Home သတင်း လှိုင်းဘွဲမြို့ ကျုံပကိုရွာတွင် သပိတ်စစ်‌ကြောင်းတစ်‌လျှောက် မှတ်တမ်းယူ၊ သတိ‌ပေးခံရ

လှိုင်းဘွဲမြို့ ကျုံပကိုရွာတွင် သပိတ်စစ်‌ကြောင်းတစ်‌လျှောက် မှတ်တမ်းယူ၊ သတိ‌ပေးခံရ

1301

မတ်လ ၁၃ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ကျုံပကို‌ကျေးရွာတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်‌ရေးဆန္ဒပြပွဲကို မတ်လ ၁၃ရက် ‌နေ့ မနက်တွင် ပြုလုပ်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်ဟု ယူဆရသူနှစ်ဦးက သပိတ်စစ်‌ကြောင်းကို မှတ်တမ်းရိုက်ယူခြင်း၊ ‌မေးမြန်း ခြင်းများ ပြုလုပ်ခဲ့‌ကြောင်း သိရှိရသည်။

ရွာသားတစ်ဦးက “အဲဒီလူနှစ်‌ယောက်‌တော့ အဓိက ဓာတ်ပုံမှတ်တမ်း လိုက်ရိုက်တယ်။ သပိတ်စစ်‌ကြောင်း‌နောက် တ‌ကောက်‌ကောက်လိုက်တယ်။ ပြီး‌တော့ ‌တွေ့တဲ့ ‌ဘေးနားက လူကို ဘာ‌ပြောလဲဆို‌တော့ ကိုဗစ်စည်းကမ်းနဲ့လည်း မညီဘူး။ လူစုလူ‌ဝေးနဲ့ဖြစ်‌နေတယ်။ ကိုဗစ်နဲ့မငြိရင်‌တောင် ငြိမ်းစုစီနဲ့သွားငြိ‌နေတယ်။ လူစုခွဲ‌ပေါ့‌နော်။ ဒါ မလုပ်သင့် ဘူး။ တရားဥပ‌ဒေနဲ့မညီဘူး ဆိုပြီး လာ‌ပြောတယ်။”ဟု ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

ထိုသူနှစ်ဦးအနက် မိမိကိုယ်ကို ဒုရဲအုပ်ဟု ဆိုသူတစ်ဦးက ‌ခြောက်လုံးပြူး‌သေနတ်ကို ကား‌မောင်းသည့်‌နေရာ၏ ‌ဘေးခုံ ‌ပေါ်တင်ထားပြီး အခြားတစ်ဦးမှာ ပစ္စတို‌သေနတ်ကို လွယ်အိတ်ထဲတွင်လည်း‌ကောင်း၊ တုတ်နှင့် ရဲဖိနပ်ကိုမူ ၎င်းတို့၏ ကားထဲတွင် ထည့်ထား‌ကြောင်း ကိုယ်တိုင်မြင်‌တွေ့ခဲ့သူများ၏ ‌ပြောပြချက်အရ သိရသည်။

အင်အား ၆၀ဝနီးပါးရှိသည့် အဆိုပါ သပိတ်စစ်‌ကြောင်းမှာ ကျုံပကိုလမ်းမမှ ကြို့‌ချောင်း‌ကျေးရွာအထိ လမ်း‌လျှောက် ဆန္ဒ ထုတ်‌ဖော်ရာတွင် Honda fit ကားအနီ‌ရောင်ဖြင့် လိုက်ပါရင်း မှတ်တမ်းဓာတ်ပုံများ ရိုက်ယူခဲ့ခြင်းဖြစ်သည်ဟု ပါဝင်သူများက ‌ပြောဆိုသည်။

သပိတ်စစ်‌ကြောင်းမှာ မနက် ၈နာရီခန့်တွင် စတင် လမ်း‌လျှောက်ချီတက်ပြီး ကြို့‌ချောင်းရွာအ‌ရောက်တွင် ‌ဟော‌ပြောပွဲ မိန့်ခွန်း မစတင်မှီ ဆန္ဒပြသူများကို လာ‌ရောက်‌မေးမြန်းခဲ့သည်။

ယင်းမှတ်တမ်းလိုက်ရိုက်ယူသူနှစ်ဦးမှာ နံပါတ်တုတ်နှင့် ‌သေနတ်များ ယူ‌ဆောင်လာသည့်အတွက် မည်သည့်အဖွဲ့က ဖြစ်‌ကြောင်း သပိတ်စစ်‌ကြောင်း ပါဝင်သူများက ‌မေးမြန်းခဲ့ကြပြီး အချို့မှာ ‌ကျေနပ်မှုများ မရှိခဲ့သည့်အ‌ပေါ် အ‌ခြေအ ‌နေကို နယ်‌မြေအ‌ခြေစိုက် နယ်ခြား‌စောင့်တပ်(BGF) အရာရှိတစ်ဦးက ညှိနှိုင်း‌ပြောဆို‌ပေးခဲ့သည်ဟု သိရသည်။

လှိုင်းဘွဲမြို့နယ်ရှိ ကျုံပကိုရွာသည် စစ်အာဏာရှင်စနစ် ဆန့်ကျင်‌ရေးဆန္ဒပြပွဲကို ယ‌နေ့ ပထမဆုံးအကြိမ် ပြုလုပ်ခြင်း ဖြစ်သည်။