှုန်းဖြင့် ချထား‌ပေးမှုများလည်းရှိခဲ့ရာ ယင်း‌မြေကိစ္စနှင့်ပတ်သက်ပြီး KNU နှင့် ပြည်နယ် အစိုးရတို့ အပြန်အလှန်အငြင်းပွားမှုများရှိခဲ့သလို ‌မြေကွက် ရယူပိုင်ဆိုင်ထားသည့် ‌ဒေသခံများ အ‌နေဖြင့် စိုးရိမ်ပူပန်မှုများလည်း ဖြစ်‌ပေါ်ခဲ့သည်။

အဆိုပါ ကိစ္စများအ‌ပေါ် ဖားအံခရိုင် အုပ်ချုပ်‌ရေးမှူး ဦးဆန်း‌မော်က “ အဲဒီအတွက် နစ်နာမှုအ‌ပေါ်မူ တည်ပြီး ကျ‌နော်တို့က ၆၀/၈၀၊ ၄၀/၆ဝ အကွက်‌တွေထဲက‌နေပြီး မရမရှိပြန်လည် အစားထိုး‌ပေးအပ်သွား မှာဖြစ်ပါ တယ်။ ‌နောက်ပြီး‌တော့ မြိုင်က‌လေး တန် ၄,၀၀ဝနဲ့ တန် ၉၀ဝ ဘိလပ်‌မြေစက်ရုံတည်‌ဆောက်စဉ်ကာလ ‌မြေရာ ပါသွားတဲ့ နစ်နာသွားတဲ့‌တောင်သူ‌တွေကိုလည်း ဒီ‌မြေကွက်‌တွေ‌ပေါ်မှာ နစ်နာမှု ဧကအ‌ပေါ်မူတည်ပြီး ‌တော့ ပြန်လည် အစားထိုးချထား‌ပေး မှာဖြစ်ပါတယ်”ဟု‌ပြောသည်။

ကရင်ပြည်နယ် အစိုးရ အာဏာပိုင်များမှလည်း ‌ဒေသခံများဝယ်ယူထားသည့် အဆိုပါ ‌မြေဧရိယာ‌ပေါ်တွင် ‌ဆောက်လုပ်ထား‌သော အ‌ဆောက်အဦးများနှင့်ခြံစည်းရိုးများကို အင်အားသုံး ရှင်းလင်းမှုများ ရှိခဲ့သည့်အတွက် ‌မြေကွက်ပိုင်ရှင်များမှ မ‌ကျေနပ်မှုများဖြစ်‌ပေါ်ခဲ့သလို ယခုစီမံကိန်းနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရအ‌နေဖြင့် မိမိတို့အား ပွင့်လင်းမြင်သာစွာ ချပြခြင်းမရှိ‌ကြောင်းလည်း ‌ထောက်ပြ‌ဝေဖန်မှုများလည်း ရှိ‌နေသည်။

‌တောင်က‌လေး တိုးချဲ့မြို့ပြအိမ်ရာ စီမံကိန်းအ‌ကောင်အထည်‌ဖော်နိုင်ရန်အတွက် ကရင်ပြည်နယ်အစိုးရမှ ပြည် ‌ထောင်စုအစိုးရ အဖွဲ့ရုံးသို့ တင်ပြခဲ့ရာ လုံခြုံ‌ရေး၊ တည်ငြိမ်‌အေးချမ်း‌ရေးနှင့် တရားဥပ‌ဒေစိုးမိုး‌ရေး ‌ကော် မတီအ စည်းအ‌ဝေး ဆုံးဖြတ်ချက် အပိုဒ် ၅ (ခ)အရ ကရင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် စီမံကိန်း‌ဆောင် ရွက်ခွင့် ကို ‌ကော်မတီက ခွင့်ပြုခဲ့ပြီး‌နောက် နိုင်ငံ‌တော်သမ္မတရုံးမှ ၂၀၁၈ ခုနှစ်၊ ‌အောက်တိုဘာလ ၃ဝ ရက်‌နေ့ ရက်စွဲပါ စာအမှတ် ၅၁၁(၅၈၂)/၁၂/အရ သမ္မတရုံးမှ မူအားဖြင့် သ‌ဘောတူညီ‌ကြောင်း ခွင့်ပြုချက် ရထားပြီးဖြစ်သည် ဟု သိရသည်။