LATEST ARTICLES

‌စောရှား (ဩဂုတ် ၂၂ ရက်၊ ၂ဝ၁၉ခုနှစ်) ကရင်ပြည်နယ်အမျိုးသမီးလက်‌ရွေးစင် ‌ဘောလုံးသမားတစ်‌ယောက်ဖြစ်ဖို့ အိပ်မက်‌တွေနဲ့ ကြိုးစား‌နေတဲ့ ဝင်း‌ရော်သူ ကရင်မိန်းမပျို‌လေးတစ်‌ယောက်ရှိ‌နေပါတယ်။ သူက‌တော့ လက်ရှိ ဖားအံတက္ကသိုလ်မှာ ပထမနှစ် (သတ္တ‌ဗေဒ) အထူးပြုဘာသာရပ်ကို တက်‌ရောက်‌နေတဲ့ အသက် ၁၈နှစ်အရွယ် နန်း‌ဖော့‌သောင်ကျာ(နာန်.ဖဝ့်သုဂ်ကျာ) ဖြစ်ပါတယ်။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်‌ဒေသ၊ ဒုံလီ(မြို့‌ဟောင်း)ရွာ ဇာတိက‌နေ ဖားအံမြို့ကို ပညာ သင်ဖို့ ‌ရောက်ရှိလာတဲ့ ‌ဖော့‌သောင်ကျာဟာဆိုရင် မူလတန်း‌ကျောင်းသူဘဝကတည်းက ‌ဘောလုံးကန်ဖို့ စိတ်ပါ ဝင်စားခဲ့တာပါ။ ၇ တန်းကစပြီး ရွာထဲက သူငယ်ချင်း(မိန်းက‌လေး၊...
ဇွန် (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးသထူခရိုင်၊ တပ်မဟာ (၁) နယ်မြေ၊ ဘီးလင်းမြို့နယ်ရှိ ရွေတူးဖော်ရေးလုပ်ငန်းခွင်နေရာများကို ဇွန်လ ၂၂ ရက်နေ့မှ ဇွန်လ ၂၄ ရက်နေ့အထိ သုံးရက်ဆက်တိုက် စစ်အုပ်စု လေယာဥ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အလုပ်သမား (၁) ဦး သေဆုံးပြီး (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ တပ်မဟာ(၁)ဘက်က ပြောသည်။ ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့ နေ့လည် ၁၂ နာရီမှ ညနေ...
ဇွန် (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ခလယ်လွီထူ/ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃)နယ်မြေတွင် ပြီးခဲ့သည့် မေလ တစ်လတာအတွင်း စစ်အုပ်စု၏ မြေမြှုပ်မိုင်း၊ လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုကြောင့် အရပ်သား(၅) ဦးသေဆုံးပြီး (၁၈) ဦးဒဏ်ရာရရှိသွားကြောင်း ခရိုင်၏ လချုပ်စာရင်းအရ သိရသည်။ မုန်း၊ ကျောက်ကြီးနှင့် ရွှေကျင်မြို့နယ်တို့တွင် တစ်လအတွင်း စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားမှုမရှိသည့်ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်မှု (၂၃) ကြိမ်၊ ဒရုန်းတိုက်ခိုက်မှု (၇၆) ကြိမ်၊ လေယာဥ်အသုံးပြုပစ်ခတ်မှု (၅) ကြိမ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ စစ်လက်နက်ကြောင့် သေဆုံးသူများတွင် အမျိုးသမီး(၂)ဦးနှင့်အမျိုးသား(၅)ဦး...
ဇွန် (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့လယ်ရှိ တိုက်ခန်းတစ်ခုကို ဇွန်လ(၂၃)ရက်နေ့ နံနက်(၈း၀၀)နာရီဝန်းကျင်တွင် ထိုင်းအာဏာပိုင်များ ဝင်ရောက်စစ်ဆေးရာ တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သည့် မြန်မာနိုင်ငံသား(၇)ဦးအပါအဝင် စုစုပေါင်း(၉)ဦး ဖမ်းဆီးခံရကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန သတင်းထုတ်ပြန်သည်။ ထိုင်းနိုင်ငံသားမဟုတ်သည့် နိုင်ငံခြားသားအများအပြားငှားရမ်းနေထိုင်သည့် တိုက်ခန်းတစ်ခုအတွင်းသို့ ကွန်ပျူတာအပါအဝင် အီလက်ထရွန်နစ် စက်ပစ္စည်းအများအပြားသယ်ဆောင် နေထိုင်လျက်ရှိသည့် တိုင်ကြားချက်ကြောင့် အာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူ(၉)ဦးအနက် မြန်မာနိုင်ငံသား (၇)ဦးပါဝင်ပြီး ၎င်းတို့တွင် အထောက်အထားမရှိသူ (၁)ဦး၊ ယာယီနယ်စပ်ဖြတ်ကျော်ခွင့် (Temporary...
ဇွန် (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်ထဲရှိ မဲ့ကိုကင်းရွာ ထိုင်းအစိုးရစာသင်ကျောင်းသို့ မြန်မာဘက်ခြမ်း လက်နက်ကိုင်တိုက်ပွဲအတွင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကျည်ကျရောက်ထိမှန်အပြီး ထိုင်းစစ်တပ်မှ သောင်ရင်းမြစ်ကမ်းနား လုံခြုံရေးကို တိုးမြှင့်လိုက်ကြောင်း နယ်စပ်သတင်းအရင်းအမြစ်မှ သိရသည်။ ပြီးခဲ့သည့် ဇွန်လ(၂၁)ရက်၊ တနင်္ဂနွေနေ့ညပိုင်းတွင် မြန်မာနိုင်ငံ၊ မင်းလက်ပံရွာနှင့် မျက်နှာချင်းဆိုင်ရှိနေသည့် မဲ့ကိုကင်းရွာ စာသင်ကျောင်းအဆောက်အအုံသို့ လက်နက်ကျည်ကျရောက်ထိမှန်ခဲ့၍ ဇွန်လ (၂၂)ရက်နေ့မှစပြီး ကျောင်းယာယီပိတ်ထားရသည်။ ယင်းနောက် ထိုင်းအာဏာပိုင်များက သောင်ရင်းမြစ်ကမ်းနံဘေးတစ်လျှောက် လုံခြုံရေးတိုးမြှင့်ချထားသည်ဟု မဲ့ကိုကင်းရွာနေထိုင်သူများက ပြောသည်။ “တနင်္ဂနွေနေ့ညနေကတည်းက ဟိုဘက်မှာဖြစ်ကြတာအကြီးအကျယ်ပဲ။ မဲ့ကိုကင်းကျောင်းက ကုန်းပေါ်မှာဆိုတော့...
ဇွန် (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း ထိုင်းဘတ်ငွေအတုသုံးစွဲသူ(၂)ဦးအား လက်ဝယ်တွေ့ရှိသည့် စုစုပေါင်းဘတ်ငွေတန်ဖိုး(၄၉၀,၀၀၀)နှင့်တကွ ကရင်နယ်ခြားစောင့်တပ်/ကရင်အမျိုးသားတပ်မတော်-BGF/KNA က ဖမ်းဆီးပြီး မြဝတီစစ်အုပ်စုထံ လွှဲပြောင်းအပ်နှံလိုက်ကြောင်း သိရသည်။ အဆိုပါဘတ်ငွေအတုများမှာ ထိုင်းနိုင်ငံဘက်မှတဆင့်တင်သွင်းလာသည်ဟု BGF/KNA က ယူဆသလို ငွေအတုသုံးစွဲသူ(၂)ဦးကိုလည်း ဇွန်လဒုတိယအပတ်ထဲတွင် ဖမ်းဆီးပြီး မြဝတီမြို့မရဲစခန်း စစ်အုပ်စုထံအပ်နှံခဲ့သည်ဟု အဖွဲ့ပြောခွင့်ရ ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောသည်။ ဒေသတွင်းသတင်းမီဒီယာတစ်ခုတွင်မူ ငွေအတုအမှုကျူးလွန်သူများကို မြဝတီမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်မှတဆင့် စုံစမ်းနိုင်ခဲ့ခြင်းဖြစ်၍ ၎င်းတို့(၂)ဦးလုံးမှာ ကရင်ငြိမ်းချမ်းကောင်စီ-PC အဖွဲ့ဝင်များဖြစ်ကြောင်း သတင်းထွက်ပေါ်နေခြင်းရှိသည်။ PC...
ဇွန် (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် ပါဝင်လာမည့် ကော်သူးလေဖက်ဒရယ်ယူနစ်ပေါ်ထွန်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှုအားကောင်းကောင်းဖြင့် ကျရာအခန်းကဏ္ဍမှ ကြိုးပမ်းလုပ်ဆောင်သွားကြရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်အရပ်ဖက်အဖွဲ့များအကြား ဆွေးနွေးညှိနှိုင်းပွဲမှ သဘောတူခဲ့ကြကြောင်း သိရသည်။ ကေအဲန်ယူနှင့် ကရင်အရပ်ဖက်အဖွဲ့အစည်း(၂၆)ဖွဲ့ပါဝင်သည့် ဆွေးနွေးညှိနှိုင်းပွဲတစ်ရပ်ကို ပြီးခဲ့သည့် ဇွန်လ(၁၅)ရက်မှ (၁၈)ရက်နေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးနှင့် ဆက်စပ်သော နိုင်ငံရေးအရွေ့အပြောင်း အခြေအနေများကို ဆွေးနွေးခဲ့ကြသည်ဟု ကေအဲန်ယူ-ဗဟိုက ယနေ့ထုတ်ပြန်သည်။ ထိုဆွေးနွေးပွဲကို အချင်းချင်းကြားပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေရန် ရည်ရွယ်ပြုလုပ်သလို ကော်သူးလေဖက်ဒရယ်ယူနစ် တည်ဆောက်ရာတွင်လည်း နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စည်းရုံးရေး စသဖြင့် ကဏ္ဍအသီးသီး၌...
ဇွန် (၂၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်ရှိ စစ်အုပ်စုတပ်စခန်းကို ဇွန်လ(၂၀)ရက်နေ့တွင် KNLA မှ တိုက်ခိုက်ပြီး လက်နက်(၃)လက် သိမ်းယူနိုင်ခဲ့သလို စစ်အုပ်စုတပ်ဖွဲ့ဝင်(၁၆)ဦးမှာလည်း ဇွန်လဒုတိယအပတ်အတွင်း လယ်ဒိုမြို့နယ် KNDO ထံသို့ ဘက်ပြောင်းခိုလှုံခဲ့ကြောင်း ကေအဲန်ယူ ထုတ်ပြန်ချက်အရ သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၂၀) ရက်နေ့ ည ၁၁ နာရီဝန်းကျင်တွင် မူးမြို့နယ်၊ ဒိုးဒိုကျေးရွာအတွင်းတပ်စွဲထားသည့် စစ်အုပ်စု၏ ခြေမြန်တပ်ရင်း ခမရ (၄၃၉) တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း...
ဇွန် (၂၂)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆) ဝင်းရေးမြို့နယ်ထဲရှိ အနန်းကွင်း စစ်အုပ်စုဗျူဟာစခန်းမှ ယမန်နေ့ ဇွန်လ (၂၁)ရက်နေ့တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝင်းခနရွာရှိ အမျိုးသမီး(၃)ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ယမန်နေ့ ညနေ (၅)နာရီဝန်းကျင်တွင် အဆိုပါ အနန်းကွင်းစစ်ဗျူဟာတပ်စခန်းမှ လက်နက်ကြီး(၈)လုံးပစ်ခတ်ခဲ့၍ ဝင်းခနရွာနှင့် ပန်းအောင်ရွာထဲသို့ကျရောက်ပေါက်ကွဲပြီး လူနေအိမ်ထိခိုက်မှုအပြင် ဝင်းခနရွာရှိ ညီအစ်မ(၃)ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများကပြောသည်။ “မနေ့က ညနေ(၅)နာရီကျော်ကျော်မှာ ပစ်တယ်။ ရွာထဲမှာကျတော့ သူများအိမ်ခြံထဲက အုန်းပင်တွေထိပြီး အဲဒီအစနဲ့ နော်လေးလေးမူနဲ့...
ဇွန် (၂၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ သတင်းပညာအရည်အသွေးမြင့်တင်ရန်၊ သတင်းသမားများဘေးကင်းလုံခြုံစွာ သတင်းယူနိုင်ရန်နှင့် မီဒီယာကျင့်ဝတ်များ ရေးဆွဲကျင့်သုံးနိုင်ရန်အတွက် ရခိုင်သတင်းသမားများပါဝင်သော အာရက္ခမီဒီယာကောင်စီ-APC ကို ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ဇွန်လ(၂၂)ရက်တွင် ထုတ်ပြန်သည်။ ပြည်တွင်း၊ ပြည်ပမှ လွတ်လပ်သောရခိုင်သတင်းသမား (၃၃) ဦး ပါဝင်ဆုံးဖြတ်မှုဖြင့် ဇွန်လ(၁၄)ရက်နေ့က အစည်းအဝေးတွင် APC ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ရေရှည်ခိုင်မာပြီး လွတ်လပ်သည့်အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်သွားမည်ဖြစ်ကြောင်း သိရသည်။ “လက်ရှိ ကျနော်တို့က ရခိုင်သတင်းသမားတွေကို အခြေခံတယ်ပေါ့နော်။ ကော်မတီမှာ ရခိုင်သတင်းသမား(၃၃)ယောက်ပါတယ်။ ရခိုင်ပြည်ထဲမှာ ပြည်ပမှာနဲ့...
ဇွန်လ ၂၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ/ညောင်လေးပင်ခရိုင်၊ လယ်ဒို/ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်အုပ်စုတပ်၏ မကြာခဏဆိုသလို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု လုပ်ဆောင်လျက်ရှိသောကြောင့် လယ်ယာစိုက်ပျိုးရန် အခက်အခဲ ကြုံနေရသည်ဟု ဒေသခံစစ်ရှောင်တောင်သူများ၏ ပြောပြချက်အရ သိရ သည်။ လက်ရှိ နယ်မြေမတည်ငြိမ်သည့်အပြင် လုံခြုံမှုမရှိသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာဒေသခံများသည် မိုးစပါးစိုက်ပျိုးချိန်ကာလ ရောက်လာသော်လည်း စစ်အုပ်စုတပ်ဖွဲ့ဝင်များမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေသောကြောင့် စိုက်ပျိုး လုပ်ကိုင်ရာတွင် အခက်အခဲများကို ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။ “လယ်ထဲ သွားရင် လက်နက်ကြီးသံတွေကို...