ဇွန် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စုတွင် ယမန်နေ့(ဇွန်လ ၁၈ ရက်နေ့)က လေယာဥ်ဗုံးကြဲခံရပြီးသေဆုံးခဲ့သူအချို့အား ဈာပနပြုလုပ်လျက်ရှိရာ ယနေ့ ထပ်မံဗုံးကြဲခံရ၍ ထိခိုက်မှုရှိကြောင်း ကျိုက်ထိုဒေသခံများကပြောသည်။
ယမန်နေ့က ကျောက်ဖျာအုပ်စု၊ ချောင်းစောင့်ရွာ၊ ဈေးဆိုင်နေရာသို့ စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀)ဗုံးကြဲသွားခြင်းဖြစ်ပြီး ရွာသားအပါအဝင် ဒေသခံ(၄)ဦးထက်မနည်း သေဆုံးခဲ့သည်။
ယင်းနောက် သေဆုံးသူအချို့အား ဆင်တွင်းကျေးရွာဘက်တွင် သင်္ဂြိုလ်ခြင်းအစီအစဥ်ဖြင့် ဈာပနပြုလုပ်ရန် ယနေ့ မနက်(၁၀)နာရီခွဲဝန်းကျင်အချိန်တွင် လေယာဥ်ထပ်မံဗုံးကြဲတိုက်ခိုက်၍ ထိခိုက်သူလည်းရှိသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် ဒေသခံအမျိုးသမီးက...
ဇွန် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံနှင့် မြဝတီကိုဆက်သွယ်ထားသည့် အာရှလမ်းမကြီးပေါ်ရှိ တံတားကျိုးစစ်ဆေးရေးဂိတ်တွင် စစ်အုပ်စုက ကုန်သွယ်၊ ခရီးသွားမော်တော်ယာဉ်များထံမှ ကားအမျိုးအစားပေါ်မူတည်၍ ငွေကြေးကောက်ခံမှု သိန်းနှင့်ချီအထိ ရှိနေကြောင်း ခရီးသွား ယာဥ်မောင်းများကပြောသည်။
အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်သည့် ဧပြီလ(၂)ရက်နေ့နောက်ပိုင်း အဆိုပါတံတားကျိုးဂိတ်တွင် စစ်အုပ်စုတပ်ဖွဲ့ဝင်များ ပြန်လည်ဂိတ်ထိုင်နေပြီး အိမ်စီးယာဥ်၊ ခရီးသည်တင်ယာဥ်နှင့် ကုန်တင်မော်တော်ယာဥ်ဟူ၍ သတ်မှတ်ချက်မရှိဘဲ ကျပ်ငွေ သောင်းဂဏန်းမှ သိန်းဂဏန်းအထိ ကောက်ခံပေးဆောင်နေရခြင်းဖြစ်သည်ဟု ဖားအံ-မြဝတီ ယာဥ်မောင်းတစ်ဦးကပြောသည်။
"လမ်းခရီးမလွယ်ကူရတဲ့ကြားထဲ ဒီတံတားကျိုးဂိတ်မှာ ကားအမျိုးအစားအလိုက် ငွေကြေးကောက်ခံတာတွေက တော်တော်လေးများလာတယ်။ သူတို့တောင်းတာ...
ဇွန် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံမှအရင်းခံလာသည့် သတ္တုတွင်းစွ့န်ပစ်ပစ္စည်းများကို မဖြေရှင်းပါက နယ်စပ်ဖြတ်ကျော်လာပြီး ထိုင်းနိုင်ငံအတွင်းရှိ မြေရေများညစ်ညမ်းနေမှုကို တားဆီးရန်ခက်ခဲကြောင်း ထိုင်းနှင့် အမေရိကန်အခြေစိုက် သဘာဝပတ်ဝန်းကျင်ပညာရှင်များက သုံးသပ်သည်။
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်တွင်ရောက်ရှိနေသော အမေရိကန် တက္ကဆက်နည်းပညာတက္ကသိုလ်မှ ပါမောက္ခ Danny Reible နှင့် ထိုင်းသုတေသနပညာရှင်များ ပူးပေါင်းကာ ချင်းရိုင်အပါအဝင် ချင်းမိုင်ခရိုင်အတွင်းရှိ မြစ်များ အဆိပ်သင့်မှုကို ကွင်းဆင်းလေ့လာခဲ့ပြီးနောက် တွေ့ရှိချက်အရ သုံးသပ်ပြောဆိုခြင်းဖြစ်သည်ဟု ထိုင်းမီဒီယာအချို့က ဖော်ပြသည်။
မြစ်ရေညစ်ညမ်းမှုကိုတားဆီးရန် မြန်မာနိုင်ငံရှိ သတ္တုလုပ်ငန်းများမှထွက်လာသော စွန့်ပစ်ပစ္စည်းပြဿနာကိုဖြေရှင်းရေးက အရေးကြီးဆုံးဖြစ်သည်ဟု...
ဇွန် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူခရိုင်၊ တပ်မဟာ(၁) ကျိုက်ထိုမြို့နယ် ကျောက်ဖျာကျေးရွာအုပ်စုရှိ သဝေါသော(ချောင်းစောင့်)ရွာထဲသို့ ယမန်နေ့ ဇွန်လ (၁၈)ရက်နေ့က စစ်အုပ်စုတပ်မှ ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား (၄)ဦးသေဆုံးပြီး (၁)ဦးဒဏ်ရာရရှိကြောင်း သိရသည်။
ယမန်နေ့ နေ့လယ် (၁၂)နာရီအချိန်ခန့်တွင် ပြည်သူလူထုများနေထိုင်သည့် ချောင်းစောင့်ရွာအတွင်းရှိ ကုန်စုံဆိုင်ကို စစ်အုပ်စုမှ ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀)ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ပိုင်ရှင်အပါအဝင် စျေးလာဝယ်သူ (၃)ဦး သေဆုံးသွားကြောင်း ဒေသခံများကပြောသည်။
သေဆုံးသူများအနက် အသက်(၃၈)နှစ်အရွယ် ဆိုင်ရှင်အမျိုးသားဖြစ်သူ စောကျော်တင့်မှာ နေရာတွင်ပင်...
ကေအဲန်ယူ တပ်မဟာ(၅) ဗျူဟာမှူး စောထူးကရှော၏ ဈာပနရုပ်သံဖိုင်အဟောင်းကို သုံး၍ စစ်အုပ်စုအချိန်ကိုက် ဝါဒဖြန့်
ဇွန် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။
KIC, The Red Flag/MFCN
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ(၅) ဗျုဟာမှူး စောထူးကရှော၏ ဈာပနရုပ်သံဖိုင်ကို အသုံးပြုပြီး ဇွန်လ(၁၅)ရက်နေ့က စစ်အုပ်စုမှဝါဒဖြန့်မှုများ ပြုလုပ်လာသည်။
“KNLA တပ်မဟာ (၅) က ဗျူဟာမှူးအဆင့်ရှိသူပါ အကုန်သေ၊ သူပုန်ထရင် အဲ့လို သေရမည်။” စာသားဖြင့် ကွယ်လွန်သူ စောထူးကရှော၏ ဈာပနသို့ လက်ရှိ KNLA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး...
ဇွန်လ ၁၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဖာပွန်ဒေသကို စစ်ကြောင်းထိုးနေသည့် အာဏာသိမ်းစစ်တပ်စစ်ကြောင်းသည် ကမမောင်း-ကတိုင်တိ လမ်းမရှိ ဘောကျို့ထ ကျေးရွာတွင် ဒေသခံရွာသား ၃၂ ဦးကို ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့ကတည်းက ကျေးရွာ အတွင်း ဖမ်းဆီးထိန်းသိမ်း ထားပြီး ယနေ့အချိန်ထိ ပြန်မလွတ်ပေးသေးကြောင်း ဒေသခံနှင့် ကေအဲန်ယူ တာဝန်ရှိသူများ ထံမှ သိရသည်။
ဖာပွန်ဒေသကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ရန် အင်အားအလုံးအရင်းဖြစ် မြေပြင်စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ကေအဲန်ယူ တပ်မဟာ(၅) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏...
ဇွန် (၁၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်သစ်ပါတီ-NMSP ထိန်းချုပ်နယ်မြေ၊ ရေး-ချောင်းဖျားဒေသ ချောင်းနှစ်ခွထဲက စစ်ဘေးရှောင်နေရာကို ယနေ့ ဇွန်လ(၁၈)ရက်၊ မနက်(၁)နာရီဝန်းကျင်မှာ စစ်အုပ်စုလေယာဥ်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နေအိမ်များပြိုကျပျက်စီးသွားကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။
ဂျပန်နိုင်ငံ၊ နိပွန်ဖောင်ဒေးရှင်း၏ အထောက်အပံ့ဖြင့်ဆောက်လုပ်ထားသည့် စစ်ဘေးရှောင်အိမ်များရှိရာကို စစ်အုပ်စု လေယာဥ်ဖြင့် ဗုံးကြဲချသွားခြင်းဖြစ်ပြီး အိမ်များပျက်စီးမှုရှိသော်လည်း လူအထိအခိုက်မရှိဟု ရေးမြို့နယ်ရှိ ဒေသခံအချို့ကပြောသည်။
“ညတုန်းက ဗုံးသွားကြဲတဲ့နေရာက မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေလို့ပဲပြောရမယ်။ ရေး-ချောင်းဖျား၊ ချောင်းနှစ်ခွပေါ့။ အထိအခိုက်တစ်ယောက်မှမရှိဘူး။ အဲဒီမှာရှိတဲ့အဆောက်အဦးတွေထိသွားတယ် ဗုံးကခြံတို့ဘာတို့မှာလည်း ကျတယ်” ဟု ရေး ဒေသခံတစ်ဦးက ပြောသည်။
စစ်ဘေးရှောင်နေရာတွင်နေထိုင်သူများမှာ...
ဇွန်လ ၁၈ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ ရာချ်ဘူရီခရိုင် ထမ့်ဟင် ကရင်ဒုက္ခသည်စခန်းရှိ ဒုက္ခသည်များအတွက် နေထိုင် အလုပ်လုပ်ကိုင်ခွင့်ရှိသည့် သက်သေခံကတ်ပြားပြုလုပ်ခြင်းလုပ်ငန်းကို စတင်လိုက်ပြီး ယမန်နေ့ ဇွန်လ ၁၇ ရက်နေ့တွင် ကတ်ပြားပေးအပ်ပွဲ ပြုလုပ်ခဲ့သည်။
သက်သေခံ ကတ်ပြားပြုလုပ်ခြင်းလုပ်ငန်းစဉ်ကို ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့က စမ်းသပ် ကာလ အနေဖြင့် စတင်ခဲ့ပြီးနောက်ပိုင်း ယခုလို တရားဝင် ကတ်ပြားပေးအပ်ပွဲ အခမ်းအနားအနေဖြင့် ဒုက္ခသည် ၃၀၀ ကို ကတ်ပြာထုတ်ပေးခဲ့သည်ဟု စခန်းတွင်းနေထိုင်သူတစ်ဦးက ယခုလို...
ဇွန် (၁၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မွန်နှင့် ကရင်ဒေသများတွင် ပြီးခဲ့သည့်မေလ တစ်လတာအတွင်း တရားခံမပေါ်သောသတ်ဖြတ်မှုနှင့် စစ်အုပ်စု၏လေကြောင်းတိုက်ခိုက်မှု၊ မိုင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခံရမှုတို့ကြောင့် ကလေးငယ်များအပါအဝင် အရပ်သား (၂၁) ဦး သေဆုံးပြီး (၁၆)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လဂွန်းအိမ်အဖွဲ့ကထုတ်ဝေသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှု အစီရင်ခံစာအရ သိရသည်။
ဇွန်လ(၁၂)ရက်နေ့ကထုတ်ထားသည့် အဆိုပါအစီရင်ခံစာတွင် မွန်နှင့်ကရင်လူမျိုးများနေထိုင်ရာ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ဘီးလင်း၊ ဖားအံ၊ ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့နယ်တို့တွင် မေလအတွင်း ကျူးလွန်သူ မည်သူမည်ဝါဖြစ်ကြောင်း မသိရှိရသော...
ဇွန်လ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဖားအံ-မော်လမြိုင်လမ်းပိုင်းရှိ ခရုံဂူအနီး အခြေစိုက်ထားသည့် စစ်အုပ်စုဂိတ်သည် ပြီးခဲ့သည့် နှစ်ပိုင်းမှစ၍ အသွားအလာပြည်သူများထံမှ အကြောင်းအမျိုးမျိုးပြ၍ ငွေညှစ်တောင်းခံမှုများ ပိုမိုပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ လမ်းပိုင်းတွင် အာဏာသိမ်းစစ်အုပ်စုတပ်၏ စစ်ဆေးရေးဂိတ် ၃ ခု ထက်မနည်းရှိကာ တရနာစံပြ ကျေးရွာရှိ ခရုံဂူအထွက် စစ်ဆေးရေးဂိတ်၌ လူငယ်များကို မှတ်ပုံတင်စစ်ဆေးခြင်း၊ မှတ်ပုံတင်မပါရှိသူများထံမှ ငွေကြေးတောင်းခံခြင်းအပြင် ခရီးသွား အများပြည်သူထံမှ ဖုန်းစစ်ဆေးခြင်းများ အလွန်အမင်း ပြုလုပ်နေကြောင်း ထိုလမ်းပိုင်းတွင် သွားလာသည့်...















