ဇွန်လ ၅ ရက်၊ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ) နအဖနှင့် ဒီ‌ကေဘီ‌အေ ပူး‌ပေါင်း တပ်ဖွဲ့သည် ဇွန် လဆန်းပိုင်း မှစ၍ ကရင်အမျိုးသား အစည်းအရုံး (‌ကေအဲန်ယူ) ၏ တပ်မဟာ (၇) နယ်‌မြေကို ထိုးစစ်ဆင် တိုက်ခိုက် လာသည့်အတွက် ကရင် ရွာသူ ရွာသား ၂၀၀ဝ ‌ကျော် ထိုင်းဘက်ကမ်းသို့ ထွက်‌ပြေး တိမ်း‌ရှောင် ‌နေရသည်။ မိသားစုအလိုက် ထွက်‌ပြေးလာ‌သော အဆိုပါ ရွာသားများသည် ဖားအံခရိုင်၊ ပိုင်ကျုံ မြို့နယ်ရှိ ဝါးမီကလား‌ကျေးနယ်၊ မဲလာအာခီး၊ မဲလာအာထ၊...
‌မေလ ၁၉ရက်၊ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ) တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မ‌တော် (ဒီ‌ကေဘီ‌အေ) ကို နယ်ခြား‌စောင့်တပ်အဖြစ် သတ်မှတ်ထားသည့် စစ်သည်အင်အား ၄၀၀၀ဝ ပြည့်‌အောင် စု‌ဆောင်း သွားရမည်ဟု ‌မေလ ၁၇ရက်‌နေ့က ပြီးစီးသွားခဲ့သည့် တပ်မဟာ(၉၉၉)၏ တပ်ရင်းများ အစည်းအ‌ဝေးတွင် ဆုံးဖြတ် ခဲ့ကြသည်ဟု ကရင်သတင်းစဉ်က စုံစမ်းသိရှိရသည်။ မြဝတီ မြို့နယ် ‌ရွှေကုက္ကိုလ် ‌ကျေးရွာ၏ ခမ်းမ‌ဆောင်တွင် ‌မေလ (၁၃) ရက်‌နေ့မှ (၁၇)ရက်‌နေ့အထိ ငါးရက်ကြာ ကျင်းပသည့် ဒီ‌ကေဘီ‌အေ တပ်မဟာ(၉၉၉)၏ တပ်ရင်း‌ပေါင်းစုံ...
နန်းထူးစံ (‌ကေအိုင်စီ) ဇွန်လ (၃၀)ရက် နယ်စပ် တိုက်ပွဲ‌ကြောင့် ထွက်‌ပြေး ‌ရောက်ရှိလာသည့် စစ်‌ပြေး ကရင် ဒုက္ခသည် များအတွက် ထိုင်း-မြန်မာ နယ်စပ်ရှိ ထီးနူခို့‌ဒေသတွင် ယာယီဒုက္ခသည် စခန်းတခု ဖွင့်လှစ်ရန် ထိုင်းအာဏာပိုင် များနှင့် ကူညီ ‌စောင့်‌ရှောက်‌ရေး အဖွဲ့အစည်းမှ တာဝန်ရှိသူ များက စီစဉ်‌နေပြီ ဖြစ်‌ကြောင်း သိရသည်။ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ထာ့‌ဆောင်ယန်း မြို့နယ်ရှိ နိုဘိုး၊ အူးသူးထာ့၊ မဲ့တရီ ‌ကျေးရွာများတွင် ‌ရောက်ရှိ‌နေထိုင်ကြသည့် ကရင်ဒုက္ခသည်များကို ထီးနူခို့တွင် ‌ပြောင်း‌ရွှေ့ ‌နေရာချထားရန် ထိုင်းအာဏာပိုင်တို့၏...
နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ) ဇွန် ၁၅၊ ၂၀၀၉ တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်ဖွဲ့ (DKBA)သည် ဇွန်လ (၁၄)ရက်‌နေ့က ကရင် အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၇) လက်‌အောက်ခံ တပ်ရင်း ၃ ရင်း ‌နေရာသို့ ဝင်‌ရောက်ခဲ့ပြီး တပ်ရင်း(၂၁) စခန်း ‌နေရာကို ဝင်‌ရောက် မီးရှို့ခဲ့သည်ဟု သိရသည်။ ထို‌နေ့ မွန်းလွဲ (၂)နာရီခန့်တွင် KNLA တပ်ရင်း (၂၂)၊ တပ်ရင်း(၁ဝ၁) နှင့် DKBA (၉၉၉) တပ်ဖွဲ့ဝင်များ...
နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ) ဇွန် ၂၆၊ ၂၀၀၉ တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မ‌တော် (DKBA) တပ်မဟာ(၉၉၉)၏ တပ်ရင်းမှူး တဦး ဖြစ်သူ ဒုဗိုလ်မှူးကြီးစံပြုံး (ဗိုလ်ဆန်ပြုတ်)သည် ဇွန်လ (၂၆)ရက်‌နေ့ ယ‌နေ့တွင် ‌ရေလမ်းခရီး၌ ခြုံခို တိုက်ခိုက်ခံရ၍ ပွဲချင်းပြီး ‌သေဆုံးသွားသည်ဟု နယ်စပ်မှလာသည့် သတင်းများအရ သိရသည်။ ၎င်းသည် ယမန်နှစ်က KNU အတွင်း‌ရေးမှူးချုပ် ပဒိုမန်းရှာလားဖန်းကို လုပ်ကြံသူများထဲတွင် ပါဝင်‌ကြောင်း ထင်‌ကြေး‌ပေးခံရသူဖြစ်သည်။ ယ‌နေ့နံနက် (၈း၄ဝ)နာရီ အချိန်တွင် DKBA တပ်ဖွဲ့ဝင်များသည် မြဝတီမြို့၊ ‌ရွှေကုက္ကို‌ကျေးရွာတွင်...
‌နော်ဝသန် (‌ကေအိုင်စီ)‌မေလ ၁၉၊ ၂၀၀၉ အင်းစိန်အကျဉ်း‌ထောင်တွင် တရားစွဲဆိုခံထားရသည့် မြန်မာ့ ဒီမိုက‌ရေစီ ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည် လွတ်‌မြောက်‌ရေး အတွက် ထိုင်း-မြန်မာနယ်စပ် အ‌ခြေစိုက် လူထု အ‌ခြေပြု အဖွဲ့အစည်းများ(စီဘီအို)က စု‌ပေါင်းဦး‌ဆောင်၍ ယ‌နေ့နံနက်တွင် ဝတ်ပြု ဆု‌တောင်းပွဲ တခု ပြုလုပ် ကျင်းပခဲ့ကြသည်။ အဆိုပါဆု‌တောင်းပွဲကို လူထု ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် နို်င်ငံ‌ရေး အကျဉ်းသား အားလုံးကို စစ်အစိုးရက ပြန်လွှတ်‌ပေးရန် ရည်ရွယ်၍ ပြုလုပ်ရခြင်း ဖြစ်သည် ဟု ကရင် အမျိုးသမီး အစည်းအရုံး(‌ကေဒဗလျူအို) အ‌ထွေ‌ထွေ...